စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ခရိုင်အဆင့် အပစ်အခတ်ရပ်စဲရေး/ခိုင်မာရေး ကော်မတီ နှစ်လတစ်ကြိမ် အစည်းအဝေး

နိုဝင်ဘာ၂၇ ရက်၊ ၂၀၂၀ ခုနှစ်၊ သူးလေသတင်းစဉ်

အပစ်အခတ်ရပ်စဲရေး/ခိုင်မာရေး ကော်မတီ အစည်းအဝေးကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရို်င၊ ကျောက်ကြီးမြို့နယ်၊ ဘုရားလေးကုန်းတွင် နိုဝင်ဘာလ ၂၅ ရက်မှ ၂၆ရက်နေ့အထိပြုလုပ်ခဲ့သည်။
၎င်းကော်မတီကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီဝင် စုစုပေါင်း (၇)ဦးပါဝင်ခဲ့သည်။
1. ဒုဗိုလ်မှူးကြီး စောအယ်ကလူဖိုး - ကော်မတီ ဥက္ကဋ္ဌ
2. ပဒို စောဟဲဂေ - အတွင်းရေးမှူး
3. ပဒို စောဆာဝါး - ကော်မတီအဖွဲ့ဝင်
4. ပဒို စောဟူးသော - ကော်မတီအဖွဲ့ဝင်
5. ပဒို ဘွဲဘွဲကျော် - ကော်မတီအဖွဲ့ဝင်
6. ပဒို နော်သောစေး - ကော်မတီအဖွဲ့ဝင်
7. ဗိုလ်မှူး စောအိုင်းဇက် - ကော်မတီအဖွဲ့ဝင်
၎င်းအဖွဲ့အစည်းကို စတင်ဖွဲ့စည်းပြီးနောက် မြို့နယ်အမြဲတမ်းကော်မတီ များသို့ အသိပညာပေးပြီး မြို့နယ်မှ တစ်ဆင့် ကျေးရွာအုပ်စုများသို့ တဆင့်ပြီးတဆင့် အသိပညာပေးပြီး ကော်မတီအဖွဲ့ဝင် (၅)ဦးနှင့် မှတ်တမ်းတစ်ဦးစီ ပြန်လည်ဖွဲ့စည်းခဲ့သည်။
"အစည်းဝေးပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အလုပ်ခွင်တွင် ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများ အားနည်းချက် အားသာချက်များ၊ ပြည်သူလူထုများ မည်သည့်အခက်အခဲပြဿနာများ ရှိသည်ကို ပြန်လည်ဆန်းစစ်ခြင်း နှင့် သုံးသပ်ခြင်းများ၊ ကျွန်တော်တို့၏နယ်မြေအတွင်းတွင် ဖြစ်ပျက်နေသည့်အရာအားလုံးသည် မြေယာပြဿနာကြောင့် ပြည်သူလူထုများ ၏ ထိခိုက်နစ်နာမှုများ၊ အကြမ်းဖက်မှုများကြောင့် ပြည်သူလူထုများသေဆုံးရခြင်း၊ အကြောင်းအမျိုးမျိုးများအားလုံးကို မှတ်တမ်းအပြည့်အစုံရရှိရန်၊ ယနေ့မျက်မှောက်ကာလတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် နိုင်ငံရေးပြဿနာများကို လူအများသိရှိရန်နှင့် နောင်တွင် ယခုလိုပြဿနာများ မရှိစေရန်အတွက် ခိုင်မြဲအောင် ပြုလုပ်ခြင်း၊ ပြည်သူလူထုများ အတိတ်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ပြဿနာများကို အနာဂတ်တွင် မဖြစ်စေရန်အတွက် သိသင့်သိထိုက်သောသူများကို အသိပညာပေးခြင်းများ ၎င်းတို့ကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း ဖြစ်သည်ဟု" ကော်မတီ ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး စောအယ်ကလူဖိုးမှ ပြောသည်။
