Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

မြို့နယ်/တပ်ရင်း (၇) ၏ (၅) ကြိမ်မြောက် ကွန်ဂရက်ကိုကျင်းပပြုလုပ်ပြီးစီး


မေလ (၅) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိ မြို့နယ်/တပ်ရင်း (၇) ၏ (၅) ကြိမ်မြောက် ကွန်ဂရက်ကို ၂၀၂၃ ခုနှစ် ဧပြီလ (၂၄) ရက်နေ့မှ မေလ (၃) ရက်နေ့အထိ (၉) ရက် ကြာကျင်းပပြုလုပ်ခဲ့သည်။ ကွန်ဂရက်တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ လေးနှစ်တာကာလအတွင်း စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး နှင့် ပြည်သူလူထုအခြေအနေများကို ဆွေးနွေးတင်ပြခြင်းနှင့် ဌာနဆိုင်ရာ လုပ်ငန်းများ ဆွေးနွေးတင်ပြပြီး ဆုံးဖြတ်ချက်များလည်း ချမှတ်ခဲ့သည်။

ထို့နောက် မြို့နယ်အမြဲတမ်းကော်မတီ (၂၁) ဦးကို ရွေးချယ်တင်မြှောက်ပြီးနောက် မြို့နယ်ကြီး (၄) ကြီး ကို အမြဲတမ်းကော်မတီ (၂၁) ဦးထဲမှ လျို့ဝှက်မဲစနစ်ဖြင့် ပြန်လည်ရွေးကောက်ခဲ့သည်။

မြို့နယ်ဥက္ကဌအဖြစ် ပဒိုစောဖားရက်
မြို့နယ်အတွင်းရေးမှူးအဖြစ် ပဒိုစောဘလောကော်မူး
တွဲဖက်အတွင်းရေးမှူးအဖြစ် ပဒိုစောဂျူးလ်ယယ်နှင့်
တရားသူကြီးအဖြစ် ပဒိုစောဘယ်ဘွဲကျော် တို့ကို ရွေးကောက်တင်မြှောက်ခဲ့သည်။

အမြဲတမ်းကော်မတီနှင့် ကြီး(၄)ကြီးကို မဲစနစ်ဖြင့်ရွေးကောက်တင်မြှောက်ပြီး မဲကော်မရှင်အဖွဲ့မှ ၎င်းတို့ကို ကတိသစ္စပြုခိုင်းပြီးနောက် အာဏာလွဲအပ် ခဲ့သည်။ အာဏာလက်လွဲခံရသော ကြီး(၄)ကြီးမှ မြို့နယ် အလုပ် အမှုဆောင်ကော်မတီများ၊ ဌာနဆိုင်ရာခေါင်းဆောင်များ၊ မြို့နယ်အကြံပေးအရာရှိများ၊ ကြီးကြပ်ရေး ကော်မတီများ၊ ဘဏ္ဍာရေးကော်မတီများ၊ နယ်မြေမှူးများ၊ တရားစီရင်ရေးကော်မတီများ၊ မြို့နယ်ရုံးထိုင်မှူး၊ ဘဏ္ဍာရေးမှူး၊ CIDKP နှင့် KORD တာဝန်ခံ၊ ရိက္ခာမှူး စသည်တို့ကို အမြဲတမ်းကော်မတီ (၂၁) ဦးထဲမှ တာဝန်ပေး ခန့်အပ်ခဲ့သည်။ ၂၀၂၃ခုနှစ်မှ ၂၀၂၄ခုနှစ်အတွင်း ခန့်မှန်းရာထားငွေကို ချမှတ်ရာတွင် ခရိုင်မှ ချမှတ်ထားသည့် ခန့်မှန်းရာထားငွေအတိုင်းသာ ဆက်လက်လုပ်ဆောင်ရန်ဖြစ်သည်။

ထို့နောက်အခမ်းအနား အစီအစဉ်ကို ကရင်အမျိုးသားသီချင်းဖြင့် ရုပ်သိမ်းခဲ့သည်။