စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

ငြိမ်းချမ်းရေးဖြစ်စဉ်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ - UPDJC

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အကြား ချုပ်ဆိုသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် နှစ်ဦးနှစ်ဖက်မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးသူများသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးနှင့် စာချုပ်ပါ သဘောတူညီချက်များကို ပူးတွဲဦးဆောင် အကောင်အထည်ဖော်နိုင်ရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၆-၁၇) ရက်နေ့တွင် ခေါ်ယူကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် နိုင်ငံတော် အစိုးရဘက်မှ အစိုးရအဖွဲ့၊ လွှတ်တော်များနှင့် တပ်မတော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များ အချိုးတူ ပါဝင်စေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်အစုအဖွဲ့
   ၁။ ဦးကျော်တင့်ဆွေ (ပြည်ထောင်စု ဝန်ကြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန- ဒုတိယ ဥက္ကဌ-၁)
  ၂။ ဒေါက်တာ တင်မျိုးဝင်း (ဥက္ကဌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံအကြို ပြင်ဆင်ရေးကော်မတီ- ဒုတိယဥက္ကဌ-၂)
  ၃။ ဦးသန့်စင်မောင် (ပြည်ထောင်စု ဝန်ကြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးှဌာန- အဖွဲ့ဝင်)
  ၄။ ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန-အဖွဲ့ဝင်)
  ၅။ ဒေါက်တာ ဝင်းမြတ်အေး (ပြည်ထောင်စုဝန်ကြီးလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန- အဖွဲ့ဝင်)
  ၆။ နိူင်သက်လွင် (ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန- အဖွဲ့ဝင်)
  ၇။ ဦးထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး- အဖွဲ့ဝင်)
  ၈။ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း (လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်-အဖွဲ့ဝင်)
  ၉။ ဦးခွန်မောင်သောင်း-ပင်လောင်းမဲဆန္ဒနယ် (ဥက္ကဌတိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော် ဆောင်မှု ကော်မတီ ၊ပြည်သူ့လွှတ်တော်- အဖွဲ့ဝင်)
  ၁၀။ ဒေါ်ရှီလာနန်တောင်(ခေါ်)ဒေါ်အမ်နန်တောင် (မဲဆန္ဒနယ်အမှတ်-၂ကချင်ပြည်နယ်) (ဥက္ကဌ၊ တိုင်းရင်းသား ရေးရာ ကော်မတီ အမျိုးသားလွှတ်တော်- အဖွဲ့ဝင်)
  ၁၁။ ဗိုလ်ချုပ်မြင့်နွယ်(ဒုတိယဝန်ကြီး၊ကာကွယ်ရေးဝန်ကြီးဌာန- အဖွဲ့ဝင်)
  ၁၂။ ဗိုလ်ချုပ်စိုးနိူင်ဦး (ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်- အဖွဲ့ဝင်)
  ၁၃။ ဗိုလ်မှူးချုပ်စိန်ထွန်းလှ (အရာရှိရွေးချယ်ရေးအဖွဲ့မှူး၊ တပ်မတော်ဗိုလ်ရွေးအဖွဲ့- အဖွဲ့ဝင်)
  ၁၄။ ဦးခင်ဇော်ဦး (ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)- အဖွဲ့ဝင်)
  ၁၅။ ဦးလှမောင်ရွှေ (အထူးအကြံပေး၊မြန်မာငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန- အတွင်း ရေးမှူး)

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အစုအဖွဲ့
  ၁။ ပဒိုစောကွယ်ထူးဝင်း (အထွေထွေ အတွင်းရေးမှူး ကရင်အမျိုးသားအစည်းအရုံး(KNU)- ဒုတိယ ဥက္ကဌ)
  ၂။ စောကျော်ညွှန့် (တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA-PC – အဖွဲ့ဝင်)
  ၃။ စောစမစ်ဒွန်း (ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်- DKBA (အဖွဲ့ဝင်)
  ၄။ ခွန်မြင့်ထွန်း (ဥက္ကဌ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO- အဖွဲ့ဝင်)
  ၅။ စောမြရာဇာလင်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရခိုင်လွတ်မြောက်ရေးပါတီ ALP- အဖွဲ့ဝင်)
  ၆။ ဦးဘောင်ခေး (ဒုတိယ စစ်ဦးစီးချုပ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS- အဖွဲ့ဝင်)
  ၇။ ပဒိုမန်းငြိမ်းမောင် (ကရင်အမျိုးသားအစည်းအရုံး KNU- အဖွဲ့ဝင်)
  ၈။ စောကူးကူ (ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA-PC – အဖွဲ့ဝင်)
  ၉။ ဆလိုင်းထလာဟေး (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ချင်းအမျိုးသားတပ်ဦး CNF- အဖွဲ့ဝင်)
  ၁၀။ စောစိန်ဝင်း (စစ်ဦးစီးမှူးဒုတိယတန်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA- အဖွဲ့ဝင်)
  ၁၁။ ခွန်ထွန်းတင် (ဗဟိုကော်မတီဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO-အဖွဲ့ဝင်)
  ၁၂။ မိဆူးပွင့် (ဗဟိုဦးဆောင်ကော်မတီဝင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF- အဖွဲ့ဝင်)
  ၁၃။ ခိုင်လင်းခိုင် (ရခိုင်လွတ်မြောက်ရေးပါတီ ALP- အဖွဲ့ဝင်)
  ၁၄။ ဦးမျိုးဝင်း (ဒုတိယ ဥက္ကဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF- အတွင်းရေးမှူး)
  ၁၅။ ဦးစိုင်းလ (သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS- အတွင်းရေးမှူး)
  ၁၆။ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (အဓိပတိကောင်စီဝင်၊ ချင်းအမျိုးသားတပ်ဦး CNF- အတွင်းရေးမှူး)