ဆက်လက်ပြီး "အပစ်အခတ်ရပ်စဲရေး/ ခိုင်မာရေးလုပ်ငန်းကို လုပ်ဆောင်နေစဉ် ကြုံတွေ့ရသည့် အခက်အခဲပြဿနာများနှင့် အကျိုးရလဒ်များမှာ လူထုနှင့်အတူလုပ်ဆောင်နေရသောကြောင့် လူထုပါဝင်မှု ပိုမိုအားကောင်းလာခြင်း၊ လူထုမှ နိုင်ငံရေးလုပ်ငန်းစဉ်ကို ပိုမိုနားလည်သဘောပေါက်ခြင်း၊ အထောက်အကူပြုမှု ပိုမိုအားကောင်းလာခြင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကို ပိုမိုနားလည်လာခြင်း၊ အခြေအနေကို ပိုမိုသဘောပေါက်နားလည်လာခြင်း၊ အဖွဲ့အစည်းနှင့် လူထုပြန်လည်ချည်းကပ်လာခြင်း အကျိုးကျေးဇူးများ ရရှိသည်၊ စစ်တပ်မှ စောင့်ကြည့်ခြင်းနှင့် နှောင့်ယှက်ခြင်းများခံရခခြင်း၊ ပြီးတော့ Covid-19 ရောဂါကြောင့် ကိုယ်လုပ်ချင်သလိုမလုပ်ဆောင်နို်ငခဲ့သည်များ ရှိသည်ဟု"၎င်းက ယခုလိုပြောကြားခဲ့သည်။
အစည်းအဝေးကိုတက်ရောက်လာသော ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ဘလောခိုကျေးရွာအုပ်စု အတွင်းရေးမှူး စောအယ်စတားမှ ယခုလိုပြောကြားခဲ့သည်။
"အစိုးရနှင့် ကေအဲန်ယူအဖွဲ့အစည်း နှစ်ခုမှ NCA စာချုပ် သဘောတူညီမှုကြောင့် ပြည်သူလူထုမှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ အပစ်အခတ်တိုက်ခိုက်ရပ်စဲရေးကြောင့် ဘဝလုံခြုံမှု ရရှိလာသည်ဟု ပြည်သူလူထုမှယုံကြည်လာသည်။ နှစ်ဖက်အစိုးရမှ ပြုလုပ်သော အပစ်အခတ်တိုက်ခိုက်ရပ်စဲရေးအကြောင်းကို ကျေးရွာလူထုများကို ပြန်လည်ရှင်းပြ မျှဝေရာတွင် လူထုမှစိတ်ကျေနပ်မှု၊ ဝမ်းသာမှုရှိသည်ကို တွေ့ရသည်။ နောက်တခုက လူထုမှ အပစ်အခတ်တိုက်ခိုက်ရပ်စဲရေးကာလတွင် အစိုးရမှ ဖွံ့ဖြိုးတိုးတက်မှုအတွက်၊ လမ်ပန်းဆက်သွယ်ရေးအတွက် (CDD) အစီအစဉ်ကို ရရှိရန် တောင်းဆိုလာကြတယ်။ ကျွန်တော်တို့က အဲဒီအတွက် မစဉ်းစားသေးနဲ့လို့ပြောထားတယ် ပထမဦးဆုံးစဉ်းစားရမှာက ငြိမ်းချမ်းရေးအခိုင်အမာ ရှိပြီလား ရှိရင် ဖွံ့ဖြိုးရေးက တဆင့်ပြီးတဆင့်တက်လာလိမ့်မယ်၊ အစိုးရမှ ပေးသောမက်လုံးတွေကို မလိုချင်ကြနဲ့လို့ပြောထားတယ်။ နောက်တစ်ခုက အစိုးရမှ ရွှေကျင်မြို့နယ်ကျန်းမာရေးအဖွဲ့က ကျွန်တော်တို့ရဲ့ကျေးရွာကို ပိုလီယိုကာကွယ်ဆေးထိုးပေးရန်လာကြတယ်။ သို့သော် ကျွန်တော်တို့ရဲ့ ကေအဲန်ယူ ကျန်းမာရေးဌာနဆက်ဆံရေးရုံးကို မည်သည့်တစ်စုံတစ်ရာမျှ အကြောင်းကြားခြင်း၊ နှစ်ဖက်သဘောတူထောက်ခံစာ မရှိသည့်အတွက် ကျွန်တော်တို့မှ လက်မခံခဲ့ပါ။"ဟု သူက ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက "အစိုးရနှင့် ကေအဲန်ယူ နှစ်ဖက်အစိုးရမှ ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေး/ခိုင်မာရေးကို အကောင်းဆုံးလို့ ကျွန်တော်မြင်တယ် ဘာဖြစ်လို့လဲဆိုတော့ လက်နက်စစ်ဆင်ရေးတွေ မရှိတော့သည့်အတွက်ဖြစ်တယ်။ အရင်က ကျေးရွာလူထုက အများကြီးကြောက်ရတယ်၊ တပ်က မသင်္ကာလျှင် သတ်ဖြတ်ကြတယ်၊ စိုးရိမ်ကြောင့်ကြရတယ်၊ အခုတော့ နှစ်ဖက်အစိုးရက တွေ့ဆုံကြပြီး အပစ်အခတ်ရပ်စဲရေး/ခိုင်မာရေး စာချုပ်ကို ချုပ်ဆိုကြတယ်၊ ကျေးရွာလူထုမှ ဘဝလုံခြုံမှု ရှိလာတယ်၊ ညအချိန်မှာ ငြိမ်းချမ်းစွာ သွားလာခွင့်ရလာတယ်။ အစိုးရ သို့မဟုတ် ကေအဲန်ယူ ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ကျေးရွာအဆင့်မှ တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး/ခိုင်မာရေးကို ပိုပြီးခိုင်မာအောင် ပြုလုပ်စေချင်တယ် ဘာဖြစ်လို့လဲဆိုတော့ ထာဝရငြိမ်းချမ်းရေးကို ကျွန်တော်တို့အလိုမရှိဘူး အပစ်အခတ်ရပ်စဲရေး/ခိုင်မာရေးကိုပဲ အလိုရှိတယ်။" လို့ ၎င်းကပြောကြားခဲ့သည်။
ဆက်လက်ပြီးတော့ ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ အင်းဗလာကျေးရွာအုပ်စု၊ တက်ရောက်လာသော လူထုကိုယ်စားလှယ် တီးအေးခိုင်ကို မေးမြန်းပြီး ယခုလိုပြန်လည်ဖြေကြားခဲ့သည်။
" ကေအဲန်ယူက NCA လမ်းကြောင်း နှင့်ပတ်သက်လျှင် အားပေးတယ်၊ လူထုတွေကလည်း အကုန်လုံးပါဝင်တယ်၊ ဒါပေမယ့် အစည်းအဝေး၊ သင်တန်း၊ အသိပညာပေးတို့ပြုလုပ်လျှင် လူထုတွေက တက်ရောက်ဖို့ အကြောက်ကြတယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒီအစည်းအဝေး၊ ဒီသင်တန်း၊ ဒီအသိပညာပေးကို တက်ရောက်လျှင် တပ်မတော်က သူတို့ကို စောင့်ကြည့်တာတို့၊ မှတ်သားထားတာတို့ ပြုလုပ်မှာကို ကြောက်ကြတယ်။ ကျွန်တော်တို့ကျေးရွာအုပ်စုက အစိုးရအုပ်ချုပ်နယ်မြေ ပိုများတာကြောင့်ဖြစ်တယ်။ တစ်ခုခုဖြစ်လာလျှင် သူတို့ကို အရေးယူမှာကြောက်ကြတယ်။ အခုလုပ်တာက ပြည်သူလူထုအတွက်လုပ်တာဖြစ်တယ် လူထုက NCA လမ်းကြောင်းကို အကုန်လုံးသိရမယ်၊ ကျွန်တော်က လူထုကိုယ်စားပြုတက်ရောက်လာရတဲ့အတွက် ပြန်လည်ပြီးရှင်းပြရတာဖြစ်တယ်။ ကေအဲန်ယူက NCA လမ်းကြောင်းအတိုင်း သွားတယ်၊ စစ်တပ်က အမှားမိလုပ်လျှင် ဖြစ်စေ၊ ကေအဲန်ယူ လက်နက်ကိုင်အဖွဲ့က အမှားလုပ်မိလျှင်ဖြစ်စေ လူထုက တင်ပြရတယ်၊ လူထုက အဖွဲ့နှစ်ဖွဲကို ပြန်ပြီးထိန်းချုပ်ရတယ် အဲဒီနှစ်ဖွဲ့က အမှားလုပ်မိလျှင် ပြန်ပြီးထောက်ပြရတယ်၊ လူထုအတွက်ပြုလုပ်တာဖြစ်တဲ့အတွက် အမှန်မှန်က NCA အတိုင်းဆိုလျှင် နှစ်ဖက်စလုံးက အကောင်အထည်ဖော်ရမှာ ဖြစ်တယ် သို့သော် အစိုးရဘက်က ဘာကိုမှ အကောင်အထည်မဖော်သေးဘူး ကေအဲန်ယူဘက်က လူထုအခွင့်အရေးတွေရရှိဖို့အတွက် မြေယာနဲ့ပတ်သက်တဲ့အခွင့်အရေးဖြစ်စေ၊ လူထုတွေရဲ့ခံစားချက်တွေကို ပြန်လည်တင်ပြခွင့်ရှိတယ် လျှော်ကျေးအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးဖြစ်စေ စတဲ့အရာတွေကို စားရင်းပြုစုပေးပြီး အကောင်အထည်ဖော်လုပ်ဆောင်နေတာတွေရှိတယ်။ ကျွန်တော်တို့က လူထုတွေကိုပိုပြီးပြန်လည်ရှင်းပြမယ် ပြီးတော့ စည်းစည်းလုံးလုံးနဲ့ လုပ်စေချင်တယ်" ဟု ပြောတယ်။
ဆက်လက်ပြီး အစည်းအဝေးကို တက်ရောက်လာသော ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ကရင်လူမှုရေးရာကော်မတီ စောစိပတရယ် အား ယခုလိုပြောကြားခဲ့သည်။
