လူမျိုးတစ်မျိုး၊ ၎င်းတို့၏ မူလသဘာဝ နှင့် သမိုင်း
ကရင်လူမျိုးများသည် လူမျိုးစုတစ်စုမျှ မဟုတ်ပါ။ လူမျိုးကြီး တစ်မျိုးဖြစ်ပြီး လူမျိုးတစ်မျိုးတွင် ရှိသင့်ရှိထိုက်သော လက္ခဏာရပ်များနှင့် ပြီးပြည့်စုံလျှက်ရှိပါသည်။ လူဦးရေအားဖြင့် (၈) သန်းမှ (၁၀) သန်းအထိရှိမည်ဟု ခန့်မှန်းရပါသည်။ ကိုယ်ပိုင် သမိုင်း၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဉ်လာများ၊ အခြေချ နေထိုင်သည့် မြေနေရာနှင့် ဘဝရှင်သန်ရပ်တည်ပြီး ဖွံ့ဖြိုး တိုးတက်နိုင်ရန် အမျိုးသားတို့၏ ကိုယ်ပိုင်စီးပွားရေးမူဟန်ဖြင့် ပြည့်စုံလျှက် နေထိုင်လုပ်ကိုင်စား သောက်နေကြပါသည်။ သဘာဝအားဖြင့် ကရင်လူမျိုးများသည် ရိုးသားမှု၊ ဖြူစင်မှု၊ သန့်ရှင်းစင် ကြယ်မှုအပြင် တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာ နေထိုင်တတ်ခြင်း၊ သင့်တင့်မျှတသော လူနေမှုစနစ်၊ သစ္စာရှိခြင်းဖြင့် ပူးပေါင်းလုပ်ဆောင်တတ်ခြင်း၊ စိတ်နေ သဘောထားအရ ဖြူစင် သန့်ရှင်းခြင်း၊ သဟဇာတရှိသော ဘာသာတရားအရ ယုံကြည်ကိုးကွယ်မှုများအပြင် အေးချမ်းစွာ နေထိုင်လိုစိတ်ရှိပြီး ငြိမ်းချမ်းရေးကို မြတ်နှိုးမှုစသည့် အရည်အသွေးများနှင့် ပြည့်စုံလျှက်ရှိသော လူမျိုးတစ်မျိုးဖြစ်ပါသည်။
သမိုင်းကြောင်းအရ ကရင်လူမျိုးများသည် မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာခဲ့ကြသည်ဟု ယူဆရပါသည်။ ကရင်အမျိုးသားတို့၏ ဘိုးဘေးများသည် ဂိုဘီ သဲကန္တာရ ယန်ဇီကျန်းမြစ်ဝှမ်းရှိ ထီးဆဲ့မဲ့ယွာ (သဲများဖြင့် စီးဆင်းသောမြစ်) ဟု ခေါ်သော အရပ်တွင် အခြေချ နေထိုင်လာခဲ့ပါ သည်။ ထိုမှတဆင့် တောင်ဘက် အရပ်သို့ ရွှေ့ပြောင်းလာကြပြီး ယခုလက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းသို့ ဘီစီ ၇၃၉ ခုနှစ်တွင် နောက်ဆုံးဝင်ရောက် အခြေချ နေထိုင်လာခဲ့ပါသည်။ သမိုင်းပညာရှင်များ၏ သုတေသနပြုချက်များအရ ကရင်လူမျိုးများသည် ဤနယ်မြေသစ်သို့ ပထမဆုံး ဝင်ရောက်လာသော လူမျိုးဖြစ်သည်ဟု သိရပါသည်။ ဤအရပ်ဒေသကို ကော်လား (စိမ်း လန်းစိုပြေသော နိုင်ငံ/တိုင်းပြည်)ဟုလည်း ခေါ်တွင်ခဲ့ပါသည်။ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် အတားအဆီး အနှောက်အယှက် အမျိုးမျိုးကို ရှင်းလင်းပြီး ရပ်တည်လာခဲ့ကြသည်။ ရေမြေ တောတောင်နှင့် သစ်ပင်များအကြား ကြိုးစားရုန်းကန်ပြီး ကောက်ပဲသီးနှံများကို ဖူလုံစွာ စုဆောင်းလျှက် လုပ်ကိုင်စားသောက်ပြီး ပျော်ရွှင်အေးချမ်းစွာ နေထိုင်လာခဲ့ကြပါသည်။ ထို့ကြောင့်၊ ဤအရပ်ဒေသကို သာယာအေးချမ်း ကြွယ်ဝပြီး မကောင်းမှုများ ကင်းစင်ကာ စိတ်ဆင်းရဲခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မရှိသော တိုင်းပြည်/နိုင်ငံအဖြစ် (ကော်သူးလေ) ဟု ခေါ်ဝေါ်သမုတ်ခဲ့ပါသည်။ ဤသည်မှာ ကရင်လူမျိုးများ၏ ရိုးရှင်းသောဘဝ၊ အရှုပ်အထွေးကင်းမဲ့ပြီး ငြိမ်းချမ်းသာယာသော ဘဝ၏ ရှင်သန်ရပ်တည် နေထိုင်မှုများပင် ဖြစ်ပါသည်။
