စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ပြည်သူ့ကျန်းမာရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် KNU ဒူးပလာယာခရိုင်မှ ကျန်းမာရေးသင်တန်းပေး

စက်တင်ဘာ ၁၂ ရက်၊ ၂ဝ၂၁ ခုနှစ်။ ဒူးပလာယာ
KNU- ဒူးပလာယာခရိုင်အတွင်း ပြည်သူလူထုများ၏ ကျန်းမာရေးကို ပိုမိုကူညီဆောင်ရွက်ပေးနိုင်ရန် အခြေခံကျန်းမာရေးသင်တန်းတစ်ခုကို ကရင့်ကျန်မားရေးနှင့် ကယ်ဆယ်ရေးဌာန လက်အောက်ခံ Community Healt Worker- CHW လူထုကျန်းမာရေးလုပ်သားအဖွဲ့မှ ဦးဆောင်ပြီး သင်တန်းဖွင့်လှစ်ပေးနေကြောင်း သင်တန်းဆရာများထံမှ သိရသည်။

ဆေးဘက်ဆိုင်ရာပညာရပ်နှင့် ခွဲစိပ်ကုသရေးဆိုင်ရာ ဆေးပညာဘာသာရပ်များကို သင်ကြားပေးလျှက်ရှိပြီး ဒေသအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်နိုင်ရန် လုပ်ဆောင်ရမည့် လုပ်ငန်းများပါ သင်ကြားပို့ချပေးနေသည်ဟု သိရသည်။

" ပြည်သူတွေအားလုံးရဲ့ ကျန်းမာရေးအခက်ခဲတွေကို ကူညီဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပြီးပြုလုပ်တာပါ။ ခွဲစိပ်မှုဘာသာရပ်တွေ သဘာဝဘေးကျရင် ဘယ်လိုဆောင်ရွက်ရမလဲအစ သင်ပေးတယ်ပေါ့နော်။ ဆေးစပ်နည်း၊ ကုသနည်း ဆေးကုထုံးနည်းတွေကို လက်ဆင့်ကမ်းသင်ပေးတော့ လူထုအားလုံး ကျန်းမာရေးအတွက် ပိုမိုဆောင်ရွက်ပေးနိုင်မယ်လို့ မျော်လင့်ထားပါတယ်" ဟု ကျန်းမာရေးသင်တန်းဆရာတစ်ဦးက ဒူးပလာယာခရိုင်သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖွင့်လှစ်သည့် လူထုကျန်းမာရေးသင်တန်းကို KNU ကရင့်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနမှ ဦးဆောင်သင်ပေးနေကြောင်း သိရသည်။
သင်တန်းပြီးဆုံးပါက ဒေသအသီးသီးရှိ ကျေးရွာနေလူထုများ၏ ကျန်းမာရေးကဏ္ဍပ်များကို များစွာ ကူညီထောက်ပံပေးနိုင်မည်ဖြစ်သည် ဟု သင်တန်းတက်ရောက်သူတစ်ဦးက ပြောသည်။
KNU ဒူးပလာယာခရိုင်တွင် ဇွန်လမှစပြီး ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ကျေးရွာအသီးသီးတွင် လူထုကျန်းမာရေး လိုအပ်ချက်များရှိလာသည့်အတွက် KNU အနေဖြင့် လူထုများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန် ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်သည်ဟု သိရသည်။