Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ဘျံးဒဝဲၢ်ကီၢ်ရ့ၣ် လၢၢ်မုၢ်လါကီၢ်ဆၣ် ရဲၣ်ကျဲၤမၤဝဲ ဒူသဝီခိၣ်နၢ်တၢ်မၤလိ ဖဲအီၣ်ပူသဝီ

ဧပြီလ (၂) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား မြို့နယ် အောင်ပူ(အင်းဖုံး)ကျေးရွာအုပ်စု၌ ၂၀၂၅ ခုနှစ် မတ်လ (၂၀) ရက်နေ့ မှ (၃၀) ရက် အတွင်း မြိတ်ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး (KYO) နှင့် လယ်မူလာမြို့နယ် ကေအဲန်ယူ ခေါင်းဆောင်များ စုပေါင်းပြီး ကျေးရွာခေါင်းဆောင်များမတွက် ခေါင်ဆောင်မှု သင်တန်း တစ်ခုအား ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ လယ်မူလားမြို့နယ် မြို့နယ် အမြဲတမ်းကော်မတီဝင် ပဒို‌‌စောလူးလူ နှင့် အခြား မြို့နယ် ခေါင်းဆောင်များ တက်ရောက်တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပါသည်။
ဤသင်တန်းသို့ လယ်မူလားမြို့နယ် အောင်ပူ(အင်ဖုံး)ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၁၀) ရွာမှ ကျေးရွာကော်မတီခေါင်းဆောင်များ၊ ကျေးရွာလူငယ်ခေါင်းဆောင်များ နှင့် ကျေးရွာအမျိုးသမီး ခေါင်ဆောင်များ စုစုပေါင်း (၉၄) ဦးခန့် ပါဝင်တက်ရောက် ခဲ့ကြပါသည်။
သင်တန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မြို့နယ်အတွင်းရှိ ကျေးရွာများအား ဦးဆောင်လျက်ရှိသော ကျေးရွာခေါင်းဆောင်များ၊ ကျေးရွာကရင်လူငယ် ခေါင်း‌ဆောင်များ အနေဖြင့် ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး၏ လမ်းစဥ်နှင့်လုပ်ငန်းစဥ်များသိရှိနားလည်ရန်၊ လက်ရှိနိုင်ငံရေး အခြေအနေ ကိုသိရှိနားလည်ရန်၊ ခေါင်းဆောင်မှုစွမ်းရည်မြင့်တင်ပေးရန်၊ စုပေါင်းခေါင်းဆောင်မှုအား‌ကောင်းလာရန်၊ ကော်သူလေးဥပေဒေဆိုင်ရာကြောင်းအရာသိရှိနားလည်ရန် ဖြစ်သည်။
သင်တန်း (၁၀) ရက်တာ အတွင်း
၁။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေဥပဒေနှင့်နည်းဥပဒေ၊
၂။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏
နိုင်ငံရေးလမ်းစဥ်နှင့် တော်လှန်ရေးလုပ်ငန်းစဥ်များ။
၃။ ကျေးရွာကော်မတီများ၏လုပ်ငန်းတာဝန်များ
၄။ ကော်သူလေး ရာဇဝတ်ဥ‌ပဒေနှင့်ရာဇဝတ် ကျင့်ထုံးဥပဒေ၊ ပြုစားခြင်းဆိုင်ရာအထူးအက်ဥပဒေ။
၅။ ကော်သူလေး တရားမမှုခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူး အက်ဥပဒေ
၆။ Leadership and M‌anagement
၇။ Federal အစရှိသည်တို့ကို သင်ကြားခဲ့ကြသည်။