ကရင့်အမျိုးသားရေးဝါဒ
ဘိုးဘေးအစဉ်အဆက် ပြောဆိုဆုံးမ သုံးနှုန်းလာခဲ့ကြသော စကားရပ်များမှ စကောကရင် စာပေကို ၁၈၃၀ ခုနှစ်တွင်လည်းကောင်း၊ နောက်ထပ် ၁၀ နှစ်အကြာတွင် ပိုးကရင်စာပေကိုလည်း ကောင်း တီထွင်ကာ အက္ခရာတင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါသည်။ ထိုအချိန်မှ စတင်၍ အမျိုးသားရေး နှင့်ဆိုင်သော အသိတရားများ ထွန်းကားလာခဲ့ပါသည်။
မြန်မာပြည်သည် ဗြိတိသျှ ကိုလိုနီ လက်အောက်သို့ အပြည့်အဝ မကျရောက်မီ ၅ နှစ်၊ ၁၈၈၁ ခုနှစ် ကတည်းကပင် ဒေါက်တာ တီသံပြာ ဦးစီးဦးဆောင်ပြီး (ဒေါကလူ အသင်း ခေါ် Karen National Association - KNA) ကို စတင် တည်ထောင်ခဲ့ပါသည်။ အသင်းကြီး၏ အခြေခံ မျှော်မှန်းချက်များ မှာ ကရင်လူမျိုး၏ ဝိသေသ လက္ခဏာအရ အချင်းချင်း စည်းလုံးညီညွတ်ရန်၊ ခေါင်းဆောင်မှု၊ စားပေနှင့် ပညာရေးတွင် မြှင့်မားလာရန်၊ လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက် လာစေရန် ဖြစ်ပါသည်။ ၁၈၈၅ ခုနှစ် နောက်ပိုင်းတွင် ပြုလုပ်ခဲ့သော အစည်းအဝေး အစီအစဉ် တစ်ခုတွင် ထိုခေတ်ကာလ၌ သစ္စာရှိသည့် ကရင့်အမျိုးသားရေး ဝါဒ လွှမ်းမိုးမှုများ ရှိခဲ့သည်ဟု ဗြိတိသျှ အစိုးရမှ ဖော်ပြခဲ့ပါသည်။
ဒေါကလူ အသင်း၏ ဦးဆောင်မှုအောက်တွင် ကရင်လူမျိုးအများအပြား ဗြိတိသျှအစိုးရထံတွင် စစ်မှုထမ်းခဲ့ကြပြီး အင်္ဂလိပ်-မြန်မာ နောက်ဆုံးစစ်ပွဲနှင့် ဒုတိယ ကမ္ဘာစစ် အာရှစစ်မျက်နှာသို့ ရောက်ရှိလာသော အခါတွင်လည်း ဗြိတိသျှတပ်နှင့် အတူလက်တွဲ တိုက်ခဲ့ကြပါသည်။ ၁၉၁၃ ခုနှစ် ဗြိတိသျှ အစိုးရ၏ အသစ် ဖွဲ့စည်းလိုက်သော ဥပဒေပြုကောင်စီတွင် ကရင့်အမျိုးသား ပညာရှင် များကို ရွေးချယ်ပြီး အသိအမှတ်ပြုမှုများကို ရရှိရန် ဒေါကလူအသင်းမှ တိုက်တွန်းလှုံ့ဆော်ခဲ့ပါ သည်။ ထို့ကြောင့်၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများထဲတွင် ဒေါက်တာတီသံပြာသည် ပထမဆုံး ဥပဒေပြုကောင်စီ၌ အရွေးချယ်ခံ ခဲ့ရပါသည်။
၁၉၂၀ ၏ နှစ်လည်ပိုင်းတွင် ဒေါကလူအသင်း ဥက္ကဋ္ဌ ဒေါက်တာ စံစီဖိုး မှ ဗြိတိသျှ အစိုးရ အုပ်ချုပ်မှုအောက်တွင် ကရင်ပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရရှိရန် အဖွဲ့ဝင်များနှင့် အတူ စည်းရုံးရေး စတင်လုပ်ဆောင်ခဲ့ပါသည်။
