Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၅၉၉နှင့် ပူးပေါင်းတပ်တို့မှ ကရင်လူငယ်(၂၃)ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုတ်ကာ တာလမ်းမပေါ်တွင် တနေကုန် ရိုက်နှက်၊ ညှင်းပန်း၊ နှိပ်စက်

ဇူလိုင်လ(၁၄)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးခဲ့ ပြီး ကရင်လူမျိုးများကို လက်ပြန်ကြိုးတုတ်ကာ ညှင်းပန်း၊ နှိပ်စက်ခဲ့သည်။ ဇူလိုင်လ(၁၃)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၅၉၉ နှင့် ပူးပေါင်းတပ်တို့မှ ဒေါင်းမို့ကျေးရွာအုပ်စုရှိ အလယ်စုကျေးရွာနှင့် ဝါးပင်စုကျေးရွာသို့ ဝင်ရောက်ပြီး ကျေး ရွာ ပြည်သူလူထုများကို ဖမ်းဆီးခဲ့သည်။ ကျေးရွာပြည်သူလူထုများကို ဖမ်းဆီးသည့်အပြင် ပြည်သူလူထု၏ နေအိမ်သို့ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းဥစ္စာများကိုလည်း အတင်းအဓမ္မယူသွားခဲ့သည်။ ဖမ်းဆီးထားသော ကျေးရွာပြည်သူလူထုများတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လွတ်ပြီး လူငယ်များကိုမူ ဖမ်းဆီးထားသည်။ဖမ်းဆီးထားသော... ...

ဃုဖးအါထီၣ်
တၢ်ကစီၣ်တဖၣ်
အာဏာသိမ်းစစ်ကောင်စီ၏တပ်များ ကေအဲန်ယူ - လယ်ဒိုစိုးမြို့နယ်မှ အပြစ်မဲ့ပြည်သူလူထု ၃ ဦးကို ဖမ်းဆီး

၁၂ ဇူလိုင် ၂၀၂၂ ကေအဲန်ယူ - ဗဟို၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကေအဲန်ယူ - ဘိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် ထီးလယ်ကလေးနယ်မြေဒေသ ထားဝယ်ရှိ အာဏာသိမ်း စစ်ကောင်စီ၏တပ်များသည် မယ်သမီခီးသို့ တက်လာစဥ် ၂၅ မိုင် အရောက်တွင် ဝါရှူခိုကျေးရွာသား ၂ ဦး နှင့် ခီးတူခီးကျေးရွာသား ၁ ဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီ၏တပ်များမှ ဖမ်းဆီးထားသော ထိုအပြစ်မဲ့ ပြည်သူလူထု ၃ ဦးတို့သည် ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည်ဟု ကေအဲန်ယူ - ဘိတ်ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ် တာဝန်ရှိသူများ၏ ပြောပြချက်အရသိရှိရပါသည်။ ...

ဃုဖးအါထီၣ်
တၢ်ကစီၣ်တဖၣ်
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ်

ဇူလိုင်လ(၁၂)ရက်၊ ၂၀၂၂ ခုနှစ်၊ ကေအဲန်ယူ ဗဟို။ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာပြည်သူလူထုတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ဇူလိုင်လ(၁၁)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ အင်းနက်ကျေးရွာသား အသက်(၆၂)နှစ်ရှိသူ ဦးမြင့်အေးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ဦးမြင့်အေးသည် မိမိ၏နေအိမ်တွင် ကျန်ခဲ့သော နွားများကို ပြန်လွတ်ပေးရန်အတွက် ကျေးရွာသို့ ပြန်နေစဉ် အဖမ်းခံရခြင်းဖြစ်သည်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ နေ့ညမပြတ် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာပြည်သူလူထုများ မိမိတို့၏ နေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များကို ထားခဲ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် ကျွန်းကုန်းကျေးရွာသား ဦးမောင်မဲ၏ လ... ...

ဃုဖးအါထီၣ်
တၢ်ကစီၣ်တဖၣ်
ကေအဲန်ယူ- ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ရက် ကေအဲန်ယူ - ဗဟိုကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၂၀မမ)များဖြင့် ရမ်းသမ်း ပစ်ခတ်နေမှုများကြောင့် ဇီးပြောင်းကျေးနယ်အုပ်စုနှင့် ပျဥ်းကတိုး ကုန်း ကျေးနယ်အုပ်စုများရှိ ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ရီဝန်းကျင်က အာဏာသိမ်း စစ်ကောင်စီ သိမ်ဇရပ် အမြောက်တပ်မှ လက်နက်ကြီး (၁၂၀မမ) များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဇီးပြောင်းကျေးနယ်အုပ်စုရှိ ကညင် အိုင်၊ ကျောက်ရေတွင်း၊ ဇီးပြောင်းကျေးရွာများမှ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ၇မိနစ်ကလည်း ပျဥ်းကတိုးကုန်းကျေးနယ် ရွှေဖြူအနီးတွင် အာဏာသိမ်း စစ်ကောင်စီမှ လက်နက်ကြီး (၈၁မမ)များဖြင့် ၃ ချက် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဒေသခံ များအား ထိခိုက်မှု တစ်စုံတစ်ရာ မရှိသေးသော်လည်း စစ်ကောင်စီဖက်မှ ယခုကဲ့သိ... ...

