Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကေအဲန်ယူ-ဒူးသထူခရိုင်တွင် ထီးသိုးခီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော သတ်မှတ်အတည်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်


ဇူလိုင်လ ၂၉ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ် နယ်မြေ၊ ဒူးသထူခရိုင် တပ်မဟာ (၁)၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အကြားရှိ ထီးသိုးခီး သစ်တောနယ်မြေအား တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်အတည်ပြုခြင်း အခမ်း အနား ကို ကေအဲန်ယူ−ဒူးသထူခရိုင်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ထီးသိုးခီးတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော နယ်မြေသတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ -
၁။ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်၊ ရှားပါးမှုနှင့် မျိုးသုဥ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်များကို ကာကွယ်ရန်။
၂။ ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေတွင် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ပျက်စီး စေသည့် အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများကို ဟန့်တားရန် တို့ဖြစ်သည်။

ထီးသိုးခီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော နယ်မြေသတ်မှတ်အတည်ပြုခြင်းအခမ်းအနားသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ ဗဟို၊ ခရိုင်၊ မြို့နယ် ခေါင်းဆောင်များ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ တပ်ရင်းအကြီးအကဲများ၊ ဘေးမဲ့တောအတွင်းရှိ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်မှုရှိစေရန် ဖြစ်ပေါ် လာမည့် ပဋိပက္ခနှင့် ပြဿနာ များကို ဖြရှင်းနိုင်ရန် ဖွဲ့စည်းထားသော ထီးသိုးခီးဘေးမဲ့တော ကော်မတီအဖွဲ့ဝင်များ၊ ကရင်တောရိုင်း တိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ KESAN အဖွဲ့ဝင်များ၊ မြို့နယ်အသီးသီးမှ ကျေးရွာ ပိုင်သစ်တော ကော်မတီဝင်များ စုစုပေါင်း လူဦးရေ (၁၅၀)ကျော် တက်ရောက်ခဲ့ကြသည်။

ကော်သူးလေသစ်တောဌာနတွင် သဘာဝဇီဝမျိုးကွဲ ထိန်းသိမ်းရေးအတွက် မူဝါဒများရှိသည့် အားလျှော်စွာ ဒူးသထူခရိုင်သည် ၂၀၁၇ ခုနှစ်မှစ၍ ထီးသိုးခီးသစ်တောနယ်မြေတွင် သုတေသီန စတင်လုပ်ဆောင်ခဲ့ပြီး၊ ဒေသခံ လူထုနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ကော်မတီဖွဲ့စည်းခြင်းများပြုလုပ်ခဲ့ပြီး ဘေးမဲ့တော သတ်မှတ်အတည်ပြုရန်အစီအစဥ်များ ချမှတ်ရေးဆွဲခဲ့သော်လည်း အခြေနေအရပ်ရပ်ကြောင့် အတည် ပြုနိုင်ခြင်းမရှိခဲ့ဘဲ ယခု ၂၀၂၃ ခုနှစ်မှ အတည်ပြုသတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်းအရင်းအမြစ်− ဒူးသထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။