၁၉၂၈ ခုနှစ်တွင် ဒေါကလူအသင်း၏ အဖွဲ့ဝင် စောသာအေးကြီးမှ ကရင့်အမျိုးသားသီချင်း ကို ရေးစပ်ဖွဲ့ဆိုခဲ့ပြီး ကရင့်အမျိုးသား အလံတော်ကို ၁၉၃၇ ခုနှစ်တွင် ဖန်တီးရေးဆွဲခဲ့ကြပါသည်။ ကရင့်အမျိုးသားသီချင်းတွင် အပိုဒ် ၃ ပိုဒ် ပါရှိပြီး ပထမပိုဒ်သည် ကရင်လူမျိုးကို ချစ်မြတ်နိုးသည့် အကြောင်းနှင့် တန်ဖိုးရှိမှုများကို ဂုဏ်ယူလေးစားကြောင်း ဖော်ညွှန်းထားပါသည်။ ဒုတိယ စာပိုဒ် တွင်မူ ရွှေကဲ့သို့ အဖိုးတန်သော စာအုပ်ကို ပြန်လည်ဆောင်နှင်းပေးသည့် အသားဖြူသော ညီငယ်အား ပို့ဆောင်ပေးသော ထာဝရအရှင်သခင်ကို ကျေးဇူးတင်ကြောင်း ပါရှိပြီး တတိယ စာပိုဒ် တွင် ထို ထာဝရအရှင်သခင်၏ ငယ်သားကောင်းများအဖြစ် လူမျိုး အသီးသီးထံသို့ သတင်းကောင်း ကို ဖြန့်ဝေသွားနိုင်ရန် ကရင် အမျိုးသားများမှ ဆုတောင်းလျှက် ကတိပြုကြောင်း ပါရှိပါသည်။
ကရင့်အမျိုးသား အလံတော် ကို ပုံစံရေးဆွဲမှုပြိုင်ပွဲ ကျင်းပပြီးနောက်မှ ရွေးချယ်ဖန်တီး ရေးဆွဲခဲ့ပါ သည်။ ပြိုင်ပွဲတွင် နောက်ဆုံးတွင် အကောင်းဆုံးသော အလံတော်ပုံစံ ၃ ခု ကို ဒေါကလူအသင်းမှ ကရင့်အမျိုးသားများ၏ ဝိသေသလက္ခဏာများကို ဖော်ထုတ်သည့် အမျိုးအစား၊ ကရင်လူမျိုးတို့၏ စံတန်ဖိုးကို သရုပ်ဖော်သည့် အမျိုးအစား၊ ကရင့်ဒဏ္ဍာရီလာ လူမျိုးစု ခေါင်းဆောင်ကြီး ဖူးထော့မဲပါ ၏ သန့်ရှင်းစင်ကြယ်ခြင်းကို ဖော်ညွန်းသည့် အမျိုးအစား စသည်တို့ ပါဝင်သော အဓိပ္ပါယ်ဖော်ခြင်း ကို စုပေါင်းကာ အလံတော်ကို ဖန်တီးရေးဆွဲ ခဲ့ကြပါသည်။ ပထမဆုံး အလံတော်ကို ၁၉၃၇ ခုနှစ်တွင် လွှတ်တော်မှ တရားဝင် နိုင်ငံတော် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့သည့် ပထမဆုံး ကရင့်အမျိုးသား နှစ်သစ်ကူးနေ့တွင် လွှင့်ထူအလေးပြု ခဲ့ကြပြီးနောက် ယနေ့အထိတိုင် သတ်မှတ်အသုံးပြုလျှက် ရှိနေပါသည်။
၁၉၀၂ ခုနှစ်တွင်တကြိမ် ၁၉၁၇ ခုနှစ်တွင်တကြိမ် ထုတ်ဝေခဲ့သော ဒေါက်တာတီသံပြာ၏ ကရင့် သမိုင်းကြောင်းဆိုင်ရာ စာအုပ်နှင့် စောအောင်လှ၏ ၁၉၃၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကရင်လူမျိုး အကြောင်း စာအုပ်များကြောင့် ဗြိတိသျှကိုလိုနီ အစိုးရမှ မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဝင်ရောက် အခြေချနေထိုင်သူများအဖြစ် ကရင်လူမျိုးများကို အသိအမှတ်ပြု ထောက်ခံခဲ့ကြပါသည်။ ဤအ ချင်းအရာသည် မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး အခင်းအကျင်းများကို ရေတို၊ ရေရှည် အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်လာစေမည့် ကာလတစ်ခု ဖြစ်ခဲ့ရပါသည်။ ဒေါကလူအသင်းအား ကရင်ဗဟို အဖွဲ့ချုပ် (ခေါ်) ကေစီအို အဖြစ် ၁၉၄၂ တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ လွတ်လပ်ရေး ရရှိရေး