စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ဒုတိယအကြိမ် ထီးဘလား ကရင်လူငယ်အစည်းအရုံး ကွန်ဂရက်

၂၀၂၁ ခုနှစ်၊ မေလ (၂၆) ရက် သူးလေသတင်းစဉ်
၂၀၂၁ ခုနှစ် မေလ (၂၅) ရက် ဗုဒ္ဓဟူးနေ့ တွင် ထီးဘလား အုပ်စု ကရင်လူငယ်အစည်းအရုံး မှ (၂) ကြိမ်မြောက် ညီလာခံ ကို ဆောအိုခီး ကျေးရွာ အလယ်တန်းကျောင်းတွင် နံနက် (၇း၃၀) နာရီ မှ စတင် ကျင်းပခဲ့ပါသည်။ ထီးဘလား ကျေးရွာအုပ်စု ကရင်လူငယ်အစည်းအရုံး ၏ ဥက္ကဋ္ဌ ကို ရွေးချယ်တင်မြှောက်ရာတွင် စောကြာငါး မှ အရွေးချယ် ခံခဲ့ရပါသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှာ ချမှတ်ထားသော လမ်းစဉ်၊ လုပ်ငန်းစဉ်များ ရှိထားသည့်အတိုင်း ကျေးရွာအုပ်စု အဆင့်တွင် (၂)နှစ် လျှင်တစ်ကြိမ် ညီလာခံ ကျင်းပရမည် ဖြစ်သဖြင့် ညီလာခံ ကျင်းပပြီး ယခု ဥက္ကဋ္ဌ သည် ၂၀၂၁ မှ ၂၀၂၃ ခုနှစ် အထိ အုပ်စု တစ်ခုလုံး၏ ကရင်လူငယ်ရေးရာ အဝဝ ကို ဦးဆောင် တာဝန်ယူ ရမည် ဖြစ်ပါသည်။
အဆိုပါ ညီလာခံ သို့ လုပ်ငန်းအုပ်စု (၂) မှ တချို့၊ တပ်ရင်း(၁) မှ တပ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ၊ မြို့နယ် စည်းရုံးရေးနှင့်ပြန်ကြားရေး တာဝန်ခံများ၊ မြို့နယ် ကရင်လူငယ်အစည်းအရုံး၊ မြို့နယ် ကရင်အမျိုးသမီး အစည်းအရုံး၊ ကျေးရွာအုပ်စု ခေါင်းဆောင်များ တက်ရောက်ချီးမြှင့် ခဲ့ကြပြီး ထီးဘလားအုပ်စု ကျေးရွာ (၄)ရွာ မှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ဦး ခန့်တက်ရောက် ပါဝင်ခဲ့ပါသည်။ နံနက် (၇း၃၀) နာရီတွင် စတင်သော ညီလာခံသည် ညနေ (၄း၃၀) နာရီ ခန့်တွင် အောင်မြင်စွာ ပြီးမြောက် ခဲ့ပါသည်။