စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၁၂) ၏ တပ်ရင်းဆေးရုံ ဖွင့်ပွဲ အခမ်းနား ပြုလုပ်

ဇွန်လ (၅) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ကစယ်ဒို မြို့နယ် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၁၂) ၏ တပ်ရင်းဆေးရုံ ဖွင့်ပွဲ အခမ်းနားကို ၂၀၂၅ ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
တပ်ရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးထော၊ တပ်ရင်း(၁၂)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးနှင့် အခြားသော တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။