အထမြောက်ရန် ဆွေးနွေးခဲ့ကြသည့်အချိန်တွင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ သည် တိုင်းရင်းသား လူမျိုးအားလုံးကို ကိုယ်စားပြုပြီး သင့်လျော်သည့် စနစ်တစ်ခု မရှိသေးသဖြင့် လွတ်လပ်ရေး ရယူရန် အဆင်သင့် မဖြစ်သေးကြောင်း လွှတ်တော်တွင် ဦးဆောင်ဆွေးနွေးခဲ့ သော်လည်း အထမမြောက်ခဲ့ပေ။ ထို့ကြောင့်၊ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ ကို ၁၉၄၆ ခုနှစ်တွင် လန်ဒန်မြို့သို့ ဖွဲ့စည်းစေလွှတ်ခဲ့ပြီး ယခု ဗြိတိသျှအ စိုးရမှ အဆောတလျင် ပေးမည့် လွတ်လပ်ရေး အပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေခြင်း၊ ၁၉၂၈ ခုနှစ်တွင် ဒေါက်တာစံစီဖိုးမှ ပထမဆုံး အဆိုပြုတင် သွင်းခဲ့သော သီးခြား ကရင်ပြည် (ကော်သူးလေပြည်) ကို ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်းတွင် ဗြိတိသျှ အစိုးရမှ အသိအမှတ်ပြု ထောက်ခံရန် သွားရောက်ဆွေးနွေး တင်ပြ ခဲ့ကြပါသည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမှ ဗြိတိန် ဝန်ကြီးချုပ်နှင့် သွား ရောက်တွေ့ဆုံပြီး တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရန်ဟူသော အချက်ပါရှိသည့် အောင်ဆန်း-အက်တလီ စာချုပ် ကို ချုပ်ဆိုခဲ့ပါသည်။ အဆိုပါ စာချုပ်သည် ကရင်လူမျိုးအတွက် မည်သည့် အကျိုးရလဒ်မှ မပါဝင်သောကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ အစိုးရအဖွဲ့ဝင် စောဘဦးကြီးသည် ကက်ဘိနက်အဖွဲ့မှ နှုတ်ထွက်ခဲ့ပါသည်။
၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် ကရင့်အမျိုးသားရေး ဦးဆောင်အဖွဲ့ ၄ ဖွဲ့ဖြစ်သော ဒေါက်တာတီသံပြာ ဦးဆောင်ဖွဲ့စည်းခဲ့သည့် ဒေါကလူအသင်း၊ ဆရာတော် ဦးပညာဝံသနှင့် စောဘသန်းရွှေ ဦးဆောင်ဖွဲ့စည်းခဲ့သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအသင်း၊ စောသာဒင် ဦးဆောင်သော ကရင်ဗဟို အဖွဲ့ချုပ်၊ စောစံဖိုးသင် ဦးဆောင်သော ကရင်လူငယ် အစည်းအရုံး တို့အား စုပေါင်းပြီး ကရင့်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး စောစံ ဖိုးသင်မှ ဦးဆောင်ခဲ့ပါသည်။
ကရင်အမျိုးသား အစည်းအရုံးသည် ကရင်တမျိုးသားလုံး၏ ရည်မှန်းချက် ပြည့်ဝစေရန် နိုင်ငံရေး အရ ဦးဆောင်မှု ပေးရမည့် အဖွဲ့အစည်းဖြစ်ပါသည်။ ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော စောစံဖိုးသင်မှာ ကေအဲန်ယူ ဖွဲ့စည်းပြီး (၂)လ အကြာ ဝန်ကြီးများ အဖွဲ့တွင် ပြန်လည်တာဝန်ယူ လိုက်သောကြောင့် ဥက္ကဋ္ဌသစ်အဖြစ် စောဘဦးကြီးကို ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးသည် အစိုးရ၏ အသိအမှတ်ပြုခံရသည့် အချိန်မှ စတင် ၍ ယနေ့အထိတိုင် ကရင်တစ်မျိုးသားလုံးမှ လက်ခံအသိအမှတ်ပြုနေသည့် အဖွဲ့အစည်း တစ်ခုဖြစ် ပါသည်။ တစ်ချိန်တည်းမှာပင် လွတ်လပ်ရေး အရယူရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံးအတွက် လက်ရုံး အနေဖြင့် ကရင့်အမျိုးသားများ၏ လုံခြုံရေးကို ကာကွယ်ပေးမည့် ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(Karen National Defense Organization)ကို ဖွဲ့စည်းခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ်အပြီး ဗမာမျိုးချစ်ခေါင်းဆောင် အောင်ဆန်း (ဒုတိယ ကမ္ဘာစစ်ကြီး အပြီးတွင် ပါးနပ်စွာ ဘက်ပြောင်းသစ္စာခံခဲ့သူ)သည် ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ တွင် ခေါ်ဆိုခဲ့ပါသည်။ အဆိုပါ ညီလာခံသည် တိုင်းရင်းသား လူမျိုးများအတွက် အာမခံချက် အပြည့်အဝ ပေးနိုင်မည် မဟုတ်သောကြောင့် အသစ် ဖွဲ့စည်းလိုက်သော ကေအဲန်ယူ-ကရင်အမျိုး သား အစည်းအရုံး အနေဖြင့် ထိုပင်လုံညီလာခံတွင် ပါဝင်ရန် ငြင်းဆန်ခဲ့သော်လည်း အဆိုပါ စာချုပ်သည် အခြားသော တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်အမျိုးသားရေး လက္ခဏာများနှင့် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ရ နယ်မြေများကို အသိအမှတ်ပြုပြီး တန်းတူရည်တူမှုများကို အခြေခံ သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်မည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤသဘောတူညီချက်သည် များမကြာမီ လွတ်လပ်ရေး ရရှိလာ မည့် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံ သဘောတူညီချက် အုတ်မြစ်တစ်ခု ဖြစ်လာ ပါသည်။ သို့ရာတွင်၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော စည်းလုံးညီညွတ်သည့် နိုင်ငံသည် အောင်ဆန်းနှင့် တစ်ကွ အခြားသော ခေါင်းဆောင်း (၆) ဦးသည် ၁၉၄၇ ခုနှစ် ဇူလှိုင်လ နောင်းပိုင်း မှာပင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါသည်။ ထိုကြံစည် သတ်ဖြတ်မှုကြီးတွင် အခြားသေား တိုင်ရင်း သား ခေါင်းဆောင်များ ဖြစ်သည့် ကရင်အမျိုးသား ခေါင်းဆောင် မန်းဘခိုင် နှင့် ရှမ်းအမျိုးသား ခေါင်းဆောင် စအိုစန်းထွန်း တိုလည်း ပါဝင်ပါသည်။ ထို လုပ်ကြံသတ်ဖြတ်မှုကြီး နှင့်အတူ ပင်လုံ သဘောတူညီချက်ဖြစ်သော ပင်လုံစိတ်ဓာတ်ကြီးသည်လည်း လုပ်ကြံသတ်ဖြတ်ခြင်းအတူ ချုပ်ငြိမ်း သွားပါသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ပြီး အခြားတိုင်းရင်းသားလူမျိုးများ အတွက် မည်သည့်အခွင့်အလမ်းမျှ မရှိတော့သော ဦးနု ဦးဆောင်သည့် မဟာဗမာလူမျိုးကြီးဝါဒဖြင့် အစိုးရမှ စတင် အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့်၊ ပြည်ထောင်စု တဝှမ်းလုံးရှိ ကရင်အမျိုးသားအမျိုး သမီး ဦးရေ (၄) သိန်းကျော်မှ စည်းလုံးညီညွတ်မှု နှင့် ကရင်ပြည် (ခေါ်) ကော်သူးလေ ကို အစိုးရမှ တရားဝင် အသိအမှတ်ပြုပေးရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ထိုအချိန်က ဖော်ထုတ်ပြခဲ့သော ဆန္ဒကြီး (၄) ရပ်မှာ -
