Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

(၇၂) ကြိမ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့အခမ်းအနားကိုသထုံခရိုင်မြို့နယ် (၃)ခု၌ ကျင်းပပြုလုပ်


၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၂ရက်၊ ကေအဲန်ယူ-ဗဟို

သြဂုတ်လ (၁၂)ရ က်နေ့တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို ကေအဲန်ယူ-သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဖားအံနှင့် ဘီးလင်းမြို့နယ် တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၂) ကြိမ်မြောက် ကရင့်အာဇာနည်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ကေအဲန်ယူ-သထုံခရိုင်၊ ခရိုင်အဆင့်ဖလား ဘောလုံးပြိုင်ပွဲ လည်းကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲများ ကိုလည်း မြို့နယ်အသီးသီးမှ ကျင်းပပြုလုပ်ပေးခဲ့ကြသည်။

ကရင်လူမျိုးများ အထွဋ်အမြတ်ထားသည့် ကရင်အမျိုးသား အာဇာနည်နေ့ကို ကေအဲန်ယူ-သထုံခရိုင်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ချင်သော်လည်း ခရိုင်အတွင်းစစ်ကောင်စီ တပ်များ နယ်မြေကျူးကျော် စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် ပြည်သူလူထု၏လုံခြုံရေးအား ထောက်ရှုကာ အကျဥ်းရုံးသာ ကျင်းပပြုလုပ် ခြင်းဖြစ်သည်။