စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင်၊ လေညာဘုတ်ပြင်း အထူးဒေသတွင် လူငယ္မ်ားအား ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး သင်တန်းပေး

၂၀၂၀၊ဇူလိုင်၊၁၁၊သူူးလေသတင်းစဉ်

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဘိတ်ထားဝယ်ခရိုင်၊ တပ္မဟာ(၄) လေညာဘုတ်ပြင်းမြို့နယ် အထူးဒေသ မြို့နယ်အခြေစိုက် KNLA-တပ်ရင်း (၂၀၃) ရုံးတွင် ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်တားဆီးရေး သင်တန်းကို မြို့နယ်ခေါင်းဆောင်များနှင့် ကျေးရွာဥက္ကဌများမှ ဦးဆောင်ပြီး ၂၀၂၀ခုနှစ် သြဂုတ်လ ၈ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ KNLA စစ်သည် မောင်မယ်(၃၀) ဦးနှင့် ဒေသခံ ကရင်လူငယ်များ စုစုပေါင်း (၁၂၀) ဦးခန့်တက်ရောက်ခဲ့သည်။

လေညာဘုတ်ပြင်း မြို့နယ်ဥက္ကဌ ပဒိုစောဆဲဂေ၊ မြို့နယ်အတွင်းရေးမှူး ပဒိုနော်ဝါးဝါး၊ KNLAတပ်ရင်းမှူး ဗိုလ်လေးသိန်း၊ ကျေးရွာအုပ်စုများ၏ ခေါင်းဆောင်များပူးပေါင်း၍ သင်တန်းဖြစ်မြောက်ရေးအတွက် ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပြီး နံနက် ၉နာရီမွ နေ့လည်၁၂နာရီ၊ နေ့လည်၁နာရီမှ ညေန၄နာရီအထိ ဆရာစဧရာဝင်း မွ သင်ကြားပို့ချပေးခဲ့သည်။

သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်မှာ ကော်သူးလေဥပဒေနှင့် မြန်မာအစိုးရဥပဒေ မ်ားအား ဒေသခံ ကရင်လူငယ်များ၊ ကရင့်အမျိုးသားရေး လှုပ်ရှားနေသော လူငယ်များအနေဖြင့် ဥပေဒကို သိရှိပြီး မိမိ အတွက် အကျိုးရှိရှိသုံးနိုင်ရန်၊ ဒေသတွင်း ဥပဒေနှင့် ပတ်သက်သော စိန်ခေါ်မှုများအား ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးနှင့် ပူးပေါင်းဖြေရှင်း သွားနိုင်ရန်ဖြစ်သည်။

ထို့အပြင်အနာဂါတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကရင်အမျိုးသား လုပ်ရှားမှုများတွင် ကရင်လူငယ်များ ထဲထဲဝင်ဝင် ပါဝင်လာနိုင်ရန်နှင့် လူငယ္မ်ား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိပြီး ရှောင်ရှားနိုင်ရန် ၄င်းသင်တန်းအား ပို့ချပေးရခြင်းဖြစ်သည်ဟု သင်တန်းဆရာ စဧရာဝင်းက သူးလေသတင်းစဉ်သို့ ပြောသည်။

သင်တန်းတွင် "ဥပဒေရေးရာတွေ အမျိုးသားရေးနဲ့ ပတ်သက်တာတွေက လူငယ်တွေနဲ့ လက်လှမ်းမမှီဘဲ အလှမ်းကွာနေတာ တွေ့ရတယ်" ဟုသင်တန်းဆရာ ဆရာစဧရာဝင်းက ပြောသည်။ ၄င်း၏ ဆက်လက်ပြောပြချက်အရ ယခုခေတ် လူငယ်များသည် စမတ်ဖုန်းများနှင့် ဂိမ်းများကိုသာ အဓိကထားလာကြပြီး ကရင်အမျိုးသား လက္ခဏာရပ်များ၊ ကရင့်သမိုင်းကြောင်းများ၊ ကရင်နေ့ထူးနေ့မြတ်များနှင့် ပတ်သက်၍ လေ့လာမှု အားနည်းသောကြောင့် သင်တန်းပို့ချ ဆွေးနွေးရာတွင် အခက်အခဲ အနည်းငယ်ရှိကြောင်း သိရပါသည်။

သင်တန်းတွင် ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါး အသိပညာပေး ခြင်းများအပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကြေငြာစာတမ်းတွင် ပါဝင်သော အချက်များ၊ ကေအဲန်ယူ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ ကရင့်သမိုင်းစသော အကြောင်းအရာများကိုလည်း ပို့ချခဲ့ကြောင်း သိရသည်။

အလားတူ သင်တန်းများကို ၂၀၁၄၊ ၂၀၁၅ခုနှစ်တွင် စတင်၍ မွန်၊ ကရင်၊ တနသာၤရီ၊ ပဲခူး စသောဒေသများတွင် တောက်လျှောက်ပြုလုပ်ခဲ့သည်။ ဘိတ်ထားဝယ်ခရိုင် ခေါင်းဆောင်များ၏ ဖိတ်ကြားခြင်းကြောင့် ယခင်နှစ်များတွင်လည်း ဥပေဒေရးရာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပက်သက်၍ သင်တန်းများပြုလုပ်ပေးခဲ့သည်ဟုသိရှိရပါသည်။