(၁) ကရင်ပြည် ချက်ချင်းပေး
(၂) ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ
(၃) လူမျိုးရေး အဓိကရုဏ်း အလိုမရှိ
(၄) ပြည်တွင်းစစ် အလိုမရှိ တို့ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ အုပ်ချုပ်သူ ဗမာအစိုးရမှ ထိုတောင်းဆိုချက်များနှင့် အခြားသော တိုင်းရင်း သား လူမျိုးများ၏ တင်ပြတောင်းဆိုချက်များကို လျစ်လျူရှုခဲ့ပါသည်။ ၁၉၄၈ နှစ်ကုန်ပိုင်းမှ စတင်၍ ၁၉၄၉ ခုနှစ် အစောပိုင်းအထိ အစိုးရ တပ်များသည် ကရင်အမျိုးသား၏ လုံခြုံရေး ဂိတ်များနှင့် ရန်ကုန်မြို့ ပတ်ဝန်းကျင် အတွင်းရှိ ကရင်အမျိုးသားအမျိုးသမီး အမြောက်အများကို လူမဆန်စွာ သတ်ဖြတ်တိုက်ခိုက်လာကြပါသည်။ ထို့ကြောင့်၊ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် မိမိအမျိုးသားများ၏ လုံခြုံမှု၊ လွတ်လပ်မှု နှင့်အမျိုးသားများ၏ အကျိုးစီးပွါးကို ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် လက်နက်ကိုင် လမ်းစဉ်မှတပါး အခြား ရွေးချယ်စရာနည်းလမ်း မရှိ ဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင်၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(ကေအဲန်ဒီအို-KNDO) ကဲ့သို့ပင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ကေအဲန်အယ်လ်အေ-KNLA) ပေါ် ပေါက်လာခဲ့ရပြီး ကရင်အမျိုးသားများ အလိုမရှိခဲ့သော ပြည်တွင်းစစ်မီးသည် ဆက်လက် တောက်လောင်ခဲ့ရတော့သည်။ နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင်တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုး ဖောက်မှုများနှင့် သွေးထွက်သံယိုသေဆုံးကြရမှုများမှာလည်း အမြောက်အများ ကြုံတွေ့ခဲ့ကြရပါ သည်။
ကရင့်အမျိုးသား တော်လှန်ရေးဟု လူသိများခဲ့ကြသော ကရင့်အမျိုးသားရေး ကြိုးပမ်းမှု တိုက်ပွဲ များ၏ အဓိက ရည်မှန်းချက် ပန်းတိုင်သည် ကရင်ပြည် (ခေါ်) ကော်သူးလေ အသိအမှတ်ပြုမှု ရရှိရန် ကေအဲန်ယူ-ကရင့်အမျိုးသားများ၏ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုသည်လည်း ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် စတင်ခဲ့ရပါသည်။ တချိန်တည်းမှာပင် ကေအဲန်ယူ၏ ဥက္ကဋ္ဌ စောဘဦးကြီးသည် ကရင်အမျိုးသားများ၏ အမျိုးသားရေး လှုပ်ရှားမှုကြီးအတွက် အောက်ပါ မူ (၄) ရပ်ကို ချမှတ်ခဲ့ပါသည်။
