စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခလယ်လွီထူခရိုင် လယ်ယာစိုက်ပျိုးရေးဌါနမှ ဒေသခံပြည်သူများအတွက် လယ်ယာမြေတိုင်းတာခြင်း နှင့် မြေယာမှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများပြုလုပ်

မေလ (၁၇) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ လယ်ယာစိုက်ပျိုးရေးဌါန ဝန်ထမ်းများနှင့် ကျေးရွာအဆင့် မြေယာကော်မတီအဖွဲ့ဝင်များ ပူးပေါင်းပြီး ခလယ်လွီထူခရိုင် လယ်ဒို မြို့နယ် အတွင်းရှိ ထိုးဝါးစိုက်၊ ကျွန်းကြီး၊ ဟင်္သာဝိုင်း ၊ လိမ်ပင်ဝိုင်းဒိုင်နယ်အုပ်စု အစရှိသည့် ကျေးရွာ အုပ်စု (၄)အုပ်စုမှ ကျေးရွာပေါင်း (၉)ရွာ အတွင်းရျိ မြေပိုင်ရှင် (၉၉၁)ဦး၏ မြေနေရာ (၁၀၇၄) နေရာ မြေဧကပေါင်း (၇၃၄၂.၄၆)ဧကနှင့် မုန်းမြို့နယ်တွင် လယ်ကလား၊ ထီးလယ်ဘောထာ၊ စော်ခါဒဲဒိုင်နယ် အုပ်စု အစရှိသည့် ကျေးရွာအုပ်စု (၃)အုပ်စုမှ‌ ကျေးရွာပေါင်း (၁၅)ရွာ မြေပိုင်ရှင် (၂၄၅)ဦး မြေနေရာ (၃၀၄) နေရာ မြေဧကပေါင်း(၉၈၃.၃၃)ဧကကို ရိုးရာဓလေ့ မြေယာပိုင်ဆိုင်မှု များကို မြေတိုင်းတာခြင်းနှင့် မြေယာမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ စတင် ကွင်းဆင်း လုပ်ဆောင်ကာ ၂၀၂၅ ခုနှစ် မေလ (၃) ရက်နေ့တွင် လုပ်ဆောင်ပြီးစီးခဲ့သည်။

မြေတိုင်းတာခြင်းနှင့်မြေယာမှတ်ပုံတင်ခြင်း၏ ဓိကရည်ရွယ်ချက်မှာ ပျောက်ဆုံးနေသောဒေသခံ ပြည်သူလူထု၏ မြေယာပိုင်ဆိုင်မှုများ ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိစေပြီး အတည်တကျလုပ်ကိုင်နိုင်ရန် ရိုးရာဓလေ့မြေယာပိုင်ဆိုင်မှု များအားအသိအမှတ်ပြုအာမှတ်ခံချက်ရရှိစေရန်နှင့်ပြည်သူ့အုပ်ချုပ်မှု ယန္တရားများပေါ်ထွက်လာစေရန်အတွက်တို့ဖြစ်သည်။