ဖေဖော်ဝါရီလ (၁၀)ရက်၊ ၂၀၂၅ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်တွင် မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းရုံးနှင့် လယ်ဒိုစိုးမြို့နယ်ခေါင်းဆောင်များ စုပေါင်းဦးဆောင်ပြီး ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၈) ရက်နေ့ အထိ လူငယ်ခေါင်းဆောင်မှုသင်တန်း ပြုလုပ် ကျင်းပ ခဲ့ပါသည်။
ဤသင်တန်းဖွင့်ပွဲတွင် လယ်ဒိုစိုးမြို့နယ် ဥက္ကဌ ပဒိုစောဆီး၊ တပ်ရင်း(၁၀) တပ်ရင်းမှူး ဗိုလ်မှူးစောသိုးမား၊ မြို့နယ်အတွင်းရေးမှူးပဒိုစောအာကာလင်း များတက်ရောက်တိုက်တွန်းအားပေးစကားပြောကြားခဲ့ပါသည်။ ဤသင်တန်းတွင် မြို့နယ်ဌာနဆိုင်ရာလူငယ်ကိုယ်စားလှည်များ၊ မြို့နယ်အတွင်းရှိကျေးရွာပေါင်း (၂၂)ရွာ ကျေးရွာကော်မတီများ၊ ကျေးရွာကရင်လူငယ်ခေါင်းဆောင်များ၊ ကျေးရွာဥက္ကဌများ၊ ကျေးရွာအတွင်းရေးမှူး နှင့် ကျေးရွာလုံခြုံရေးတာဝန်ခံများအပါဝင် စုစုပေါင်း(၁၂၂) ဦး ခန့်တက်ရောက်ခဲ့ပါသည်။
ဤသင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မြို့နယ်အတွင်း ဦးဆောင်နေသော ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာကရင်လူငယ်ခေါင်းဆောင်များ အနေဖြင့် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၏ လမ်းစဥ်နှင့် လုပ်ငန်းစဥ် များသိရှိနားလည်ရန်၊ လက်ရှိနိုင်ငံရေးအခြေအနေသိရှိနားလည်ရန်၊ ခေါင်းဆောင်မှုစွမ်းရည် မြင့်တင်ပေးရန်၊ စုပေါင်းခေါင်းဆောင်မှုအားကောင်းလာရန်၊ ကော်သူလေးဥပေဒေဆိုင်ရာ အကြောင်းအရာ များအားသိရှိနားလည်ရန် ဖြစ်သည်။
ဤသင်တန်းအတွင်း သင်ကြားခဲ့သည့်ဘာသာရပ်များမှာ−
၁။ ကရင်လူမျိုးဖြတ်သန်းရတဲ့ခေတ်အဆင့်ဆင့်သမိုင်းအကျဉ်း
၂။ ကေအဲန်ယူကရင်အမျိုးသားအည်းအရုံး၏ လက်ရှိနိုင်ငံရေးလမ်းစဥ်နှင့် လုပ်ငန်စဥ်များ။
၃။ ကော်သူလေး ရာဇဝတ်ဥပဒေနှင့်ကျင့်ထုံးဥပဒေ
၄။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအက်ဥပဒေ
၅။ လူငယ်နှင့်ခေါင်းဆောင်မှု
၆။ ကရင်လူငယ်အစည်အရုံး၏ လမ်းစဉ်နှင့်လုပ်ငန်းစဉ်များ ဖြစ်ပါသည်။