(၁) လက်နက်ချစကား အလျဉ်းမပြောရ။
(၂) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်။
(၃) ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည်။
(၄) ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။
ပြည်တွင်း၊ ပြည်ပ အခြေအနေများကြားတွင် ကရင်ပြည် (ခေါ်) ကော်သူးလေ တွင် အုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရန် ကော်သူးလေ အစိုးရကို ၁၉၅၀ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးကြီး၏ နိုင်ငံရေး ဦးဆောင်မှု နှင့်အညီ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(Karen National Liberation Army) ကို စည်းစနစ်ကျကျ လေ့ကျင့်သင်ကြား ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ကေအဲန်ယူ-ကရင်အမျိုး သား အစည်းအရုံး၏ အဓိက ရည်မှန်းချက်သည် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးပင်ဖြစ်ပါသည်။ ထို့ကြောင့်၊ တိုင်းရင်းသား လူမျိုးအားလုံး ပါဝင်ကိုယ်စားပြုမှုအပေါ် အခြေခံပြီး လွတ်လပ်မှု၊ တန်းတူမှုအပြင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုများကို အပြည့်အ၀ အာမခံချက် ပေးသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန် ကြိုးစားနေရခြင်းပင် ဖြစ်ပါသည်။
ကရင်ပြည်နယ်ကို ထိုပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများ၏ ဆန္ဒနှင့်အညီ အုပ်ချုပ်သွားရမည် ဖြစ်ပါသည်။ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ မူဝါဒမှာ အမျိုးသား ဒီမိုကရေစီ စနစ်ပင် ဖြစ်ပါသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အသိအမှတ်ပြုပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကိုလည်း လက်ကမ်းကြိုဆိုပါသည်။ ကရင် ပြည်နယ် (ခေါ်) ကော်သူးလေ တွင်းရှိ ပြည်သူလူထု အပေါင်းတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေး မှု၊ နိုင်ငံရေး နှင့် ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အဝ ရရှိရေးပင် ဖြစ်ပါသည်။ ဘာသာတရား များ၏ လွတ်လပ်မှုနှင့် တန်းတူမှုကို အာမခံချက် ပေးထားရမည် ဖြစ်ပါသည်။ ထို့အတူ၊ အခြားပြည် နယ်များနှင့် ရင်းနှီးစွာ ဆက်ဆံရေးကို ထိန်းသိမ်းထားမည်ဖြစ်ပြီး အပြန်အလှန် လေးစားအသိ အမှတ်ပြုရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောခြင်းများ ထိမ်းသိမ်းစောင့် ရှောက်သွားမည် ဖြစ်ပါ သည်။ ကရင်ပြည်နယ် (ခေါ်) ကော်သူးလေ နယ်မြေအတွင်း ဘိန်းနှင့် ဆိုင်သော လုပ်ငန်းများ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် သန့်စင်ခြင်း အပြင် မူးယစ်ဆေးဝါးများ သယ်ယူ ပို့ဆောင်ခြင်းနှင့် ရောင်း ဝယ်ဖောက်ကားခြင်းများကို လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။
