Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ကေအဲန်ယူမှ နှစ်ဖက်ညှိနှိုင်းခြင်းမရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား မလုပ်ဆောင်ရန် အသိပေးစာပို့ပေးခဲ့သော်လည်း ငြိမ်းချမ်းကုမ္မဏီမှ ဒေသခံများအား လိမ်လည်လက်မှတ်ရေးထိုးစေပြီး အစိုးရ အစီအစဉ်အရ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ ညောင်လေးပင်ခရိုင်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျွဲတလင်းကျင်းရွာအုပ်စု၊ ကျွဲတ လင်းကျေးရွာတွင် ငြိမ်းချမ်းကုမ္မဏီမှ အစိုးရအစီအစဉ်ဖြင့် စာကြည့်တိုက်ဆောက်လုပ်ရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အရ ကျေးရွာအုပ်စုမှူး၊ ကျောင်းကော်မတီများနှင့် ရပ်မိရပ်ဖများကို ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီးပြီဟု လိမ်လည်ပြောဆိုကာ လက်မှတ်ရေးထိုး ခိုင်းခဲ့သည်။ ထို့နောက် ငြိမ်းချမ်းကုမ္မဏီမှ လိမ်လည်ပြီးရေးထိုးခိုင်းထားသော လက်မှတ်များပါရှိသည့် လျှောက်လွှာအား ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်ရုံးသို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် တင်ပြခဲ့သည်။
စာကြည့်တိုက်ဆောက်လုပ်ပေးမည့် အလုပ်သမားများ ရောက်ရှိလာသောအချိန်တွင် ကျွဲတလင်းကျေးရွာဥက္ကဌ စောဖိုးဒါး မှ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အရ ကေအဲန်ယူ ခေါင်းဆောင်များနှင့်ဆွေး နွေးရန် ကုမ္မဏီ အား အသိပေးခဲ့သည်။ ထို့နောက် နောက်တစ်ကြိမ်ရောက်ရှိလာပြီး အထက်တာဝန်ရှိသူများက ကေအဲန် ယူခေါင်းဆောင်များကို ဖုန်းဖြင့်အသိပေး အကြောင်းကြားပြီးဖြစ်သည်ဟု ပြောသဖြင့် ကျေးရွာတာဝန်ရှိသူများက ယုံကြည်ပြီး ၎င်းတို့ယူဆောင်လာသော အာမခံစာရွက်ပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ နောက်ပိုင်း ဤအရာသည် လိမ်ညာမူသာ ဖြစ်သည်ဟု သိရသောအခါ ကျေးရွာဥက္ကဌမှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကေအဲန်ယူ- ကျောက်ကြီးမြို့နယ် တာဝန်ရှိခေါင်းဆောင်များကို အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့သည်။
၎င်းကုမ္မဏီသည် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ချုပ်ဆိုထားသော တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အား အလေးမထားဘဲ၊ စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ လုပ်ရပ်များဖြင့် ကရင်လူထုနှင့် ကေအဲန်ယူ အကြား လက်တစ်လုံးကြားလိမ်လည်ကာ ကျောက်ကြီးမြို့နယ်အတွင်း ဖွ့ွံဖြိုးရေးလုပ်ငန်း လုပ်ကိုင်နေခြင်း ဖြစ်သည်။
"အစိုးရက ဒီကိစ္စကို NCA အရ ညှိနှိုင်းဆွေးနွေးမှုမလုပ်ဘဲနဲ့ NCA နားမလည်တဲ့ ကုမ္မဏီတွေကို သူကလုပ်ခိုင်းလိုက် တယ်။ တရားဝင်စာပေးပြီးတော့ မလုပ်ပါနဲ့လို့ ရပ်ခိုင်းတာတောင်မှ မလိမ့်တစ်ပတ်လုပ်တယ်ဆိုကတည်းက အစိုးရက အကြံပေးလို့၊ အစိုးရပြဿနာလို့ပဲမြင်တယ်" လို့ ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ အတွင်းရေးမှူး ပဒိုစောဆာဝါးက ယခုလိုပြောသည်။
ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ကရင်လူမှုရေးရာအဖွဲ့မှလည်း ငြိမ်းချမ်းကုမ္မဏီမှ ညှိနှိုင်းမှုမရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်း ကို လုပ်ဆောင်နေမှုသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အခန်း (၆)၊ အပိုဒ် (၂၅-က၊၁) ကို ချိုးဖောက်နေကြောင်း ၎င်းတို့အနေဖြင့် NCA စာချုပ်ပါ သဘောတူညီချက်အတိုင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်အတွက် စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်ပေးရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကေအဲန်ယူ- ကျောက်ကြီးမြို့နယ်သို့ တင်ပြခဲ့သည်။
ညှိနှိုင်းခြင်းမရှိဘဲ ငြိမ်းချမ်းကုမ္မဏီမှ ဆောက်လုပ်နေသော အဆောက်အအုံကို ရပ်ဆိုင်းပါရန်နှင့် မရပ်ဆိုင်းပါက ပြည်သူ လူထုလိုအပ်ချက်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အကောင်အထည်ဖော်မှုအပေါ် သက်ရောက်လာမည့် အကျိုးဆက်အား ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်မှ တာဝန်ယူမည်မဟုတ်ကြောင်း စာအမှတ် ၁၇၆/၇/နရ၊ ၁၊၁၂၊၂၀၂၀ ရက်စွဲပါအသိပေးအကြောင်းကြားစာအား ၎င်းကုမ္မဏီသို့ ပေးပို့ခဲ့သည်။
"ယခုအခါတွင် ငြိမ်းချမ်းရေးကုမ္မဏီမှ ဆောက်လုပ်ရေးလုပ်ငန်းများအား ဦးဆောင်လုပ်ကိုင်သူ ဦးကိုထွေးအား ကေအဲန် ယူ-ကျောက်ကြီးမြို့နယ်ရုံးတွင် ခေါ်ယူဆွေးနွေးပြီး၊ ထိုသို့ခေါ်ယူဆွေးနွေးခြင်းမှာ NCA သဘောတူစာချုပ်ပါ နှစ်ဖက်လိုက် နာရမည့် အကြောင်းအရာများကို နားလည်သဘောပေါက်လာသည်အထိ ဦးကိုထွေးအား လေ့လာသင်ယူစေလို၍ ဖြစ် သည်" ဟု ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် တာဝန်ရှိသူများက ပြောသည်။