Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲစာရင်းချုပ်


ဇန်နဝါရီလ (၁၈) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် အတွင်း မိမိတို့၏နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ် (စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲ နှင့် ဒရုန်းစစ်ဆင်ရေး) စုစုပေါင်း (၄,၆၂၃) ကြိမ်ထပ်မနည်းဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲ (၄,၆၂၃) ကြိမ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှာ အရာရှိအရာခံအပါ အဝင် တပ်သား စုစုပေါင်း ((၅,၀၀၅) သေဆုံး ပြီး (၃,၃၄၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၁၅၄) ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး (၅၉၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲများအတွင်း အဘက်ဘက်မှ ရှုံးနိမ့်လာရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လည်း ပြည်သူလူထုများအား အညှိုးကြီးစွာရန်သူသ ဖွယ် ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမျိုးမျိုးသော အကြမ်းဖက် လုပ်ရပ်များကို တစ်နေ့တစ် ခြား တိုးမြှင့်လုပ်ဆောင်လာသည့်အတွက် ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူ (၇၅၁,၆၆၉) ဦးအထိရှိလာပြီဖြစ်သည်။