စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အစိုးရတို့ကြား လက်မှတ်ရေးထိုးထားသည့် (NCA) သဘောတူစာ ချုပ်အပေါ် ပြည်သူလူထု ပါဝင်မှု အားကောင်းလာစေရန် ကရင် လူမှုအဖွဲ့အစည်းမှ အသိပညာပေးခြင်း

အောက်တိုဘာလ (22) ရက်၊ ၂၀၂ဝခုနှစ်
သူးလေ သတင်းစဉ်
၂၀၂ဝခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင်  လူမှုအဖွဲ့အစည်းနှင့် (CIDKP) တို့ပူးပေါင်းပြီး ပြည်လူ ထုများကို လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အစိုးရတို့ကြား လက်မှတ်ရေးထိုးထားသည့် (NCA)စာချုပ် နှင့် ပတ်သက်သည့်သဘောတူညီချက် (Bilateral) အကြောင်းအရာများကို အသိပညာပေးရန် အစီ အစဉ်များချမှတ်ထားသည်။
အစီအစဉ်သည် နှစ်ဖက်အဖွဲ့အစည်းမှပတ်သက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လှုပ်ရှားမှုတွင် အပစ် အခတ်ရပ်စဲရေးမှစတင်ပြီး နိုင်ငံရေးသဘောတူညီချက်များအပေါ် ပြည်သူလူထုများက မည်သည့် အခန်းကဏ္ဍများတွင် ပါဝင်လှုပ်ရှားရမည်ကို သိရှိရန်နှင့်ပူးပေါင်းပါဝင်နိုင်ရန်ဖြစ်သည်။
အသိပညာပေးတွင် (NCA) စာချုပ်ပါ အခန်း(၃)၊ အပိုဒ်(၅)၊ အပိုဒ်ခွဲ (က)၊ (ဂ)၊ (ဃ) နှင့် နှစ်ဖက် အဖွဲ့အစည်းမှရရှိခဲ့သည့် (Bilateral) သဘောတူညီချက် (၁၁) ချက်ကို အဓိကထားပြီး ပို့ချသွား မည်ဖြစ်သည်။
အချိန်တည်းမှာပင်  ယခုလက်ရှိအခြေအနေအရ ပြည်သူလူထုများမှ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် မိမိကိုယ်ကို စနစ်တကျကာကွယ်ရန် နည်းလမ်းများကို လူမှုအဖွဲ့အစည်းမှ အသိ ပညာအပေးသွားမည်ဖြစ်သည်။
၎င်းအစီအဉ်ကို နှစ်ဖက်အစိုးရမှချမှတ်ထားသည့် Covid-19 စည်းမျဉ်းစည်းကမ်းနှင့် ကျေးရွာလူထု များမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီလုပ်ဆောင်သွားမည်ဖြစ်သည်။