Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ရှေ့တန်းစစ်မြေပြင်မှ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့်ပူးပေါင်းလာသော ပြည်သူ့တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုပွဲ


၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၉ရက်၊ ကေအဲန်ယူ-ဗဟို

သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီမှဦးစီး၍ ရှေ့တန်းစစ်ပြေပြင်မှ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအား ပထမ အကြိမ် ကြိုဆိုဂုဏ်ပြုပွဲကို ကေအဲန်ယူ၊ သထုံခရိုင်၊ တပ်မဟာ (၁) အတွင်း၌ သြဂုတ်လ (၂၈) ရက်နေ့တွင်ကျင်းပပြုလုပ်ပေးခဲ့သည်။

အခမ်းအနား အစီအစဥ်များတွင် မိတ်ဆက်ခြင်း၊ ကေအဲန်ယူ-သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကေအဲန်ယူ-သထုံခရိုင် ခေါင်းဆောင်တစ်ဦးမှ အားပေးစကားပြောကြားခြင်း၊ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအား ဂုဏ်ပြုဆုငွေပေးအပ်ခြင်း စသည့် အစီအစဥ်များပါဝင်ပါသည်။

မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌ၏ အဖွင့်အမှာစကားတွင် လာရောက်ပူးပေါင်းသည့်အတွက် ဝမ်းသာဂုဏ်ယူ အသိအမှတ်ပြုကြောင်း၊ လာရောက်ပူးပေါင်းသော ပြည်သူ့ တပ်မတော်သားများအနေဖြင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် ပူးပေါင်းကာ အာဏာရှင်များကို ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ပြီး ပူးပေါင်းတော်လှန်ရန် အခက်အခဲ ရှိလျှင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အာဏာရှင်ကိုဖြုတ်ချရန် လက်နက်ကိုင် တိုက်ပွဲဝင်သည့်နည်းလမ်းအပြင် တတ်နိုင်သည့် တစ်ဖက်တစ်လမ်းမှလည်း ပါဝင်လုပ်ဆောင်၍ရကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် လက်ရှိတာဝန်ထမ်းဆောင်လျှက်ရှိသော ပြည်သူ့တပ်မတော်သားများ အနေဖြင့်လည်း မတရားမှုကိုဆန့်ကျင်ပြီးမိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုနှင့် ပူးပေါင်းလိုပါက ယခုကဲ့သို့ပင် နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။ ထို့နောက် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ အတွင်းရေးမှူး (၂) မှ အထူးအစီအစဥ်အနေဖြင့် ဂုဏ်ပြုဆုငွေ ထပ်မံချီးမြှင့်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း အစီအစဥ်ပြီးနောက် နှုတ်ဆက်ခြင်းဖြင့်အခမ်းအနားအစီအစဥ်အား အောင်မြင်စွာပြန် လည်ရုပ် သိမ်း ခဲ့ပါသည်။