စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

လယ်ခလော်ထာကျေးရွာ မူလတန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်း

ဇွန်လ (၂၅) ရက်၊ ၂၀၂၁ ခုနှစ်။
လယ်ခလော်ထာကျေးရွာသည် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ် အတွင်းတည်ရှိပြီး ဇွန်လ ၂၅ ရက် ၂၀၂၁ ခုနှစ် နံနက် ၉း၃၀ မိနစ်အချိန်တွင် မူလတန်းကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
လွန်ခဲ့သော ၁၉၇၄ ခုနှစ်တွင် နိုင်ငံရေးအခြေအနေအဖက်ဖက်ကြောင့် ကလေးများပညာသင်ကြားနိုင်ရေးအတွက် ကြိုးစားအားထုတ်ခဲ့ပေမဲ့ မရရှိခဲ့ကြောင်းသိခဲ့ပါသည်။ ၂၀၁၆ ခုနှစ်အတွင်းမှာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ၃ လအထိသာ သင်ကြားရပြီး ပြန်လည်ရပ်ဆိုင်းထားခဲ့ရပါသည်။
လယ်ခလော်ထာကျေးရွာတွင် ကျောင်းအတည်တကျ တည်ရှိနိုင်ရန်အတွက် ကျေးရွာလူကြီး၊ ကေအဲန်ယူ-ဒေသခေါင်းဆောင်များမှ အဖွဲ့အစည်းသို့ အကြောင်းကြားစာရေးသားတင်ပို့ခဲ့သည်ကို ကျေးရွာဥက္ကဌ ဦးသိန်းမြင့်က ပြောကြားခဲ့ပါသည်။
"ကျေးရွာအတွင်း အိမ်ခြေများလာသည့်အတွက် ကလေးငယ်များ ပညာသင်ကြားရမည့် အခွင့်အရေးဆုံးရှုံးမှုမရှိစေရန် ကျေးရွာခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများမှ ကေအဲန်ယူ အဖွဲ့အစည်းသို့ အကူအညီတောင်းခံပြီး ကျေးဖွင့်နိုင်ရန် တောင်းဆိုတင်ပြခဲ့တယ်။ တောင်းဆိုမှုကို အဖွဲ့အစည်းမှ လက်ခံခဲ့သည့်အတွက် ယနေ့ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်။"
လယ်ခလော်ထာကျေးရွာတွင် အိမ်ခြေ (၂၀) ရှိပြီး ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း (၂၀) ဦးနှင့် သင်ကြားသည့် ကျောင်းဆရာမ ၃ ဦးရှိသည်။©
"ယခုအချိန်မှာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် ရပ်ဖိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကလေးငယ်များ နှင့်အတူ ကျောင်းဆရာမတစ်ယောက်အနေဖြင့် ကျွန်မလည်းအလွန်ဝမ်းသာပီတိဖြစ်မိပါတယ်။ ဤအခြေအနေကို ကြည့်ခြင်းအားဖြင့် ပညာရေးကို အားပေးအားမြောက်ရှိတယ်" ဟု ဆရာမ ဒေါ်သဂီခိုင် ထပ်မံပြောကြားခဲ့ပါသည်။
ဤကြောင်းပြန်လည်ဖွင့်လှစ်ခြင်းအစီအစဉ်တွင် ကေအဲန်ယူ-ဆောထိမြို့နယ်ကိုယ်စား ပဒိုစောနယ်ကလယ်မူ၊ တပ်ခွဲ(၂) ဒုခွဲမှူး စောဖိုးပန်းရွှေ၊ ကျေးရွာဥက္ကဌ ဦးသိန်းမြင့် နှင့် ကျောင်းကော်မတီမှ အားပေးစကားများ ပြောကြားခြင်းအစီအစဉ်ပါရှိပါသည်။
၂၀၂၁ ခုနှစ်တွင် ကျောင်းဖွင့်နိုင်ခဲ့ပေမဲ့ စာသင်ကျောင်းအဆောက်အဦးနှင့် ကျောင်းဆက်စပ်ပစ္စည်းများ မပြည့်စုံသဖြင့် ဘုန်းကြီးကျောင်း၏ ဓမ္မာရုံအတွင်း၌သာ သင်ကြားနေရသည်။ နောင်လာမည့်နှစ်အတွင်းမှာ စာသင်ကျောင်းအဆောက်အဦးတည်ဆောက်ရန် ရည်ရွယ်ထားပါသည်။
ကျောင်းဆရာအခက်အခဲကြောင့် ကျောင်းဆရာမ ၂ ဦးသာဆောထိမြို့နယ်မှ ခန့်ထားပေးပြီး တစ်ဦးမှာ ကျေးရွာခန့်ဖြစ်သည်။ လယ်ခလော်ထာကျေးရွာသည် ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန KECD မှ ထုတ်ပြန်ထားသည့် သင်ရိုးညွန်းတမ်းအတိုင်း သင်ကြားပို့ချခြင်းဖြစ်သည်။