Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကေအဲန်ယူ−ဖားအံခရိုင် တာဝန်ရှိသူများနှင့် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P)တို့မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ဆုံပြီး လိုအပ်သည်များကိုထောက်ပံ့ကူညီ


သြဂုတ်လ (၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ (၇)၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့၌ ကေအဲန်ယူ−ဖားအံခရိုင် တာဝန်ရှိသူများနှင့် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (C.I.D.K.P)တို့မှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ဆုံပြီး စစ်ဘေးရှောင်လပြည်သူ (၃၇၀၀) ကျော် အခြေခံ စားသောက်ကုန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ ထောက်ပံ့ကူညီခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် CIDKP(ဗဟို) ဥက္ကဌ၊ တပ်မဟာ၇ဗျူဟာမှူး စောဒိကွယ်ထူး၊ ဖားအံခရိုင် တွဲဖက် အတွင်းရေးမှူး ပဒိုစောဂေထူးနှင့် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါးအပါအဝင် ခရိုင် နှင့် တပ်မဟာတာဝန်ရှိသူများ၊ စခန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မိုးတွင်းကာလ စစ်ဘေးရှောင် ပြည်သူများစခန်းတွင်းရင်ဆိုင်ကြုံတွေ့ရသည့်ပြသနာ၊ အခက်အခဲများကို အပြန်အလှန်မေးမြန်းခဲ့သည်။


သတင်းအရင်းအမြစ်− ဖားအံခရိုင်−သတင်းနှင့်ပြန်ကြားရေး။