စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ Covid-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကရင့်ကျန်းမာရေးဌာန မှ ပြည်သူများကို အသိပေးခြင်း


၂၀၁၉ ဒီဇင်ဘလတွင် Covid-19 ရောဂါကို တရုတ်ပြည် ဝူဟန်မြို့မှစတင်တွေ့ရှိပြီး တရုတ်ပြည်အတွင်းတွင်ကူးစက်ပျံ့ပွားလျက်ရှိရာ တရုတ်ပြည်သူများသည် Covid-19 ရောဂါကြောင့် ၄၆၃၇ ခန့် သေဆုံးခဲ့ရပါသည်။ တရုတ်ပြည်မှ စတင်ကူးစက်သော ဤရောဂါသည် ၂၀၂ဝအတွင်းတွင် ကမ္ဘာ့နေရာ အနှံ့အပြားသို့ ကူးစက်ပျံ့နှံ့ ပြန့်ပွားလျက်ရှိသည်။ အမေရိကန် ၊ အီတလီ ၊ စပိန် နှင့် အခြားရာနှင်ချီသောနိုင်ငံများသည် ဤရောဂါ၏ ကူးစက်ပြန့်ပွားမှုကိုခံရပြီး အသက်ပေါင်းမြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ၏မှတ်တမ်းအရ ကမ္ဘာ တစ်ဝှမ်း Covid-19 ရောဂါ ကူးစက်ခံရသူပေါင်း ၄ ၁၀၂ ၈၄၉ ဦးရှိရာ ၁ ၄၁၁ ၆၁၉ ဦးမှာ ရောဂါပျောက်ကင်း၍ ပြန်လည်ကျန်းမာလာပြီး ၂၈၂ ၇၁၉ ဦးမှာ ဤရောဂါကြောင့် သေဆုံးခဲ့ရပါသည်။

ဤရောဂါသည် ကူးစက်ပြန့်ပွားမှု မြန်ဆန်ပြီး လူအသေအပျောက်များသောကြောင့် နိုင်ငံခေါင်းဆောင်အကြီးအကဲများသည် လူအသွားအလာ ၊ ကူးသန်းရောင်းဝယ်မှု နှင့် လူများသောနေရာသို့ သွားခြင်းဖြစ်သော စျေး ၊ ပွဲလန်းသဘင် ၊ ဘုရားဝတ်ပြုရာနေရာ နှင့် လူ ၁၀ ဦးထက်ပိုသော အစည်းအဝေးပြုလုပ်ခြင်း များကို တားဆီးပိတ်ပင်ခဲ့ရပါသည်။ ထို့ပြင် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် တစ်ဦးနှင့်တစ်ဦး ခပ်ကွာကွာတွင်နေရန် ၊ နှာခေါင်းပိတ်အသုံးပြုရန် နှင့် လက်ဆေးရန် များကိုလဲ အကြံပြု ပေးခဲ့ပါသည်။

ဤရောဂါသည် ကော်သူးလေ နယ်မြေအတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရန် နှင့် အကယ်၍ ရောဂါဖြစ်ပေါ်ပါက အချိန်မှီစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှ တပ်မဟာ များနှင့် ခရိုင်များကို ခရိုင် ၊ မြို့နယ် နှင့် ကျေးရွာ များတွင် Covid-19 ရောဂါကာကွယ်ရေးကော်မတီကို ဖွဲ့စည်းရန် ညွှန်ကြားခဲ့ပါသည်။ သို့နည်းတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ Covid-19 ရောဂါ ကာကွယ်ရေးကော်မတီကို ဗဟို အဆင့်မှဖွဲ့စည်းပြီး ပဒိုစောဒိုင်းမွန်းခင် (ဒုတာဝန်ခံ ကေအဲန်ယူ - ကျန်းမာရေးဌာန ဗဟို) မှ ဦးဆောင်လျက်ရှိသည်။ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ၏ ညွှန်ကြားချက်နှင့်အညီ ခရိုင် နှင့် မြို့နယ် အဆင့်အလိုက်တွင် ကျန်းမာရေးဌာန ၊ ဆေးတပ် ၊ KYO ၊ KWO နှင့် သက်ဆိုင်ရာဌာနမှ ခေါင်းဆောင်များပါဝင်သော Covid-19 ရောဂါ ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။Covid-19 ရောဂါ ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူများသည် ရောဂါ နှင့် ပတ်သက်၍ နာလည်သဘောပေါက်မှု အပြည့်အဝရှိစေရန်အတွက် ကေအဲန်ယူ - ကျန်းမာရေးဌာန (ဗဟို) မှ ကျန်းမာရေးလုပ်သားများကို သင်တန်းပို့ချမှု အစီအစဉ်များလဲ ပြုလုပ်ခဲ့ပါသည်။

