Notice

  "From the Karen National Political Dialogue to ward the Political Will of the Karen National" 

  "From the Karen National Political Dialogue to establish a Federal Democratic Union" 

  • English
  • Karen
  • Myanmar

တၢ်ကစီၣ်တဖၣ်

တၢ်ကစီၣ်တဖၣ်
ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်မှ ဆန္ဒပြပြည်သူများကို ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်း

မတ်လ (၂၆)ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဉ်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ပဒဲကောကျေးရွာတွင် ကျေးရွာသူ/ရွာသားများမှ ည (၈) နာရီမှစတင်၍ (၁၅) မိနစ်ကြာ သံပုံးတီးပြီး ဆန္ဒပြခြင်းကို မတ်လ (၂၄) ရက်နေ့မှစတင်၍  ပြုလုပ်ခဲ့ကြသည်။ မတ်လ (၂၅) ရက်နေ့ ည (၁၂) နာရီခွဲအချိန်တွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်မှ ဘောကထာ စခန်းရှိ စစ်သား (၁၀) ယောက်သည် ပဒဲကောကျေးရွာမှ မိမိတို့၏ကျေးရွာလုံခြုံရေးအတွက် ချထားသည့် ကင်း သမား (၅) ယောက်အား "နင်တို့ဒီလိုလုပ်တာ ငါတို့ကို မလေးစားတာလား။ နင်တို့ကို အချိန်မရွေး ပစ်သတ်လို့ရ တယ်။ နင်တို့ကို အခုပစ်သတ်ရင် နင်တို့မိဘတွေတောင် လာတားလို့မရဘူး။ နင်တို့ခြိမ်းခြောက်ချင်ရင် ငါတို့တပ် စခန်းရှေ့မှာ လာပြီးခြိမ်းခြောက်။ ငါတို့ စောက်ဂရုမစိုက်ဘူး။ နင်တို့ဒီလိုလုပ်တာ ငါတို့အလုပ်ရှုပ်တယ်။ ဒီအ ကြောင်းတွေကို အထက်ကိုတင်ပြရင် နင်တို့ကို သတ်ခိုင်းလိမ့်မယ်လို့" ယခုလို ခြိမ်းခြောက်ခဲ့သည်။

ထို့အပြင် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ယနေ့ (၁၁) နာရီခွဲအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ရင်း ခလရ (၆၀) မှ ဆန္ဒပြပြည်သူ စောမောင်လှကြည်အား ဖမ်းဆီးခဲ့သည်။ ယခုလို ဖမ်းဆီးခြင်းကြောင့် နတ်သံကွင်းမြို့ရှိ ဆန္ဒပြပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်ရသည်။

အလားတူပင် ကေအဲန်ယူ-ရွှေကျင်မြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ရုန်းတိုင်းကျေးရွာရှိ မောင်ကျော်မျိုး ထက် သည် ၂၀၁၉ ခုနှစ်တွင် လှိုင်သာယာမြို့နယ် အမှတ် (၁) စက်မှုဇုံ၊ စက်ရုံတွင် သွားရောက်ပြီး အလုပ်လုပ် ကိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေ‌ေဖာ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူမှုကြောင့် ပြည်သူလူထုများ ဆန္ဒပြကြပြီး အလုပ်ရုံတွင် အဆင်မပြေမှုများကြောင့် မတ်လ (၂၀) ရက်၊ ၂၀၂၁ ခုနှစ်တွင် မိမိကျေးရွာသို့ ပြန်လာခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်မှ ကား (၄) စီးဖြင့် မတ်လ (၁၉) ရက်၊ နံနက် (၇) နာရီတွင် မောင်ကျော်မျိုးထက်အား ရန်ကုန်တွင် အလုပ်လုပ်ပြီး ဆန္ဒပြသည့်အထဲ ပါဝင်သည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ တပ်စခန်းမှ စစ်ဆေးပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးပြီး ပြန်လွတ်ခဲ့သည်။