Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

လီၢ်ခၢၣ်သး

(၇၄) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ကို ကေအဲန်ယူ (ဗဟို) မှ ဦးစီးကျင်းပ ပြုလုပ်

ဇူလိုင်လ (၅) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက်ကော်သူးလေတပ်မတော်နေ့ကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင် တပ်မဟာ (၇) ဌာနချုပ်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး(ဗဟို)မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အခမ်းအနားသို့ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ထိပ်ပိုင်းခေါင်း ဆောင် များ၊ မဟာမိတ် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူလူထုစုစုပေါင်း (၄၀၀)ဦးကျော် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။ (၇၄) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ အခမ်းအနားနေ့အစီအစဥ်တွင် အခမ်းအနားမှူးအဖြစ် ပဒို နော်ရှီးဝါး နှင့် ဆရာမ နော်အယ်ဖေါဝါးတို့မှ ဦးဆောင် ခဲ့ပါသည်။

အခမ်းအနား အစီအစဥ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၂၄) ၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမိုးဇက်မှ ဦးဆောင်၍ ကရင်အမျိုးသားအလံတော် နှင့် ကျဆုံး‌လေပြီးသော ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် တိုင်းသူပြည်သားများကို အလေးပြုခဲ့ပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး၏ တွဲဘက်အထွေထွေအတွင်းရင်းမှူး−(၂) ပဒိုစောလှထွန်းမှ အခမ်းအနား အဖွင့်အမှာ စကားကို ပြောကြား ခဲ့ပါသည်။

ထို့နောက် (၇၄) နှစ်မြောက်ကော်သူးလေတပ်မတော်နေ့သို့ ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး၏ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းမှ ပေးပို့သော သဝဏ်လွှာကို ဆရာမ နော်အယ်နီအောင်မှ ဖတ်ကြားပြီး ပဒို စောကလယ်စေး (ကေအဲန်ယူ-ပြောရေးဆိုခွင့်ရှိသူ) မှ ကော်သူးလေ တပ်မတော်နေ့ ဖြစ် ပေါ်လာပုံ အကြောင်းကို ပြောကြားခဲ့ပါသည်။

ထိုမှတဖန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ ဒုတိယ ဥက္ကဌ ပဒိုစောဆဲဂေ၊ ဗိုလ်ချုပ် မန်းရှာထုဝေါ် ကရင်အမျိုးသားလွတ်မြောက်ရေး တက်မတော် (K.N.L.A) နှင့် ပဒို စောသမိန်ထွန်း (ကေအဲန်ယူ- ဗဟိုကော်မတီဝင် ) မှ ဂုဏ်ပြုစကားအသီးသီးပြောကြားခဲ့ကြပါသည်။

ထို့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အထူးတပ်ဖွဲ့မှစစ်သည်တော်များ၊ မျိုးဆက်သစ်ကျောင်း (N.G.L.P) မှ ကျောင်းသား ကျောင်းသူများ နှင့် ဆရာဆရာမများမှ ဂုဏ်ပြုတေးသီချင်း အသီးသီး သီဆိုဂုဏ်ပြုခဲ့ကြပြီး ဗိုလ်မှူးချုပ် စောဖေါဒိုမှ (၇၄) နှစ်မြောက် ကော်သူးလေ တပ်မတော်နေ့သို့ တက်ရောက်လာသော သူများကိုကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားအစီီအစဥ်ကို ကရင်အမျိုးသားသီချင်း သီဆိုခြင်းဖြင့် ရုတ်သိမ်းခဲ့ပါသည်။