Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ကေအဲန်ယူ−ဒူးသထူခရိုင်တွင် ကော်သူးလေသစ်ပင်စိုက်ပျိုးရေးနေ့ အခမ်းအနားကျင်းပြုလုပ်

ဇူလိုင်လ (၁)ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင် အတွင်း ဒူးသထူခရိုင် သစ်တောဌာနမှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ ကျရောက်သည့် ကော်သူးလေ သစ်ပင်စိုက်နေ့အား ဇူလှိုင်လ (၁)ရက်နေ့တွင် အခမ်းနားကျင်းပကာ စုပေါင်း သစ်ပင် စိုက်ပျိုးခဲ့သည်။

အခမ်းအနားအား နံနက် (၈း၀၀)နာရီတွင် စတင်ပြီး ခရိုင် သစ်တော ဌာနမှူးမှ အဖွင့်မိန့်ခွန်းပြောကြား၍ ကော်သူးလေ သစ်ပင်စိုက်ပျိုးရခြင်း၏ ရည် ရွယ်ချက်အား ဒူးသထူခရိုင် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးတာဝန်ခံမှ ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ခရိုင်ခေါင်းဆောင်များမှ တိုက် တွန်း အားပေးစကားပြောကြားခဲ့ပြီး အခမ်းနားအစီစဥ်အား နှုတ်ခွန်းဆက်သခြင်းဖြင့် ပိတ်သိမ်း ခဲ့ပြီး သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

ထိုအခမ်းအနားသို့ ဒူးသထူခရိုင်ရှိ ခရိုင်ခေါင်းဆောင်များ၊ မြို့နယ် ခေါင်းဆောင်များ၊ ဌာနအသီးသီးမှ တာဝန်ခံများ၊ KYO၊ KWO နှင့် ကျေးရွာနေ ဒေသခံများ၊ ကျောင်းသူ၊ ကျောင်းသား လူငယ်များ စုစုပေါင်း (၃၀၀)ကျော် ပါဝင်တက်ရောက်ကာ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ပြီး စုစုပေါင်း သစ်ပင် (၁၅၀၀) ပင်အား ကြိုးဝိုင်း သစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ကေအဲန်ယူ-ဒူးသထူခရိုင်တွင် သစ်ပင် စုစုပေါင်း (၈၁၀၀)ပင် စိုက်ပျိုးထားခဲ့ပြီး ဖြစ်ကြောင်းနှင့် ကော်သူးလေ သစ်ပင်စိုက်လ၊ ဇူလှိုင်လ (၁)ရက်နေ့တွင် သစ်ပင် (၂၀၀၀)ပင် ထပ်မံ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်သစ်တောဌာန အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်။

သတင်းအရင်းအမြစ်− ဒူးသထူခရိုင်−သတင်းနှင့်ပြန်ကြားရေး။