Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ပြည်သူများ အတွက် အခမဲ့ နယ်လှည့် မျက်စိခွဲစိတ်ကုသရေး အစီစဥ် ပြုလုပ်ပြီးစီး

ဇွန်လ (၂၀) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ (၇) အတွင်း ကေအဲန်ယူ−ဖာအံခရိုင်ဦးဆောင်မှုဖြင့် ကရင်လက်နက်ကိုင်အဖွဲ့များစည်းလုံးညီညွတ်ရေးကော်မတီ (U.C.K.A.G) ၏ အခမဲ့နယ်လှည့်မျက်စိခွဲစိတ်ကုသရေးအစီစဥ်အား ၂၀၂၃ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှ (၂၀)ရက်နေ့ အထိ (၆) ရက်တာပြုလုပ်ခဲ့သည်။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ (၇)၊ ဒုံရင်းမြို့နယ်အတွင်းရှိ နောင်သာယာကျေးရွာတွင် အခမဲ့နယ်လှည့်မျက်စိခွဲစိတ်ကုသရေးအစီစဥ်အား ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်ဧ ကိုယ်တိုင်ပါဝင်ဦးဆောင်ခဲ့ပြီး အစီအစဉ်အတွင်း မျက်စိခွဲစိတ်သူ စုစုပေါင်း (၁၅၁) ဦး နှင့် မျက်မှန်အတွက် မျက်စိဆေးခန်းလာပြသူ (၂၉၀) ဦး စုစုပေါင်း ပြည်သူ (၄၄၁) ဦးမှာ မျက်စိနှင့်ပါတ်သက်ပြီး လာရောက် ကုသမှုခံယူခဲ့သည်။

ထိုအစီစဥ်ကို ဒေါက်တာနေဆဲမှတာဝန်ယူခွဲစိတ်ဆောင်ရွက်ပေးခဲ့ပြီး ဒေါက်တာနေဆဲသည် ၂၀၀၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မျက်စိလူနာစုစုပေါင်း (၁၄၀၀၀) ကျော်အား ခွဲစိတ်ကုသပေးခဲ့သူဖြစ်သည်။ ဤအစီစဥ်ကို ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်ဧ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဒိကွယ်ထူး၊ ဖားအံခရိုင် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါးအပါအဝင် ခရိုင်/တပ်မဟာရှိ တာဝန်ရှိသူများနှင့် မြို့နယ်ရှိ တာဝန်ရှိ သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

သတင်းအရင်းအမြစ်- ဖားအံခရိုင်-သတင်းနှင့်ပြန်ကြားရေး။