Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ဂ့ၢ်အလၢအပှဲၤ

ကီၢ်ရ့ၣ်တဖၣ်

ချၢၣ်လွံၢ်ထူၣ်ကီၢ်ရ့ၣ် ဟီၣ်ကဝီၤပူၤ တၢ်ရဲၣ်ကျဲၤမၤလၤကပီၤဝဲ ကညီတၢ်ပၢၢ်ဆၢမုၢ်နံၤ ၦဲၤထီၣ် ၇၆ နံၣ်အမူး

ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် အတွင်းရှိ မူး မြို့နယ်၊ ဆောထိမြို့နယ်၊ လယ်ဒိုမြို့နယ် တို့၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို ဂုဏ်ပြုကျင်းပပြုလုပ်ခဲ့ကြသည်။
ကရင့်တော်လှန်ရေးနေ့အခမ်းအနားများတွင် ခရိုင်အဆင့် မြို့နယ်အဆင့် ခေါင်းဆောင်အသီးသီးမှ အားပေး စကား အမှာစကားများပြောကြားခြင်းနှင့် သဝဏ်လွှာများဖတ်ကြားခဲ့ကာ ခလယ်လွီထူခရိုင်အတွင်းရှိ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးလျှက်ရှိတော့ ကရင်အမျိုး လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၇)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) တို့ရှိ စစ်သက် (၂၅) နှစ် အထက်နှင့် စစ်သက် (၄၀) နှစ် အထက် တာဝန်ထမ်းဆောင်ခဲ့သော စစ်ဗိုလ်၊ စစ်သည်များကို ဂုဏ်ပြုခြင်းနှင့် ဆုပေး အပ်ခြင်း အခမ်းအနားတို့ကိုလည်း ပြုလုပ်ခဲ့သည်။

(၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကို ဂုဏ်ပြုကျင်းပခဲ့ပြီးနောက် သက်ဆိုင်ရာ မြို့နယ် အသီးသီးတွင် ကျေးရွာအုပ်စုလိုက် ဘောလုံးပွဲ၊ ခြင်းလုံးပွဲ အစရှိသည့် အားကစားအစီအစဉ်များကိုလည်း ပြုလုပ်ခဲ့သည်။