စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-မုန်းမြို့နယ်အတွင်းကျွန်းပင်များကိုစုပေါင်းစိုက်ပျိုးခြင်း

ဇူလှိုင် (၂) ရက်၊ ၂၀၂၁ခုနှစ်

သူလေးသတင်းစဉ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်, မုန်းမြို့နယ်အတွင်း ဇူလှိုင်လ (၁) ရက်နေ့မှစ၍ (၂) ရက်နေ့အထိကျွန်းပင်များကိုစိုက်ပျိုးခဲ့သည်။

ကေအဲန်ယူ-မုန်းမြို့နယ် သစ်တောဌာနမှ ဉီးစီးကာ ဌာနဆိုင်ရာအဖွဲ့ဝင်များ ၊KNLAတပ်ဖွဲ့များနှင့်အတူဒေသခံ ပြည်သူများ စုစုပေါင်းလူဉီးရေ (၂၀၀)ခန့် တို့သည် ကေအဲန်ယူ-မုန်းမြို့နယ်အတွင်း ဘင်ဗြဲကြိုးဝိုင်းအတွင်းကျွန်းပင်(၁၀၀၀)ပင်ခန့်နှင့် မုန်းပဒါးကြိုးဝိုင်းအတွင်းရှိ မင်းတဲနေရာနှင့် ထီးလယ်ဘောထာ နေရာတို့တွင် ကျွန်းပင်(၃၅၀၀) ပင်ခန့်စုစုပေါင်း ကျွန်းပင် (၄၅၀၀) ပင်ခန့်စိုက်ပျိုးခဲ့သည်။

ကေအဲန်ယူ-မုန်းမြို့နယ်အတွင်း ကျွန်းပင်များကိုနှစ်စဉ်စိုက်ပျိုးလျှက်ရှိပြီး ယခင်နှစ်များတွင် သစ်ပင်ရေ(၁၂၀၀၀)ပင် ခန့်စိုက်ပျိုး ခဲ့ပြီးကျွန်းနှင့် အခြားသစ်ပင်များလည်း ပါဝင်သည်ဟု လည်းသိရပါသည်။