Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ဒေသခံပြည်သူလူထုများကို ဖမ်းဆီးပြီး ရိုက်နှက်၊ ထိုးကြိတ်


ဩဂုတ်လ(၁၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။
၂၀၂၂ ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ ကေအဲန်ယူ - ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထု(၂)ဦးကို ဖမ်းဆီးခဲ့ပါသည်။ ထိုဖမ်းဆီးခံရသည့် ဒေသခံပြည်သူလူထု (၂)ဦးမှာ အသက်(၄၀)နှစ်ရှိသူ အောင်းလောင်းစိန်ကျေးရွာသား စောသဂေနှင့် အသက်(၁၇)နှစ်ရှိသူ နောင်ဘိုကျေးရွာသား စောတာအယ်မူတို့ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် စောသဂေ ကို ရိုက်နှက်၊ ထိုးကြိတ်သည့်အပြင် စောသဂေ၏ ငွေ(၃)သောင်းကျပ်ကိုလည်း သိမ်းယူသွားခဲ့ပြီး ညနေ(၂)နာရီအချိန်တွင် (၂)ဦးစလုံးကို ပြန်လွတ်‌ပေးခဲ့ပါသည်။
ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ညနေ(၆)နာရီအချိန်တွင် အသက်(၃၉)နှစ်ရှိသူ ဥသျှစ်ခင်ကျေးရွာသား မြင့်စိုးဦးကို ဖမ်းဆီးခဲ့ပြီး ယခုအချိန်အထိ ပြန်မလွတ်ပေးခြင်းမရှိသေးပေ။ ထို့နောက်အာဏာသိမ်းစစ်ကောင်စီ၏တပ်များသည် ဥသျှစ်ခင်ကျေးရွာအရှေ့ဘက်ရှိ ဒေသခံပြည်သူလူထုများ အလုပ် လုပ်ကိုင်စားသောက်ရန်တွင် သွားလာရေးအတွက် ဆောက်လုပ်ထားသော တံတားကိုချိုးဖျက်ခဲ့ပါသည်။
ယခုအခါ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် ကေအဲန်ယူ - မုန်းမြို့နယ် ငလောက်တက်ကျေးရွာနှင့် သူဌေးကုန်းကျေးရွာ အတွင်းတွင် စခန်းချပြီး နေရာယူခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒေသခံပြည်သူလူထုများကို ခြောက်လှန့်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိုးကြိတ်၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ထို့ကြောင့် ဒေသခံကျေးရွာပြည်သူလူထုများသည် မိမိတို့ လုပ်ကိုင်စားသောက်ရာနေရာများ၊ ကျွဲနွားတိရိစ္ဆာန်များနှင့် အိမ်မွေးတိရိစ္ဆာများကို ထားရစ်ခဲ့ကာ အသက်‌ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရပြီး မပြန်ရဲကြသောကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်သူလူထု၏ ကျွဲနွားများနှင့် အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းဆီး သတ်စား ပစ်ခဲ့ကြပါသည်။
ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်သူလူထုများသည် အစားအသောက် အစာ‌ရေစာ ဖူလုံမှုမရှိခြင်း၊ ရောဂါဘယထူပြောခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ သောကြောင့် ကေအဲန်ယူ-မုန်းမြို့နယ်ရှိ ခေါင်းဆောင်များမှ ထိုထွက်‌ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခြင်း၊ လိုအပ်သည့် ဆေးဝါးရိက္ခာများနှင့် အခြေခံစား သောက် ကုန်များကို ကူညီပေးအပ်ခဲ့ကြပါသည်။