ဃုဖးအါထီၣ်
တၢ်ကစီၣ်တဖၣ်
ကေအဲန်ယူ-သထုံခရိုင်၊ အမှတ်(၁)တပ်မဟာ အုပ်ချုပ်နယ်မြေထဲ၌ ဖြစ်ပွားခဲ့သော (၆)လအတွင်းတိုက်ပွဲသတင်း

၂၀၂၂ ခုနှစ်၊ ဇူလိုင်၉ရက်၊ ကေအဲန်ယူ ဗဟိုကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ အမှတ်(၁)တပ်မဟာ အုပ်ချုပ်နယ်မြေထဲ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်းတိုက်ပွဲသတင်းများကို KNLA တပ်မဟာ ဌာနချုပ်ရုံးမှ စာရင်းပြုစုထားသည်။ ဇန်နဝါရီလမှ ဇွန်လအတွင်း နယ်မြေကျူးလွန် စစ်ရေးလှုပ်ရှားလာသော အာဏာသိမ်းစစ်ကောင်စီ တပ်များနှင့် ကေအဲန်ယူ-သထုံခရိုင်၊ အမှတ် (၁) တပ်မဟာ လက်အောက်ခံတပ်များအကြား ထိတွေ့ပစ်ခတ်မှု တိုက်ပွဲပေါင်း (၂၀၉)ကြိမ်ဖြစ်ပွားခဲ့သည်။(၆)လအတွင်း နှစ်ဖက်ပစ်ခတ်မှုများ၌ အာဏာသိမ်းစစ်ကောင်စီဖက်မှ (၄၄၅)ဦးသေဆုံးကာ (၃၂၂)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး KNU ဆီသို့ လက်နက်ချအလင်းဝင်လာသူ (၃)ဦးရှိသည်။(၆) လအတွင်း KNLA/KNDO နှင့် ပူးပေါင်းတပ်များမှ သူရဲကောင်း (၇)ဦး အသက်စတေးခဲ့ရကာ (၈)ထိခိုက်ဒဏ်ရာရခဲ့သည်။ ...

ဃုဖးအါထီၣ်
တၢ်ကစီၣ်တဖၣ်
ဒေသခံကရင်အရပ်ဖက်လူမှုရေးရာ အဖွဲ့ နှင့် မုန်းမြို့နယ် ကျန်းမာရေးကော်မတီတို့ မှ တိမ်းရှောင်နေရသူများအတွက် လိုအပ်သည့်စားနပ်ရိက္ခာအချို့နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ပြုလုပ်ပေးခြင်း

ဇူလိုင်လ (၇) ရက်၊၂၀၂၂ ခုနှစ်ကေအဲန်ယူ-ဗဟိုပြီးခဲ့သည့် ဇူလိုင်လ (၅) ရက်နေ့တွင် ကေအဲန်ယူ-မုန်းမြို့နယ် နှင့်ကျောက်ကြီးမြို့နယ်အတွင်းရှိ တိမ်းရှောင်နေရသူများကို ဒေသခံကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့နှင့် ကေအဲန်ယူ-မုန်းမြို့နယ် ကျန်းမာရေးကော်မတီအဖွဲ့တို့မှ စားနပ်ရိက္ခာအချို့နှင့်ဆေးဝါး စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်ပြုလုပ် ​ပေးခဲ့ကြသည်။ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် နှင့် ကျောက်ကြီးမြို့နယ်တို့၏စီမံအုပ်ချုပ်မှုနယ် မြေ အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ တပ်အင်အားတို့းချဲ့မှုနှင့် အတူ တိုက်ပွဲများပြင်း ထန်လျက်ရှိသည့်အပြင် တစ်ဖက်တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။တိမ်းရှောင်နေရသည့် အများစုမှာ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့်... ...

ဃုဖးအါထီၣ်
ပူၤကွံၥ်တယံၥ်ဒံးဘၣ်

တၢ်ဂ့ၢ်တၢ်ကျိၤလၢ တၢ်ဟံးန့ၢ် အအါကတၢၢ်တဖၣ်

ပူၤကွံၥ်တယံၥ်ဒံးဘၣ်

တၢ်ဘိးဘၣ်သ့ၣ်ညါ