စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

ကော်သူးလေသစ်တောဌာန နှစ်ပတ်လည် အစည်းအဝေးကျင်းပပြုလုပ်ပြီးစီး

၂၀၂၅ ခုနှစ်၊ဧပြီလ (၁၉) ရက်၊ ကေအဲန်ယူ-ဗဟို။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေဗဟိုသစ်တောဌာနတွင် ကော်သူးလေသစ်တောဌာနမှ ၂၀၂၅ ခုနှစ် ဧပြီလတွင် နှစ်ပတ်လည် အစည်းအဝေးကို (၄)ရက်တာ ပြုလုပ်ခဲ့သည်။
ကော်သူးလေသစ်တောဌာန နှစ်ပတ်လည် အစည်းအဝေးတွင် ခရိုင်(၇)ခု ဌာနတာဝန်ရှိသူများ၊ ဗဟိုသစ်တောဌာန တာဝန်ရှိသူများ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များ၊ သက်ဆိုင်ရာဌာနမှူးများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပြီး ဗဟို၊ ခရိုင်များ၏ အစီရင်ခံစာများ တင်ပြခြင်း၊ မူဝါဒများနှင့် ချမှတ်ခဲ့သည့်လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း စသည့်တို့ကို ဆွေးနွေးခဲ့သည်။