စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ - KNDCC

စည်းလုံးညီညွတ်ခြင်း

ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ - KNDCC

နောက်ခံသမိုင်းကြောင်း

ကရင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (KNU, KNU/KNLA-PC, DKBA - KEAOs) မှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာအား “လူမျိုးကို အခြေခံ၍ ဒေသများအလိုက် ကျင်းပပြုလုပ်မည့်” ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများကို စနစ်တကျ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၁) ရက်နေ့၊ လေးကေ့ကော် မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ KEAOs အဖွဲ့များ တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲ အစည်းအဝေးတွင် ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ (KNDCC) စုဖွဲ့မှုကို ဖွဲ့စည်းနိုင်ခဲ့သည်။

ထို့နောက် တရားဝင် ကရင်နိုင်ငံရေးပါတီများ၊ ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (Karen Unity & Peace Committee-KUPC) ၊ ကရင်နည်းပညာထောက်အကူပြုအဖွဲ့ဝင်များ (Technical Team) နှင့် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်နိုင်ရန်၊ အားလုံးပါဝင်မှုနှင့် စုဖွဲ့မှု ပို၍ အားကောင်းစေရေး အတွက် ၂၀၁၈ ခုနှစ်၊ ဇန္နဝါရီလ (၅-၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ (KNDCC) အစည်းအဝေးတစ်ရပ်တွင် ဦးဆောင်ကော်မတီ၊ ကျင်းပရေးကော်မတီ၊ ကဏ္ဍအလိုက်ဆပ်ကော်မတီ၊ စီမံခန့်ခွဲရေးအဖွဲ့၊ ဒေသအလိုက် Focal Person များနှင့် Technical Team အဖွဲ့တို့ကို ပြန်လည်၍ ဖွဲ့စည်းခဲ့ပြီး ကိုယ်စားလှယ်များနှင့် လုပ်ငန်းလမ်းညွှန်များကိုလည်း သတ်မှတ်နိုင်ခဲ့ကြသည်။

ရည်ရွယ်ချက်များ

(က) ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည့် ဒေသအသီးသီးမှ ကရင်အမျိုးသားတို့၏ ဆန္ဒသဘောထားများကို ဆွေးနွေးရယူသွားရန်နှင့် ကဏ္ဍကြီး (၄) ရပ်ကို အခြေခံသော ဘုံသဘောထား ရပ်တည်ပါဝင်သည့် အခြေခံမူနှင့် မူဝါဒများ ဖော်ထုတ်ပြီး UPDJC လုပ်ငန်းကော်မတီ/ EAOs လုပ်ငန်းကော်မတီမှတစ်ဆင့် UPC သို့ တင်ပြသွားရန်၊
(ခ) အနာဂါတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အခြေခံမူနှင့် မူဝါဒများ ချမှတ်နိုင်ရေးကို အားကောင်းစေရန်၊
(ဂ) ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပေးရှင်းလင်းခြင်းအားဖြင့် ပြည်သူလူထုများအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်လာမှု အားကောင်းလာစေရန်၊

မျှော်မှန်းချက်များ

(က) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) သို့ တင်သွင်းမည့် ကရင်တစ်မျိုးသားလုံး၏ သဘောထားဆန္ဒပါဝင်သော စာတမ်းများ (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်) ထွက်ရှိလာမည်။
(ခ) ကရင်တစ်မျိုးသားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းလာမည်။
(ဂ) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ရရှိရေးအတွက် တိုင်းရင်းသားများအချင်းချင်းကြား ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာမည်။

