Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

(၂) ကြိမ်မြောက် လှိုင်းဘွဲမြို့နယ် ကရင်လူငယ် အစည်းအရုံး(KYO) ကွန်ဂရက် ကျင်းပပြီးစီး

ဧပြီလ (၂၇) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ၏ (၂) ကြိမ် မြောက် ကရင်လူငယ်အစည်းအရုံး ကွန်ဂရက် ကို ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်နေ့တွင် တရီဖိုးကွီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။ လှိုင်းဘွဲမြို့နယ် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူးမှ ကရင်လူငယ်အစည်းအရုံးမှ ကွန်ဂရက် ပြုလုပ် ရသည့် ရည်ရွယ်ချက်နှင့် ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူးမှ ရွေးကောက်ပွဲစနစ်၊ စည်း မျဉ်း စည်းကမ်းများအား ရှင်းပြခဲ့သည်။

ကွန်ဂရက်တက်ရောက်လာသည့် လူငယ်ကိုယ်စားလှယ်များမှ ရွေးကောက်ပွဲကော်မရှင် (၅)ဦးကို အဆို တင်သွင်းသူ (၁)ဦး၊ ထောက်ခံသူ (၂)ဦးစနစ်ဖြင့် ရွေးချယ်ခဲ့သည်။ ရွေးကောက်တင်မြှောက်ခံရသည့် ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကိုဆက်လက်ဦးဆောင်ပြီး လူငယ်ကိုယ်စားလှယ်များမှလည်း လှိုင်းဘွဲမြို့နယ် ကရင်လူငယ်အစည်းအရုံး အလုပ်အမှုဆောင် ကော်မတီဝင် (၇)ဦးကို လျှို့ဝှက်စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခဲ့သည်။

၎င်းအလုပ်အမှုဆောင်ကော်မတီ (၇)ဦးထဲမှ ဥက္ကဌနှင့်အတွင်းရေးမှူးကို လျှို့ဝှက်မဲစနစ်ဖြင့် ဆက်လက် ရွေးချယ်ခဲ့ပြီး ကျန်ရှိသည့် ကော်မတီဝင် (၅)ဦးကို စည်းရုံးရေးနှင့်ပြန်ကြားရေးတာဝန်ခံ၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ၊ လူမှုရေးတာဝန်ခံ၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ် တာဝန်ခံတို့ကို အသီးသီးပေးအပ်ခဲ့သည်။ ရွေးကောက်တင်မြှောက်ခံရသည့် ကော်မတီဝင်အသစ်များကို သစ္စာ၊ အဓိဌာန်ပြုပြီး ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် လူငယ်ကိုယ်စားလှယ်များနှင့် ကော်မတီဝင်တို့မှ ရှေ့လုပ်ငန်းစဉ်များ အားရေးဆွဲ ချမှတ်ခဲ့သည်။

အဆိုပါ ကွန်ဂရက်တွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၀)နီးပါးမှ လူငယ် ကိုယ်စားလှယ် (၄၆) ဦး နှင့်လေ့လာသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များအပါအဝင် လှိုင်းဘွဲမြို့နယ် တရားသူကြီးချုပ်၊ တွဲဖက်အတွင်းရေးမှူး၊ သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေး၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်အမျိုးသားရဲတပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၂၁)မှ ဒုတပ်ရင်းမှူး၊ ဖားအံခရိုင် စည်းရုံးရေးနှင့်ပြန်ကြား ရေးဌာန၊ ကရင်လူငယ်အစည်းအရုံးတို့ အသီးသီး တက်ရောက်ခဲ့သည်