စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ကမ္ဘာ့အမျိုးသမီးများနေ့၌ အမျိုးသမီးရွာသူကြီးများကို ဂုဏ်ပြုခြင်း အစီအစဥ်

၉ မတ်လ ၂၀၂၁ ခုနှစ်
ကေအဲန်ယူ - ဖားအံခရိုင် ကရင်အမျိုးသမီးအဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်လျက်ရှိသော ၁၁၀ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများနေ့အခမ်းအနားကို ဖားအံခရိုင် ပိုင်ကျုံမြို့နယ် တာကရားကျေးရွာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤ ၁၁၀ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများနေ့ အစီအစဥ်မှာ ဖားအံခရိုင် ကရင်အမျိုးသမီးအဖွဲ့အစည်းမှ စစ်ရေး ပဋိပက္ခ တိုက်ပွဲကာလအတွင်းမှာ အမျိုးသားများအစား ကျေးရွာသူကြီး လုပ်ကိုင်ခဲ့သော အမျိုးသမီးများကို ဂုဏ်ပြုခဲ့ကြပါသည်။ ထို့ပြင် ဖားအံခရိုင် ကရင်အမျိုးသမီးအဖွဲ့အစည်း၏ ခေါင်းဆောင်ဟောင်းများကိုလည်း ဂုဏ်ပြုခဲ့ကြပါသည်။ ထိုအမျိုးသမီးများသည် စစ်အစိုးရနှင့်ရင်ဆိုင်ခဲ့ရသော်လည်း မကြောက်မရွံ့ ဘဲ ရဲရဲဝံ့ဝံ့ဖြင့် မိမိ၏ ကျေးရွာနှင့် ရွာသူရွာသားများကို ကာကွယ်စောင့်ရှောက်ခဲ့သောကြောင့် ကရင်အမျိုးသမီးအဖွဲ့အစည်းမှ ထိုအမျိုးသမီးများကို တိုင်းပြည်နှင့်လူမျိုးအတွက်ကိုယ်ကျိုးစွန့်သူ နှင့် ကျရာတာဝန်ကို ရဲဝံ့စွာ ထမ်းဆောင်သူများအဖြင့် အသိအမှတ်ပြုခဲ့ကြပါသည်။ ဖားအံခရိုင် မြို့နယ် ၄ ခုအတွင်းမှာ ဂုဏ်ပြုချီးမြင့်ခြင်းခံရသော အမျိုးသမီးပေါင်း ၅၃ ဦးရှိသည်။ အစီအစဥ်မှာ ကရင်ရိုးရာ ဒုံးရင်းအက တင်ပြမှုလဲရှိခဲ့ပြီး ဖားအံခရိုင် ခရိုင်တွဲဘက်အတွင်းရေးမှူး ပဒို စောလေးတော ၊ မြို့နယ် ၄ မှ ခေါင်းဆောင်များနှင့် ဖားအံခရိုင်မှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ဤ ဖားအံခရိုင် ကရင်အမျိုးသမီး အဖွဲ့အစည်းမှ ဦးစီးကျင်းပသော ၁၁၀ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးများနေ့ အခမ်းအနားကို လူဦးရေ ၁၀၂၀ တက်ရောက် ဂုဏ်ပြုခဲ့ဘကပါသည်။