"ကျွန်တော်တို့ ကရင်လူမှုရေးရာအဖွဲ့က ကျေးရွာသို့ NCA စာချုပ်ပါအချက်အလက်များနှင့် အပစ်အခတ်ရပ်စဲရေး/ခိုင်မာရေးအကြောင်းကို အသိပညာပေးရာတွင် မည်သည့်အခက်အခဲပြဿနာများ မရှိပါဘူး ဒါပေမယ့်တစ်ခုတော့ရှိတယ် ပြည်သူလူထုက နိုင်ငံရေးနှင့်ပတ်သက်ပြီး ဘာကိုမှနားမလည်တာရှိတယ် သို့သော် ကျွန်တော်တို့က တဖြည်းဖြည်းဆွဲခေါ်သွားရမယ်။ အရေးကြီးဆုံးက NCA စာချုပ်နဲ့ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းက ဘာတွေကို သဘောတူညီထားတာလဲဆိုတာ လူထုက သိရှိပြီး နားလည်သဘောပေါက်လျှင် လူထုအတွက်၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပိုပြီးတော့ အကျိုးရှိလာမယ်။ အဲဒါကြောင့် လူထုတွေရဲ့ခေါင်းထဲကို ဒါတွေကို ရိုက်ထည့်ဖို့ နှစ်ကြိမ်သုံးကြိမ် သွားပြီး အသိပညာပေးတွေလုပ်တယ်။ COVID-19 ရောဂါကြောင့် Covid-19 စည်းမျည်းစည်းကမ်းအတိုင်း လုပ်ဆောင်ရတာဖြစ်လို့ တစ်ကြိမ်လျှင် လူဦးရေ အကန့်အသတ်နဲ့ ခေါ်ဆောင်ရတာဖြစ်လို့ စိတ်ကျေနပ်မှုတော့ မရှိဘူးပေါ့။ ကျွန်တော်တို့ အသိပညာပေးတွေကို စလုပ်ပြီးကတည်းက လူထုတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်လာတယ်။ တချို့တွေဆို ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ကြတယ်။ ဒီအပစ်အခတ်ရပ်စဲရေး/ခိုင်မာရေးဟာ အရေးအကြီးဆုံးလို့ ကျွန်တော်မြင်တယ် ဘာဖြစ်လို့လဲဆိုတော့ ယခုပြည်တွင်းအခြေအနေဟာ ပြည်သူလူထုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းပြီလို့မြင်တယ်။ ကျွန်တော်တို့က ပြည်တွင်းငြိမ်ချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးသဘောတူညီချက်တွေ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေဟာ လူထုအတွက် အာမခံချက်မရှိသေးဘူး၊ တည်ငြိမ်မှုမရှိသေးဘူးလို့ လူထုတွေကို ချပြရတယ်။ အဲဒါကြောင့် ဒါဟာအရေးအကြီးဆုံးမို့ ကျွန်တော်တို့က နိုင်ငံငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး/ခိုင်မာရေးနှင့် ပတ်သက်ပြီး သိသင့်သိထိုက်တယ်၊ ပူးပေါင်းပါဝင်သင့်တယ်၊ တွန်းအားပေးသင့်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူထုက မပါမဖြစ်ဘူးလို့ ကျွန်တော်တို့က အဲလိုခံယူထားတယ်။ ဒါတွေလုပ်ဆောင်နေတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ခြေလှမ်းတစ်လှမ်းသာ ရှိသေးတယ် ဒါပေမယ့် အာမခံချက်ရှိသော၊ တည်ငြိမ်မှုရှိသော လူထုဘဝလုံခြုံမှုအတွက် မည်သည့်တစ်စုံတစ်ရာကိုမျှ အကောင်အထည်ဖော်လုပ်ဆောင်သေးတာ မရှိတဲ့အတွက် လူထုတွေက ယနေ့မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေတွေကို တိတိကျကျ သဲသဲကွဲကွဲ သိရှိနားလည်သဘောပေါက်လျှင် သူတို့တွေနဲ့လက်တွဲပြီး လုပ်ဆောင်ရမှာ ပိုပြီးတော့လွယ်ကူမှာဖြစ်တယ်လို့" ပြောကြားခဲ့သည်။