Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ခလယ်လွီထူခရိုင်၌ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးကော်မတီ (ဗဟို) မှ ဦးဆောင်ပြီး သမဂ္ဂများဖွဲ့စည်းခြင်း၊ စိုက်ပျိုးရေးမူဝါဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စ ရပ်များအတွက် လူထုနှီးနှောဖလှယ်ပွဲများပြုလုပ်ခဲ့

နိုင်ဝင်ဘာလ (၂၉) ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၌ နိုဝင်ဘာလ(၁၉) ရက်နေ့မှ (၂၀)ရက်နေ့ တွင် ဗဟိုအဆင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးကော်မတီမှ (၁၀) နှစ်တာ လုပ်ငန်းအစီအစဉ်များကို ခရိုင်နှင့် မူး/လယ်ဒို/ဆောထိမြို့နယ်မှ တာဝန်ရှိသူများနှင့် ဌာန/ဌာနခွဲ ဆိုင်ရာ တာဝန်ရှိသူများကို အစီအစဉ်ချပြခြင်းနှင့် နှီးနှောဖလှယ်ခြင်း၊ ကော်သူးလေ အလုပ်သမား များသမဂ္ဂ (Federation of Trade Unions Kawthoolei)၊ ကော်သူးလေ ပညာရေးအလုပ်သမားများသမဂ္ဂ (Kawthoolei Education Workers Union)၊ ကော်သူးလေ ကျန်းမာရေး အလုပ်သမားများ သမဂ္ဂ (Kawthoolei Health Workers Union)၊ ကော်သူးလေ စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂ (Kawthoolei Agriculture Worker Union) တို့ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကို ပြုလုပ်ခဲ့သည်။
ထို့နောက် ကော်သူးလေစိုက်ပျိုးရေးဆိုင်ရာမူဝါဒကို ပြန်လည်ပြုပြင်ရေးနှင့် အတည်ပြုနိုင်ရေးအတွက် နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း လယ်ဒိုမြို့နယ်ရှိ ဒေသခံပြည်သူကိုယ်စားလှယ်များနှင့် အသိပညာပေး နှီးနှောဖလှယ်ပွဲကို ရက်တိုပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေးမူဝါဒ ပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ ဒေသခံပြည်သူများ စားဝတ်နေရေး ဖူလုံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက်ရည်ရွယ်ပြီး သိပညာပေးနှီးနှောဖလှယ်ပွဲကို ရက်တို ပြုလုပ်ခဲ့ပြီး လယ်ဒိုမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း (၆) အုပ်စုမှ လူဦးရေစုစုပေါင်း (၇၆)ဦး တက်ရောက် ခဲ့သည်။