နိုင်ငံရေးပါတီများ အစုအဖွဲ့
  ၁။ ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ မြန်မာ- ဒုတိယဥက္ကဌ)
  ၂။ ဦးထွန်းထွန်းဟိန် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်- အဖွဲ့ဝင်)
  ၃။ ဦးနိုင်ငံလင်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်- အဖွဲ့ဝင်)
  ၄။ ဦးမြင့်စိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ- အဖွဲ့ဝင်)
  ၅။ ဒေါက်တာမောင်မောင်ဌေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ- အဖွဲ့ဝင်)
  ၆။ ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ-အဖွဲ့ဝင်)
  ၇။ ဒေါက်တာမင်းနွယ်စိုး (မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ)
  ၈။ ဦးစောထွန်းအောင်မြင့် (ကရင်ပြည်သူ့ပါတီ- အဖွဲ့ဝင်)
  ၉။ ဦးသိန်းထွန်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ- အဖွဲ့ဝင်)
  ၁၀။ ဒေါက်တာ မနာမ်တူးဂျာ (ကချင်ပြည်နယ်ဒီမိုကရေစီပါတီ- အဖွဲ့ဝင်)
  ၁၁။ တာလှဖေ (တအောင်း(ပလောင်) အမျိုးသားပါတီ- အဖွဲ့ဝင်)
  ၁၂။ ဦးခွန်ထွန်းရွှေ (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ- အဖွဲ့ဝင်)
  ၁၃။ ဦးဇန်ဇမုန်(ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ- အဖွဲ့ဝင်)
  ၁၄။ ဦးရွှေမင်း (လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ- အဖွဲ့ဝင်)
  ၁၅။ ဦးကျော်ဇေယျာဦး (မွန်အမျိုးသားပါတီ-အဖွဲ့ဝင်)
  ၁၆။ စိုင်းကျော်ညွှန့် (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်- အတွင်းရေးမှူး)

စဥ် အစည်းဝေးအမည် ရက်စွဲ နေရာ မှတ်တမ်း
၁။ (၁) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေး ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက် Horizon Lake View ဟိုတယ်၊ နေပြည်တော်
၂။ (၂) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေး ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက် MPC
၃။ (၃)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေး ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၁၄၊ ၁၅၊ ၁၇) ရက် Horizon Lake View ဟိုတယ်၊ နေပြည်တော်
၄။ (၄) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေး ၂၀၁၆ခုနှစ်၊ ဇွန်နဝါရီလ (၉−၁၀) ရက် Horizon Lake View ဟိုတယ်၊ နေပြည်တော်
၅။ (၅) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက် MPC
၆။ (၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေး ၂၀၁၆ခုနှစ်၊ မေလ (၂၇−၂၈)ရက် Horizon Lake View ဟိုတယ်၊ နေပြည်တော်
၇။ (၇) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေး ၂၀၁၆ခုနှစ်၊ သြဂုတ်လ (၁၅−၁၆)ရက် သင်္ဂဟ ဟိုတယ်၊ နေပြည်တော်
၈။ (၈) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၂၈−၂၉)ရက် သင်္ဂဟ ဟိုတယ်၊ နေပြည်တော်
၉။ (၉) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက် သင်္ဂဟ ဟိုတယ်၊ နေပြည်တော်
၁၀။ (၁၀) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၇ခုနှစ်၊ မေလ (၁၂)ရက် သင်္ဂဟ ဟိုတယ်၊ နေပြည်တော်
၁၁။ (၁၁) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၇ခုနှစ်၊ မေလ (၂၈)ရက် MICC-II, နေပြည်တော်
၁၂။ (၁၂) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ(၃၀−၃၁) ရက် NRPC, နေပြည်တော်
၁၃။ (၁၃) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက် NRPC, နေပြည်တော်
၁၄။ (၁၄) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက် NRPC, နေပြည်တော်
၁၅။ (၁၅) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၉)ရက် NRPC, နေပြည်တော်
၁၆။ (၁၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၈ခုနှစ်၊ ဇူလိုင် (၉)ရက် NRPC, နေပြည်တော်
၁၇။ (၁၇) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး ၂၀၁၈ခုနှစ်၊ ဇူလိုင် (၁၅) ရက် MICC-II, နေပြည်တော်
၁၈။ (၁၈) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂) ရက် NRPC, နေပြည်တော်