ကော်မတီများ ဖွဲ့စည်းခြင်း

ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရာတွင် ဦးဆောင်လမ်းညွှန်မှုများ ပေးနိုင်ရန်အတွက် ကရင်အမျိုးနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ (ဦးဆောင် ကော်မတီ) တစ်ရပ်ကို ကရင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (KEAOs) မှ (၃) ဦး၊ ကရင်အမျိုးသား နိုင်ငံရေးပါတီများမှ (၄) ဦး၊ ကရင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ (KCSOs) ကိုယ်စားလှယ် (၁) ဦးနှင့် ကရင်အမျိုးသမီးကိုယ်စားလှယ် (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် (ကျင်းပရေးကော်မတီ) တစ်ရပ်ကိုလည်း ကရင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (KEAOs) မှ (၉) ဦး၊ ကရင်အမျိုးသား နိုင်ငံရေးပါတီများမှ (၄) ဦး၊ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းများ (KCSOs) မှ (၁) ဦး၊ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) မှ (၁) ဦးနှင့် ဒေသအလိုက် Focal Person (၉) ဦး၊ စုစုပေါင်း (၂၄) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ထို့နောက် ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကဏ္ဍကြီး (၅) ရပ်အလိုက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီများ၊ ဒေသ (၉) ခုမှ Focal Person များနှင့် လုပ်ငန်းများ ချိန်ဆက်ဆောင်ရွက်နိုင်ရန်အတွက် ဒေသအလိုက် Focal Person များ၊ ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် စီမံအုပ်ချုပ်မှုဆိုင်ရာ ကော်မတီ (၆) ခုနှင့် နည်းပညာ အထောက်အကူများဖြင့် ပံ့ပိုးပေးနိုင်ရန် ကရင်နည်းပညာအထောက်အကူပြုအဖွဲ့ စသည်တို့ကို ဖွဲ့စည်းခဲ့သည်။

ကော်မတီများ

(၁) ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ဦးဆောင်ကော်မတီ (Karen National Dialogue Steering/Leading Committee - KNDSC)
(၂) ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ (Karen National Dialogue Convening Committee - KNDCC)
(၃) ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ဆပ်ကော်မတီများ

(၃-က) နိုင်ငံရေးကဏ္ဍဆပ်ကော်မတီ
(၃-ခ) စီးပွားရေးကဏ္ဍဆပ်ကော်မတီ
(၃-ဂ) လူမှုရေးကဏ္ဍဆပ်ကော်မတီ
(၃-ဃ) မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍဆပ်ကော်မတီ
(၃-င) လုံခြုံရေးကဏ္ဍဆပ်ကော်မတီ

အဖွဲ့များ

(၁) ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ (Management Team)

(၁-က) စီမံခန့်ခွဲရေးအဖွဲ့ (Administration Team)
(၁-ခ) ဘဏ္ဍာရေးအဖွဲ့ (Finance Team)
(၁-ဂ) ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ (Logistics Team)
(၁-ဃ) ပံ့ပိုးကူညီသူများအဖွဲ့ (Facilitation Team)
(၁-င) မှတ်တမ်းပြုစုရေးအဖွဲ့ (Documentation Team)
(၁-စ) သတင်းပြန်ကြားရေးနှင့်မီဒီယာအဖွဲ့ (Information & Media Team)

(၂) ဒေသအလိုက် Focal Person များ

(၂-က) ကော်သူလေဒေသ
(၂-ခ) အထက်မြန်မာပြည်ဒေသ
(၂-ဂ) ကရင်နီဒေသ
(၂-ဃ) တနင်္သာရီဒေသ
(၂-င) ဧရာဝတီဒေသ
(၂-စ) ရန်ကုန်ဒေသ
(၂-ဆ) ပဲခူးဒေသ
(၂-ဇ) မွန်ဒေသ
(၂-စျ) ကရင်ဒေသ

(၃) ကရင်နည်းပညာအထောက်အကူပြုအဖွဲ့

ဝေါဟာရစကားလုံးများ

၁။ EAOs - Ethnic Armed Organizations
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ
၂။ UPDJC - Union Peace Dialogue Joint Committee
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ
၃။ UPC - Union Peace Conference
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
၄။ DKBA - Democratic Karen Benevolent Army
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်
၅။ KNU/KNLA-PC - KNU/KNLA-Peace Council
ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ
၆။ KNU - Karen National Union
ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး

+
+
+
+
+
+
+
+
+