Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၌ ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ) ကျင်းပ


ဩဂုတ်လ (၂၀) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ မော်ပယ်ခို့ကျေးရွာ၌ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားကို ‌ဩဂုတ်လ ၂၀ရက် နံနက်(၇)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအစီအစဉ်အရ ကရင့်အမျိုးသားအလံတော်နှင့် တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးခဲ့ရသော ကရင်အမျိုးသားအာဇာနည် သူရဲကောင်း ရဲဘော်များနှင့်ပြည်သူများကို တက်ရောက်လာ‌သော ခေါင်းဆောင်များ၊ ပြည်သူလူထုများက ဂါရဝအလေးပြုခဲ့ကြသည်။ ဆက်လက်၍ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူ ဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)ကျင်းပရေးကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်ပယ်ခို့ဆရာတော်မှလည်း ဩဝါဒမိန့်ကြားခဲ့သည်။ ဆက်လက်ပြီး အမှတ်(၁) တပ်မဟာ (၇)/ ဖားအံ ခရိုင် အထက်တန်းကျောင်း ကျောင်းအုပ်ကြီးက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)သို့ ပေးပို့‌သောသဝဏ်လွှာကို ဖတ်ကြားခြင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အ‌ထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းမှ ကရင့်ရိုးရာလက်ချည်ပွဲဖြစ်ပေါ်လာပုံအား ‌ပြောကြားခြင်း၊ ဖားအံခရိုင် ကရင် အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဌ နော်အဲ့စေးမှ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) တွင် ပါဝင်သော အသုံးအဆောင်ပစ္စည်း(၇)မျိုး၏အဓိပ္ပါယ်ကို ရှင်းလင်းပြောကြားခဲ့သည်။ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒို၊ ဖားအံခရိုင် ခရိုင်တရားသူကြီးချုပ် ပဒိုမန်းပန်းသီတို့မှ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားအပေါ် အသီး အသီးဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။ ကရင်အမျိုးသားအာဇာနည်သူရဲကောင်း ရဲဘော်များနှင့်ပြည်သူများကို တက်ရောက်လာ‌သော ခေါင်းဆောင်များ၊ ပြည်သူလူထုများက ဂါရဝအ လေး ပြုခဲ့ကြသည်။ ဆက်လက်၍ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)ကျင်းပရေးကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်ပယ်ခို့ဆရာတော်မှလည်း ဩဝါဒမိန့်ကြားခဲ့သည်။ ဆက်လက်ပြီး အမှတ်(၁) တပ်မဟာ(၇)/ဖားအံခရိုင်အထက်တန်းကျောင်း ကျောင်းအုပ်ကြီးက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)သို့ ပေးပို့‌သောသဝဏ်လွှာကို ဖတ်ကြားခြင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တွဲဖက်အ‌ထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းမှ ကရင့်ရိုး ရာလက်ချည်ပွဲဖြစ်ပေါ်လာပုံအား ‌ပြောကြားခြင်း၊ ဖားအံခရိုင် ကရင်အမျိုးသမီးအစည်းအရုံး(KWO)ဥက္ကဌ နော်အဲ့စေးမှ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)တွင် ပါဝင်သော အသုံးအ ဆောင်ပစ္စည်း(၇)မျိုး၏အဓိပ္ပါယ်ကို ရှင်းလင်းပြောကြားခဲ့သည်။ တပ်မဟာ(၇)တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖောဒို၊ ဖားအံခရိုင် ခရိုင်တရားသူကြီးချုပ် ပဒိုမန်းပန်းသီတို့မှ ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ)အခမ်းအနားအပေါ် အသီးအသီးဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဖားအံခရိုင်၊ ပညာရေးနှင့်ယဉ်ကျေးမှုဌာနမှ ဌာနမှူးပဒိုစောဖလယ်ထူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့်ရုပ်သိမ်းခဲ့သည်။ ထို့နောက် ကရင့်ရိုးရာအရ လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့်ရစ်ပတ်ချည်နှောင်ပုံအဆင့်ဆင့်ကို အခမ်းအနားအစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပြီး ကျေးရွာလူငယ်များမှ ကရင့်ရိုးရာ အကဖြင့်လည်းကောင်း၊ မျိုးဆက်သစ်ကျောင်းမှ‌ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံအဆိုရှင်များကတေးသီချင်းများဖြင့် အသီးသီးဖျော်ဖြေတင်ဆက်ခဲ့သည်။ အဆိုပါအခမ်း အနားတွင် ဖားအံခရိုစည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါးနှင့်ဆရာစောကီးဒိုတို့မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ တပ်မဟာ တပ်ရင်းခေါင်းဆောင်များ၊ ခရိုင်ခေါင်းဆောင်များ၊ မော်ပယ်ခို့အနီးတစ်ဝိုက်မှ ‌ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အပါအဝင် စုစုပေါင်း (၁၅၀၀)ဦးဝန်းကျင် တက်ရောက်ခဲ့သည်။