Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ၏ (၆) လ အတွင်း တိုက်ပွဲသတင်းချုပ်


၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့
ကေအဲန်ယူ−ဗဟို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးအသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များအကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားခဲ့ပါ သည်။

၂၀၂၂ခုနှစ်၏ (၆) လ အတွင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းတွင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၂၆၈၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းစစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF)များဘက်မှ (၂၂၀၈) ဦး သေဆုံးပြီး (၁၅၄၅) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါ သည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၈၄) ဦးအသက်စွန်ခဲ့ပြီး (၁၇၅) ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါသည်။

စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအတွင်းရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုများ နှင့် အကြောင့်မဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူ (၇၂) ဦး အသက် သေဆုံးခဲ့ရပြီး (၁၅၅) ဦး တို့ထိခိုက်ဒဏ်ရာရခဲ့သည်။