Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

(၇၄) နှစ် မြောက် ကော်သူးလေနေ့ အခမ်းအနားအား ဝင်းရေးမြို့နယ် နို့ဖာထောရွာတွင် စုပေါင်းကျင်းပ

ဇွန်လ (၁၄) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။

ယနေ့ ကျရောက်သည့် (၇၄) နှစ်မြောက်ကော်သူးလေနေ့ကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေးမြို့နယ် နို့ဖာထောရွာတွင် ကျေးရွာလူထုများမှ အခမ်းအနားအား စုပေါင်းကျင်းပပြုလုပ် သွားခဲ့ပါသည်။

အခမ်းအနားတွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ဗဟို၏ သဝဏ်လွှာအားဖတ်ကြားခြင်း၊ (၇၄) နှစ်ပြည့် ကော်သူးလေနေ့ အထိမ်းအမှတ်ဂုဏ်ပြု တေးသီချင်းများအား စုပေါင်းသီဆိုကြပြီး ကော်သူးလေနေ့ ဖြစ် ပေါ်လာပုံသမိုင်းအကြောင်းအရာများနှင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ တော်လှန်ရေးဖြတ်သန်းမှု သမိုင်းအကြောင်းအရာများကို ဝင်းရေးမြို့နယ် ခေါင်းဆောင်များ အသီးသီးမှ အခမ်းအနားတွင် ရှင်းလင်း ပြောကြားသွားသည်။

၁၉၄၉ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဖဆပလ အစိုးရ နှင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးတို့ကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက် ဇွန်လ (၁၄) ရက် နေ့တွင် ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံးမှ တောင်ငူမြို့တွင်အခြေစိုက်ပြီး ကော်သူးလေအစိုးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ထိုနေ့ကို အစွဲပြုပြီး နှစ်စဥ် ဇွန်လ (၁၄) ရက်နေ့ ရောက်တိုင်း ကရင်လူမျိုးများ နေရာထိုင်ရာ ဒေသ အသီးသီးတွင် ကော်သူးလေနေ့ကို စုပေါင်းကျင်းပကြသည်။

သတင်းအရင်းအမြစ်− ဒူးပလာယာခရိုင် - သတင်းနှင့်ပြန်ကြားရေး။