Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

တပ်မဟာ (၆)၊ KNDO တပ်ရင်း (၆) မှ (၇၆) နှစ်မြောက် KNDO−ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနားအား ကျင်းပပြုလုပ်


ဇူလိုင်လ (၁၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့နေ့ အခမ်းအနားကို ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ KNDO တပ်ရင်း (၆) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ မြို့နယ်တာဝန်ရှိ ခေါင်းဆောင်များ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ မှ တပ်ရင်းမှူး နှင့် တပ်ဗိုလ်၊ တပ်မှူးများ၊ ကျေးရွာ အုပ်စုမှူးများ၊ ဒေသခံပြည်သူလူထုများ နှင့် ကျောင်းသူ ကျောင်းသား စုစုပေါင်း (၁၀၀) ဦး ဝန်းကျင်ခန့် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနားတွင် အစီအစဥ်များအား ဖတ်ကြားခြင်း၊ ကရင်အမျိုးသား အလံတော်အား အလေးပြုခြင်း၊ သဘာပတိ မှ အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ KNU ဗဟိုဌာနချုပ် နှင့် KNDO ဗဟိုဌာနချုပ် မှ ပေးပို့လာသော KNDO နေ့ သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ KNDO−ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် နှင့် တပ်ရင်း တာဝန်ရှိခေါင်းဆောင်များ မှ အားပေးစကားပြောကြားခြင်း၊ သဘာပတိ မှ ရှေ့ဆောင်လမ်းညွန်မှု နှင့် အမှာစကားများအား ပြောကြား ခဲ့ပြီး ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

မိမိတို့ကရင်အမျိုးသားများ၏ သမိုင်းတစ်လျှောက်တွင် သမိုင်းကြောင်းအရ အတွေ့အကြုံများ၊ အခက် အခဲများနှင့် ရည်မှန်းချက်များကို ပြီးပြည့်စုံစေရန်အတွက် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး အား ဖွဲ့စည်းတည်ထောင်ပြီး ကရင်အမျိုးသားများကို ကိုယ်စားပြုလျှက် နိုင်ငံရေးအရ ဦးဆောင်ကာ ကရင်ပြည် ရရှိရေးနှင့် ကရင်အမျိုးသားများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင် လျှက်ရှိပါသည်။ ထို့အပြင် ကရင်အမျိုး သားများ၏ ကြိုးပမ်းမှုများသည် နောင်တစ်ချိန်တွင် တင်းမာမှု များ ပိုမိုကြီးထွားလာပြီး လက်နက်ကိုင် ပဋိပက္ခ အသွင်သို့ရောက်ရှိနိုင်ကြောင်းကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များတို့သည် အနာဂါတ်ကို ကြိုးတွေးကြိုမြင်ပြီး မိမိတို့ ကရင် အမျိုးသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးအား ကာကွယ်နိုင်ရန် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ကို ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

ဤအကြောင်းအရာနှင့် မှတ်တမ်းဓာတ်ပုံများမှာ ကေအဲန်ယူ−တပ်မဟာ (၆) KNDO -တပ်ရင်း (၆) မှ ပေးပို့ထားခြင်း ဖြစ်ပါသည်။


သတင်းအရင်းအမြစ်− ဒူးပလာယာခရိုင်−သတင်းနှင့် ပြန်ကြားရေး။