စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

အခြေခံစားသောက်ကုန်အဖြင့် ဆန်များကို တစ်အိမ်ထောင်လျှင် (၁) တင်းနှုန်းဖြင့် လိုက်လံ လှူဒါန်း

၂၀၂၁ ခုနှစ်။ စက်တင်ဘာလ ၁၄ ရက်
ကိုဗစ်ရောဂါကပ်ဆိုးကြီး ကာလနှင့် လက်ရှိနိုင်ငံရေး မတည်ငြိမ်မှု အခြေအနေများကြောင့် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ကျေးလက်နေ အခြေခံလူတန်းစားများအတွက် ညောင်လေးပင်ခရိုင် ဒေသခံကရင် အရပ် ဖက်လူမှုရေးရာ အဖွဲ့မှ အခြေခံစားသောက်ကုန်အဖြင့် ဆန်များကို တစ်အိမ်ထောင်လျှင် (၁) တင်းနှုန်းဖြင့် လိုက်လံ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ကိုဗစ်ရောဂါကပ်ဆိုးနှင့် နိုင်ငံရေးအခြေအနေကြောင့် သွားလာလုပ်ကိုင်ရှာဖွေစားသောက်မှု ခက်ခဲကျပ်တည်းနေသော အခြေခံလက်လုပ်လက်သားများနှင့် နေ့စားအလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာသည့်အတွက် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့များက ဦးဆောင်က အလှူရှင်များ၏ အကူအညီဖြင့် တပိုင်တနိုင် လိုက်လံလှူဒါန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တစ်အိမ်ထောင်လျင် (၁) တင်းနှုန်းဖြင့် လှူဒါန်းခဲ့ရာ အိမ်ခြေပေါင်း (၁၀၀၀) လောက်ကူညီလှူဒါန်းခဲ့ရသည်ဟု ညောင်လေးပင်ခရိုင် ကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့သည်။