စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

(Covid-19) ရောဂါကာကွယ်ရေးအတွက် အသိပညာပေးပွဲပြုလုပ်ခြင်း

၂၅ ၊ ၆ ၊၂၀၂၀ ။သူးလေသတင်းစဉ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ၊ တပ္မဟာ(၃) ၊ ဒေသခံလူမှုအဖွဲ့အစည်း များနှင့် ကေအဲန်ယူ-မုန်းမြို့နယ်တာဝန်ရှိသူများ ၊ ကရင့်ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများရေးရာ ကော်မတီ (CIDKP) တာဝန်ရှိသူများ ပူးပေါင်း၍ (Covid-19) ရောဂါကာကွယ်ရေး အသိပညာ ပေးပွဲများကို ၂၀၂၀ ခုနှစ် ၊ ဇြန္လ (၂၄) ရက်နေ့တွင် ကေအဲန်ယူ-မုန်းမြို့နယ်အတွင်းပြုလုပ်ခဲ့သည်။

ရောဂါကာကွယ်ရေးအသိပညာပေးပွဲများကို ကျေးရွာပေါင်း (၂၄) ရွာအား (၁၂) နေရာခွဲ၍ ပြုလုပ်ခဲ့ရာ လူဦးရေစုစုပေါင်း (၁၉၂) ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးပွဲတစ်နေရာတွင် လူဦးရေ (၁၆) ဦး တက်ရောက်ခွင့်ရှိသည်။ (Covid-19) ကမ္ဘာ့ကပ်ရောဂါ မိမိဒေသအတွင်း ဝင်ရောက်ကူးစက်မှု မရှိစေရန် ဆောင်ရန်ရှောင်ရန်အချက်များနှင့် ထုတ်ပြန်ချက်များအား သိရှိနားလည်ရန်နှင့် လိုက္နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းများပြုလုပ်ရခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် လက်ရှိနိုင်ငံရေးအခြေအနေအရ (NCA) စာချုပ်ပါအချက်အလက် ၊ ကတိကဝတ်များ ကို ကျေးရွာလူထုအား သိရှိနားလည်ပြီး ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ခေါင်းဆောင်များက (NCA) ပါအကြောင်းအရာများကို ပြည်သူလုထုထံသို့ ရှင်းလင်း အသိပညာပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ (Covid-19) ကပ်ရောဂါ မပပျောက်သေးသည့်အတွက် ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံး ညောင်လေးပင်ခရိုင် နယ်မြေအတွင်း ကူးစက်မှုမရှိစေရန် ၊ ကျေးရွာလူထုများ စားဝတ် နေရေးအခက်အခဲများနှင့် မကြုံတွေ့စေရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ညောင်လေးပင်ခရိုင် ခေါင်းဆောင်များ ၊ ဒေသခံလူမှုအဖွဲ့အစည်းများ နှင့် ဒေသခံ တာဝန်ရှိသူများ အကောင်းဆုံး ကာကွယ်ခြင်း ၊ ထောက်ပံ့ခြင်းအစီစဉ်များ ပြုလုပ်လျက်ရှိသည်။