စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင် ၏ ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများ ကော်မတီ (CIDKP) မှ လော်မူသော၊ လော်မူပယ် စစ်ဘေးရှောင်ပြည်သူများ အတွက် စားနပ်ရိက္ခာ စီစဉ်ဆောင်ရွက်ပေး


ကေအဲန်ယူ-ဗဟို။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် နယ်မြေ ၌ စက်တင်ဘာလ (၂၂) ရက်နေ့ မှ (၂၄) ရက်နေ့ အထိ (၄) ရက် အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ တပ်ရင်း (၉) နှင့် အာဏာသိမ်းစစ်ကောင်စီ တပ်များ ဖြစ်သော ခမရ-၃၄၉၊ ခမရ-၅၉၀၊ ခမရ-၅၉၉ တို့ အကြား တိုက်ပွဲ (၉) ကြိမ် ဖြစ်ပွားခဲ့သောကြောင့် လော်မူသော၊ လော်မူပယ် ကျေးရွာများ မှ ဒေသခံ မိဘပြည်သူများ အနေဖြင့် တောကြိုတောင်ကြား သို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်ရမှုများ အပေါ် ညောင်လေးပင်ခရိုင် ခေါင်းဆောင်များ မှ ညောင်လေးပင် ခရိုင်၊ ကရင်ပြည်တွင်းနေရပ်စွန့်ခွာကော်မတီ (CIDKP) အား ထွက်ပြေးတိမ်းရှောင်သူများ အတွက် ကူညီ စီစဉ် ဆောင်ရွက်ပေးနိုင်ရန် တာဝန်ပေးအပ် ခဲ့ပါသည်။ ထို့ကြောင့် စက်တင်ဘာလ (၂၈) ရက်နေ့ တွင် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသူများ အတွက် ကရင်ပြည်တွင်းနေရပ်စွန့်ခွာကော်မတီ (CIDKP) မှ ဆန်အိတ် (၂၆) အိတ် ကို ကူညီပေးလှူခဲ့ပါသည်။ ကရင်ပြည်တွင်းနေရပ်စွန့်ခွာကော်မတီ မှ လော်မူသော၊ လော်မူပယ် ကျေးရွာ ၏ ထွက်ပြေးတိမ်းရှောင်နေရသူများ ကို စုစည်းပြီး နောက်တစ်ကြိမ် ထပ်မံ ကူညီထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်ထား ပါသည်။

လော်မူသော၊ လော်မူပယ် နေရပ်စွန့်ခွာ မိဘပြည်သူများအား ထောက်ပံ့ကူညီရန် အတွက် ပြည်တွင်းပြည်ပ မျိုးချစ်ကရင်လူငယ်များ စုစည်းပြီး ပေးလှူငွေများ ကို ဗဟို၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ သတင်းနှင့် ပြန်ကြားရေး ဌာနခွဲ မှ တဆင့် ပေးပို့လာပြီး ညောင်လေးပင်ခရိုင် ကရင်ပြည်တွင်း နေရပ်စွန့်ခွာ သူများ ကော်မတီ (CIDKP) ၏ တာဝန်ရှိသူများ ထံသို့ လွဲပြောင်းပေးခဲ့သည်။

ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများ ကော်မတီ (CIDKP) ကို ၁၉၉၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ စစ်အာဏာရှင်များ မှ ကရင့်တော်လှန်ရေးနယ်မြေ အတွင်း စစ်မျက်နှာဖော်ဆောင်လာမှု များ ကြောင့် ဒုက္ခ ဆင်းရဲ အခက်အခဲများစွာ ကို ကြုံတွေ့နေရသော ဒေသခံပြည်သူများ ကို ကူညီစောင့်ရှောက် ကြည့်ရှုရန် ဗဟို၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် တည်ထောင်ပေးခဲ့ခြင်း မိဘပြည်သူများ အတွက် အကောင်းဆုံး ကူညီဆောင်ရွက်ပေး နေဆဲ ဖြစ်ပါသည်။

အဆိုပါ ကော်မတီ သည် ဗဟို၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် ဖွဲ့စည်းထားရှိပါသည်။ ခရိုင်-တပ်မဟာ တိုင်းတွင် စစ်အာဏာရှင် စစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ဒေသခံ မိဘပြည်သူများ ဆင်းရဲ ကြပ် တည်း နေကြ ရသော အချိန်ကာလတွင် တတ်နိုင်သည့် ဘက်မှ အကူအညီ အထောက်အပံ့များ ကို ရှာဖွေ ပေးခဲ့သည်မှာ စတင် တည်ထောင်ခဲ့သည့် ၁၉၉၈ ခုနှစ် မှ ယနေ့ အထိပင် ဖြစ်ပါ သည်။