ကရင့်အမျိုသားများ၏ ခုခံတော်လှန်ရေးသည် အမျိုးသားရေးအရ ဖိနှိပ်ခြင်း၊ ကျွန်ပြုအုပ်ချုပ်ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းနှင့် ဗမာလူမျိုးများ၏ ကြီးစိုးခြယ်လှယ်မှုများမှ ရှင်သန်ရပ်တည် နိုင်ရန် ခုခံကာကွယ်ခြင်း သက်သက်သာ မဟုတ်ပေ။ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များအပေါ် အခြေခံ ထားသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုယ်စားပြုသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုပင် ဖြစ်ပါသည်။
မိမိတို့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးသည် ကမ္ဘာ့ကုလ သမဂ္ဂ၏ ပဋိညဉ်စားတမ်းကို ယုံကြည်အသိအမှတ်ပြုပြီး လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်များအပြင် ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုင်ရာ မူဝါဒများ၊ လူသားတို့၏ ဒီမိုကရေစီရေးအရ လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်မျာနှင့်ဆိုင် သော အခွင့်အရေးအားလုံးအတွက် ခုခံတိုက်ပွဲဝင်နေခြင်းဖြစ်ပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးသည် အစည်းအရုံးကြီးအား စတင်ဖွဲ့စည်းတည်ထောင် ချိန်မှစပြီး ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းများနှင့် ရည်ရွယ်ချက်များကို ထိမ်းသိမ်းစောင့်စည်းပြီး လိုက် နာခဲ့ကြပါသည်။ ကရင်အမျိုးသား အစည်းအရုံးကြီးသည် ကရင်အမျိုးသားများအတွက် အစိုးရ တစ်ရပ် အနေဖြင့် ဦးဆောင်ဦးရွက်ပြုနေပါသည်။ ပြည်တွင်းစစ် ပဋိပက္ခကြောင့် ထိခိုက် နစ်နာမှု များနှင့် ပြေးလွှားရှောင်တိမ်းနေရသော အခြားသော ရွှေ့ပြောင်းဒုက္ခသည်များ(ကရင်ပြည် သူလူထု အပါအဝင်)အတွက် လူမှုရေးဝန်ဆောင်မှုများ(social services)ကို လက်တွေ့ကျကျ ကူညီပံ့ပိုး ပေးနေသည့် အစည်းအရုံးကြီး ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုများတွင် စာသင်ကျောင်းများနှင့် သက်ဆိုင်သော အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ကူညီစောင့်ရှောက် ခြင်းနှင့် ကုသပေးခြင်း၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးခြင်း အပြင် လူမှုဘဝလုံခြုံရေး စသည်တို့ကို ကေအဲန်အယ်လ်အေ-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(Karen National Liberation Army -KNLA) မှ ကြီးကြပ်ဆောင် ရွက်ပေးလျှက်ရှိပါသည်။