Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဖာအံခရိုင် မော်ပယ်ခို့ကျေးရွာတွင် (၂) ကြိမ်မြောက် ကျေးရွာကော်မတီအသစ်ရွေးကောက်တင်မြှောက်


စက်တင်ဘာလ (၂) ရက်၊ ၂၀၂၂ ခုနှစ် ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဖားအံခရိုင်၊ မော်ပယ်ခို့ကျေးရွာတွင် (၂) ကြိမ်မြောက်ကျေးရွာကော်မတီအသစ် ရွေးကောက်တင်မြှောက်ခြင်းကို စက်တင်ဘာလ (၂) ရက်နေ့၌ အမှတ် (၁) ဖားအံခရိုင် တပ်မဟာ (၇) အထက်တန်းကျောင်းခန်းမတွင်‌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကျေးရွာကော်မတီဖွဲ့စည်းပုံအတိုင်း အဆင့်ဆင့်ပြုလုပ် ခဲ့သည်။

အစီအစဉ်အရ တက်ရောက်လာသောခေါင်းဆောင်များနှင့် ကျေးရွာလူထုများက ကရင်အမျိုးသားအလံတော်ကိုအလေးပြုခဲ့ပြီး ပဒိုစောလေးတောမှ ကျေးရွာ‌ကော်မတီအသစ် ရွေးကောက် ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖားအံခရိုင်၊ ခရိုင်တရားသူကြီးချုပ် ပဒိုမန်းပန်းသီမှ ကျေးရွာကော်မတီ အ‌ခြေခံဖွဲ့စည်းပုံကိုလည်းကောင်း၊ ဖားအံခရိုင် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါးမှ အားပေးစကားပြောကြားခြင်း၊ မော်ပယ်ခို့ကျေးရွာဥက္ကဌမှ (၂) နှစ် လုပ်ငန်းဆောင်ရွက်မှု အ‌ခြေအ‌နေများများကို အပြန်အလှန် သုံးသပ်တင်ပြခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသောကျေးရွာလူထုကိုယ်စားလှယ်များမှ ယာယီအမြဲတမ်းကော်မတီဝင် (၂၀) ဦးကို အဆိုတင်သွင်းခဲ့ပြီး ၎င်းယာယီအမြဲတမ်းကော်မတီဝင် (၂၀) ဦး ထဲမှ ကျေးရွာအမြဲတမ်းကော်မတီဝင် (၁၅) ဦးကို လျှို့ဝှက်မဲဖြင့်ရွေး‌ကောက်တင်မြှောက်ခဲ့သည်။

၎င်း‌ကျေးရွာအမြဲတမ်းကော်မတီဝင် (၁၅) ဦးထဲမှ ကျေးရွာဥက္ကဌ၊ ကျေးရွာအတွင်းရေးမှူး၊ ကျေးရွာတရားသူကြီးတို့ကို လျှို့ဝှက်မဲစနစ်ဖြင့် အဆင့်ဆင့်ရွေးချယ်တင်မြောက်ခဲ့ပြီး လုံခြုံရေး တာဝန်ခံ၊ ဘဏ္ဍာရေးတာဝန်ခံ၊ လူမှုရေးတာဝန်ခံ၊ စည်းရုံးရေးတာဝန်ခံ၊ ပညာရေးတာဝန်ခံ၊ သယ်ပို့/ဆက်သွယ်ရေးတာဝန်ခံနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ တာဝန်ခံတို့ကို ပြောင်ရွှေးစနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့သည်။

၎င်းနောက် ရွေးကောက်ခြင်းခံရသော ကျေးရွာကော်မတီဝင်များသည် ကျေးရွာလူထုကိုယ်စားလှယ်များ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင်က ၎င်းတို့ အား အာဏာလွှဲပြောင်းအပ်နှင်းခဲ့သည်။

ထို့နောက် အသစ်တက်လာသောကျေးရွာကော်မတီဝင်များမှ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း အဆင့်ဆင့်ဆက်လက်ကျင်းပပြုလုပ်ပြီး ကျေးရွာ‌ကော်မတီအသစ် ရွေးကောက်တင် မြှောက်ခြင်း အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့်ရုတ်သိမ်းခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ကျေးရွာကော်မတီအသစ်ရွေးကောက်တင်မြှောက်ခြင်းအခမ်းအနားတွင် ခရိုင်ရဲမှူးကြီး၊ တပ်မဟာ(၇) တပ်ရင်း (၂၁) တပ်ရင်းမှူး၊ ဖားအံခရိုင် ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဌအပါအဝင် မော်ပယ်ခို့ကျေးရွာကိုယ်စားလှယ် (၁၁၅) ဦး တက်ရောက်ခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအခြေခံဖွဲ့စည်းပုံအရ ကျေးရွာကော်မတီ၏ သက် တမ်းသည် (၂) နှစ်ဖြစ်သည်။