Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ဒေသခံကရင်အရပ်ဖက်လူမှုရေးရာ အဖွဲ့ နှင့် မုန်းမြို့နယ် ကျန်းမာရေးကော်မတီတို့ မှ တိမ်းရှောင်နေရသူများအတွက် လိုအပ်သည့်စားနပ်ရိက္ခာအချို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ပြုလုပ်ပေးခြင်း


ဇူလိုင်လ (၇) ရက်၊၂၀၂၂ ခုနှစ်
ကေအဲန်ယူ-ဗဟို

ပြီးခဲ့သည့် ဇူလိုင်လ (၅) ရက်နေ့တွင် ကေအဲန်ယူ-မုန်းမြို့နယ် နှင့်ကျောက်ကြီးမြို့နယ်အတွင်းရှိ တိမ်းရှောင်နေရသူများကို ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့နှင့် ကေအဲန်ယူ-မုန်းမြို့နယ် ကျန်းမာရေးကော်မတီအဖွဲ့တို့မှ စားနပ်ရိက္ခာအချို့နှင့်ဆေးဝါး စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ပြုလုပ် ​ပေးခဲ့ကြသည်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် နှင့် ကျောက်ကြီးမြို့နယ်တို့၏စီမံအုပ်ချုပ်မှုနယ် မြေ အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ တပ်အင်အားတို့းချဲ့မှုနှင့် အတူ တိုက်ပွဲများပြင်း ထန်လျက်ရှိသည့်အပြင် တစ်ဖက်တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တိမ်းရှောင်နေရသည့် အများစုမှာ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ် ကြပြီး လက်ရှိတွင် စားနပ်ရိက္ခာပြဿနာနှင့် မိုးရာသီကာလဖြစ်သည့်အတွက် ကျန်းမာရေး ဆိုင်ရာ အခက်အခဲပြဿနာများနှင့် ကြုံတွေ့နေရလျက်ရှိသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်းရှိ ပြည်သူ များကို ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့နှင့် မုန်းမြို့နယ် ကျန်းမာရေးကော်မတီအဖွဲ့တို့မှ သွားရောက်ကာ စားနပ်ရိက္ခာအချို့နှင့် လိုအပ်သည့် ဆေးဝါးစသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေး ခဲ့သည်။

ယင်းသို့ စစ်ရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအားဖြင့်ပါဝင်ကူညီလှူဒါန်းကြ သော လူတစ်ဉီးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း လည်း မြို့နယ်ကျန်းမာရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးကဆိုပါသည်။