၂၀၂၀ ခုနှစ် ဧပြီလ အတွင်းတွင် ကေအဲန်ယူ - ကျန်းမာရေးဌနမ (ဗဟို)မှ သင်တန်း ၅ ကြိမ်ပြုလုပ်ခဲ့ပြီး တက်ရောက်လာသော ကျန်းမာရေးလုပ်သားများသည် ပြန်လည်ကာ လှုပ်ရှားဆောင်ရွက်မှုများပြုလုပ်ပြီး Covid-19 ရောဂါ ကာကွယ်ရေးအသိပညာပေးများကို ပြည်သူလူထုထံသို့ ပြန်လည်ဝေငှ ခဲ့ပါသည်။ ထို့ပြင် လိုအပ်သောပစ္စည်းများဖြစ်သော အပူချိန်တိုင်းကရိယာ ၊ နှာခေါင်းပိတ် (Mask) ၊ အသိပညာပေးစာစောင် (posters) နှင့် အခြားလိုအပ်သောအရာများကို ကေအဲန်ယူ - ကျန်းမာရေးဌာနမှ ဦးစီးပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Covid-19 ရောဂါကို ကာကွယ်နိုင်ရန်အတွက် ခရိုင်အသီးသီးမှ လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ခရိုင်မှ တာဝန်ရှိသူများသည် Covid-19 ရောဂါ နှင့် ပတ်သက်၍သော စစ်ဆေးရေးဂိတ် (Screening Points) များချမှတ်ခဲ့ပါသည်။ ဤသည် ခရီးသွားပြည်များ၏ Covid-19 နှင့် ပတ်သက်သော ရောဂါ အခြေအနေကို သိရှိရန်ပေဖြစ်သည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းတွင် Screening Points စုစုပေါင်း ၄၉ ခု ချမှတ်ခဲ့ရာ
သထုံခရိုင်တွင် ၆ ခု ၊ တောင်ငူခရိုင်တွင် ၅ ခု ၊ ညောင်လေးပင်ခရိုင်တွင် ၁၁ ခု ၊ မြိတ်ထားဝယ်ခရိုင်တွင် ၆ ခု ၊ မူတြော်ခရိုင်တွင် ၄ ခု ၊ ဒူးပလာယာခရိုင်တွင် ၁၁ ခု နှင့် ဘားအံခရိုင်တွင် ၆ ခု တို့ဖြစ်သည်။

Screening Points အားလုံးတို့သည် ကေအဲန်ယူ ဗဟို ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ကျန်းမာရေးလုပ်သားများနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင်များမှ လှုပ်ရှားမှုပြုကာ ညြ်သူလူထုများကို အပူချိန်တိုင်းတာခြင်း နှင့် လက်ဆေးခြင်းများဖြင့် Covid-19 ရောဂါမှ ကင်းလွတ်စေရေးအတွက် ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် အချို့သောဒေသများ နှင့် အချို့သောကျေးရွာများ တို့သည် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှာကို စိုးရိမ်ကြောက်ကြသဖြင့် ဒေသအတွင်း လူအဝင်အထွက် ပိတ်ပင်ထားခြင်းများလဲရှိပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဗဟို နှင့် Covid-19 ရောဂါ ကော်မတီတို့ စီစဉ် ဆောင်ရွက်ထားသည်မှာ - အကယ်၍ Covid-19 ရောဂါ နှင့် ပတ်သက်သော သံသယလူနာ တွေ့ရှိပါက ဘယ်သို့ပို့ဆောင်ရမည် , ဘယ်သို့ဆေးကုသရမည်ကို အစိုးရဆေးရုံများနှင့် ဆက်သွယ်မှုများပြုလုပ်ထားပြီးဖြစ်သည်။
Screening Points စတင် မှ ယခုအချိန်ထိ Covid-19 နှင့် ပတ်သက်သောလူနာ တစ်ဦးတစ်ယောက်မှ မတွေ့ရှိသေးပေ။

