Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ တပ်ရင်း (၁၈) ၌ (၇၄) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့အား ကျင်းပပြုလုပ်

ဇူလိုင်လ (၆) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ တပ်ရင်း (၁၈) ကော့ကရိတ်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကေအဲန်ယူ−ကော့ကရိတ်မြို့နယ် မြို့နယ်တာဝန်ရှိ ခေါင်းဆောင်များ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈)မှ တပ်ရင်းမှူး နှင့် တပ်ဗိုလ် တပ်မှူးများ၊ ကျေးရွာ အုပ်စု မှူးများ နှင့် ဒေသခံပြည်သူလူထုများ စုစုပေါင်း (၃၀၀) ဝန်းကျင်ခန့် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

(၇၄) နှစ်မြောက် ကော်သူးလေတပ်မတော်နေ့ အခမ်းအနားတွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး၏ ဥက္ကဌ နှင့် ကရင်အမျိုးသား လွတ်မြောက် ရေတပ်မတော်(K.N.L.A) စစ်ဦးစီးချုပ်တို့ ၏ သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ ကရင့်တော်လှန်ရေးတွင် အသက်ပေးသွားခဲ့ကြသည့် ရဲ ဘော်များနှင့် ခေါင်းဆောင်များအား အောက်မေ့ဂုဏ်ပြုအလေးပြုခြင်း၊ ကော်သူးလေတပ်မတော်နေ့ ဖြစ်ပေါ်လာပုံ အကြောင်းပြောကြားခြင်း၊ ထို့နောက် (K.N.L.A) တပ်ရင်း (၁၈) တပ်ရင်းမှူး မှ တော်လှန်ရေး ရဲဘော်များ နှင့် ပြည်သူလူထုများသို့ အားပေးတိုက်တွန်းစကား ပြောကြားပြီး အခမ်းအနားအစီအစဥ်ကို ကရင် အမျိုး သား သီချင်းဖြင့် ရုတ်သိမ်းခဲ့ပါသည်။

သတင်းအရင်းအမြစ်− ဒူးပလာယာခရိုင်−သတင်းနှင့် ပြန်ကြားရေး။