စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ညောင်လေးပင်ခရို်င၊ ကျောက်ကြီးမြို့နယ်တွင် နွရောသီ English Speaking သင်တန်းကို ကြောက်ရွံ့မှုများအကြား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့

၂၀၂၁ခုနှစ်၊ မေလ(၆)ရက်။ သူးလေသတင်းစဉ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ကွီးလာကျေးရွာအုပ်စု၊ ပယ်ဖိုးခီးကျေးရွာတွင် နွရောသီ English Speaking သင်တန်းကို ဧပြီလ (၂၈)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ (၂)ပတ်ကြာ ပြုလုပ်ခဲ့သည်။ ၎င်းသင်တန်းကို သင်တန်းဆရာ(၂)ဦး သင်ကြားပို့ချပြီး သင်တန်းသား (၂၃)ဦးတက်ရောက်ခဲ့သည်။

သင်တန်းပေးချိန်တွင် အာဏာသိမ်းစစ်အုပ်စုမှ လေယာဉ်ဖြင့် လာရောက်ပျံဝဲခြင်း ပြုလုပ်ကြသောကြောင့် ကြောက်ရွံ့ခြင်းရှိသော်လည်း သင်တန်းကို ပြီးဆုံးသည်အထိ ပြုလုပ်နိုင်ခဲ့သည်။ "ကလေးများ English Speaking စကေးများ ပို၍တတ်မြောက်ရန်၊ ခေတ်နောက်မကျစေရန် နှင့် တတ်မြောက်ထားသည့်ပညာကို နောက်မျိုးဆက်သစ်ဆီသို့ ပြန်လည်မျှဝေရန် ဤသင်တန်းကို ပေးရခြင်းဖြစ်သည်။ ယခင်နှစ်များလည်း ယခုလိုသင်တန်းမျိုး ရှိခဲ့သောကြောင့် ယခုနှစ်လည်း နောက်မကျစေရန် ပြုလုပ်ရခြင်းဖြစ်သည်။ ယခုလို သင်တန်းပေးရခြင်းမှာ ကိုယ့်လူမျိုးအတွက် အကျိုးပြုခြင်း တစ်ခုဖြစ်သည်။" ဟု သင်တန်းပေးဆရာ မှ ယခုလိုပြောသည်။