စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး နှင့် ဒေသခံကရင်လူငယ်စွမ်းရည်မြင့်တင်ရေး‌ ကော်မတီများ ပူးပေါင်းဦးဆောင်ပြီး ကရင်လူငယ်ချစ်ကြည်ရေးနှင့် လူငယ်စွမ်းရည်မြှင့်တင်ရေး ရက်တိုသင်တန်း ကျင်းပ ပြုလုပ်ခဲ့

ဧပြီလ (၂၈) ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလား မြို့နယ်၊ ပုလောကျေးရွာအုပ်စုအတွင်း၂၀၂၅ခုနှစ် ဧပြီလ (၂၁) ရက်နေ့ မှ (၂၅)ရက်နေ့အထိ မြိတ်ထားဝယ်ခရိုင်ကရင်လူငယ်အစည်းအရုံး နှင့် ဒေသခံကရင်လူငယ်စွမ်းရည်မြင့်တင်ရေးကော်မတီများ ပူးပေါင်းဦးဆောင်ပြီး ကရင်လူငယ်ချစ်ကြည်ရေး နှင့် လူငယ်စွမ်းရေမြှင့်တင်ရေး ရက်တိုသင်တန်း ရက်တို သင်တန်း ကို ပြုလုပ်ကျင်းပခဲ့ပါသည်။
အစီစဉ်တွင် ကရင်လူမျိုးဖြတ်သန်းလာခဲ့ရသည့် ခေတ်အဆက်ဆက် သမိုင်းအကျဉ်းနှင့် လက်ရှိနိုင်ငံရေး အခြေနေ၊ လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့်အမျိုး သားရေးတာဝန်၊ လူငယ်နှင့်မူးယစ်ဆေးဝါးပြသနာ၊ ဖယ်ဒရယ်အခြေခံအကြောင်းအရာများ အား သင်ကြားဆွေးနွေးပို့ချခဲ့ကြသည်။
ထို့အပြင် လူငယ်ချစ်ကြည်ရေးပြိုင်ပွဲအမျိုးမျိုးများဖြစ်သော လူငယ်အမျိုးသားဘော်လုံးအားကစား ပြိုင်ပွဲ၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ ညအစီအစဉ်တွင် စကားဆက်ပြောပြိုင်ပွဲ၊ စကားလု‌ပြောပြိုင်ပွဲ၊ အမျိုးသား တစ်ကိုယ်တော်သီချင်းဆိုပြိုင်ပွဲ၊ အမျိုးသမီး တစ်ကိုယ်တော်သီချင်းဆိုပြိုင်ပွဲ၊ စုံတွဲသီချင်းဆို ပြိုင်ပွဲ၊ Group Songs သီးချင်းပြိုင်ပွဲ များပြုလုပ်ကျင်းပခဲ့ပါသည်။
ဤလူငယ်ချစ်ကြည်‌ရေးနှင့် လူငယ်စွမ်းရေမြှင့်တင်ရေး ရက်တိုသင်တန်းတွင် လယ်မူလားမြို့နယ်၊ အောင်ပူ (အင်ဖုံး) ကျေးရွာအုပ်စု နှင့် ပုလော‌ ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း(၂၃)ရွာ လူငယ် ခေါင်းဆောင် များ စုစုပေါင်း (၁၂၅)ယောက် တက်ရောက်ခဲ့ပါသည်။