Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ညောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီ (BGF) တပ်မှ စခန်းတိုးချဲ့တည်ဆောက်ရန် သစ်လုံးများ အဓမ္မတောင်းယူ


၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ရက်၊ ကေအဲန်ယူ-ဗဟို
ဇူလိုင်လ (၁၇) ရက်နေ့က ကေအဲန်ယူ-ဖားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာအတွင်း တပ်စွဲထားသော (BGF ၁၀၁၄) လက်အောက်ခံ တပ်မှ စခန်းတိုးချဲ့တည်ဆောက်ရန်အတွက် လိုအပ်သော သစ်လုံးများကို ကျုံမသွယ်ကျေးနယ်အုပ်စုရှိ ဘန့်ဘွေးကုန်း၊ ရွှေလူနှင့် တော်သလေးခို ကျေးရွာများရှိ ပြည်သူများထံ အဓမ္မတောင်းယူခဲ့သည်။

ဇူလိုင်လ (၁၇) ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ (BGF ၁၀၁၄) တပ်သည် ဘန့်ဘွေးကုန်း၊ ရွှေလူနှင့် တော်သလေးခို ကျေးရွာပြည်သူများမှ (၂) ထွာပတ်လည်နှင့် အရှည် (၆) တောင်ရှိ သောသစ်လုံးများကို တစ်အိမ် လျှင် သစ်တစ်လုံး ၎င်းတို့ကိုပေးရန် တောင်းယူခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ညောင်ကုန်း (BGF) ဂိတ်မှ ကေအဲန်ယူဖားအံမြို့နယ်အတွင်းရှိဒေသခံလူထုထံ သစ်၊ ဝါးများ အဓမ္မတောင်းယူခြင်းသည် ပထမဆုံးအကြိမ်မဟုတ်တော့ပဲ (၂၀၂၁) ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့ တွင် (၁) ကြိမ်၊ (၂၀၂၂) ခုနှစ် မတ်လ (၃) ရက်နေ့တွင် ၁ ကြိမ်၊ (၂၀၂၂) ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် (၁)ကြိမ် စုစုပေါင်း (၄) ကြိမ်ရှိပြီးဖြစ်သည်။

ရွာသားများ မှာ စားနပ်ရိက္ခာနှင့် ကုန်ဈေးနှုန်းများ စျေးတက်နေ၍ စားဝတ်နေရေး ခက်ခဲနေသော်လည်း (BGF)များကို ကြောက်ရသဖြင့် ခိုင်းသည့်အတိုင်း ဇူလိုင်လ (၁၈) ရက်နေ့တွင် ၎င်းတို့ တောင်း သော သစ်များကို ပို့ပေးခဲ့ရသည်။

စစ်ကောင်စီလက်အောက်ခံ (BGF-၁၀၁၄) လက်အောက်ခံ တပ်ဖွဲ့များသည် ဖားအံမြို့နယ်အတွင်းရှိ ပြည်သူများအား အမျိုးမျိုးခြိမ်းခြောက်ခြင်း၊ အတင်းအဓမခိုင်းစေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ ပြုလုပ်လာသည်မှာ တစ်နေ့တစ်ခြား များလာလျှက်ရှိသည်ဟု ကေအဲန်ယူ- ဘားအံမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူမှ ပြောသည်။