ပြည်သူလူထုများ Covid-19 ရောဂါမှ လွတ်ကင်းစေရန်အတွက် ခရိုင်တာဝန်ရှိသူများနှင့် ကျန်းမာရေးလုပ်သားများသည် စွမ်းစွမ်းတမံ နှင့် ကြတ်ကြတ်မတ်မတ်ဖြင့် လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။ အချို့သော ခရိုင်များတွင် မြန်မာတပ်မတော်၏ နှောက်ယှက်ဟန့်တားမှုများနှင့် ရင်ဆိုင်နေရပါသည်။ အထူးသဖြင့် သထုံခရိုင် နှင့် မူတြော်ခရိုင် တို့တွင် မြန်မာတပ်မတော်၏ နှောက်ယှက်ဟန့်တားမှုများ ရှိလာသောကြောင့် ၂၀၂ဝခုနှစ် မေလ ၆ ရက်နေ့တွင် မူတြော်ခရိုင်အတွင်း၌ ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါသည်။ ထို့အတူ မြန်မာတပ်မတော်၏ နှောက်ယှက်ဟန့်တားမှုကြောင့် အချို့သော Screening Points တို့သည် ရပ်နားထားရပြီး အချို့တို့မှာ ခေတ္တဖယ်ရှားမှု ပြုခဲ့ရပါသည်။ ထို့အပြင် ပစ်ပတ်မှုဖြစ်ပွားသောနေရာတွင် ထွက်ပြေးတိမ်းရှောင်၍ အခက်အခဲ ဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူလူထု ၂၀၀ ကျော်ခန့်ရှိပါသည်။ Covid-19 ရောဂါ ကာကွယ်တာဆီးရေးတွင် ရှေ့ဆက် မြန်မာတပ်မတော်မှ နှောက်ယှက်ဟန့်တားမှုများမပြုရန် နှင့် ပဋိပက္ခ ကို ထပ်မံ မဖန်တီးရန်အတွက် NRPC သို့ စာပို့ထားပြီးဖြစ်သည်။ ထို့အတူ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးတို့သည် Covid-19 ရောဂါ ကာကွယ်ရေးအတွက် ချမှတ်ထားသောစည်းကမ်းများကို လိုက်နာရပါမည်။ ကရင့်နယ်မြေအတွင်းတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများသည်လဲ ရောဂါကာကွယ်တားဆီးရေးတွင် အားကြိုမာန်တက် နှင့် ဆောင်ရွက်လျက်ရှိပါသည်။

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးသည် အစိုးရ တစ်ရပ်၏ အင်္ဂါရ နှင့် ညီသော ဖွဲ့စည်းအုပ်ချုပ်မှုစနစ် ပြည့်စုံသည့် နိုင်ငံရေး တော်လှန်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးသည် ဌာန ၁၄ ခု နှင့် ခရိုင် ၇ ခု ရှိပြီး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူလူထုများ Covid -19 ရောဂါ နှင့် ကင်းလွတ်ရန်အတွက်သာမက ဖိနှိပ်မှု အမျိုးမျိုးမှ ကင်းလွတ်ရန်အတွက် တစိုက်မတ်မတ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဌာန နှင့် ခရိုင် များသည် ကရင်အမျိုးသားများ ဖိနှိပ်မှုမှ လွတ်မြောက်ရန်အတွက်နှင့် တန်းတူညီတူ အခွင့်အရေးရရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ကျန်းမာရေးသည် ကျန်မာရေးအခန်းကဏ္ဏ ၌ သော်လည်းကောင်း ၊ ပညာရေးသည် ပညာရေး ကဏ္ဏ၌ သော်လည်းကောင်း၊ အုပ်ချုပ်ရေးသည် အုပ်ချုပ်ရေးကဏ္ဏ၌ သော်လည်းကောင်း၊ ကရင့်အမျိုးသားတပ်မတော်သည် သူ၏ ကဏ္ဏ၌ သော်လည်းကောင်း စွမ်းစွမ်းတမံဖြင့် ကြိုးစားအားထုတ်လျက် ရှိကြပါသည်။