စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၏ (၃၄)ကြိမ်မြောက် အခြေခံဆေးသင်တန်းဆင်းပွဲအ ခမ်းအနား


၁၀-၁-၂၀၂၂ ကေအဲန်ယူ ဗဟို
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၏ (၃၄)ကြိမ်မြောက် အခြေခံဆေးသင်တန်းဆင်းပွဲအ ခမ်းအနားကို ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေထိန်း ချုပ်နယ်မြေ ကေအဲန်ယူဗဟိုစစ်ဌာ ချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခြေခံဆေးသင်တန်းဆင်းပွဲအခမ်းအနားသို့ ကေအဲန်ယူဗဟိုမှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ဗဟိုအလုပ်မှုဆောင်ကော် မတီဝင် ပဒိုနော်ဒါးဒါး၊ဗဟို တရားသူကြီးချုပ် ပဒို နော်မြိုင်ဖိုး ၊ကေအဲန်ယူ ဗဟိုကျန်းမာရေးဌာနမှူး ပဒို စောဒိုင်းမွန်ခင်၊ ဘားအံခရိုင်ဥက္ကဌ ပဒို စောအောင်မော်အေး၊ KNLA ဗဟိုစစ်ဌာနချုပ်မှ စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါ်၊ လေ့ကျင့်ရေးအရာရှိ ဗိုလ်မှူးကြီး မန်းကြာယုံ၊ ဆေးတပ်ခွဲမှ ဗိုလ်မှူးကြီး နော်စေးဒေးကဲ ၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ဆေးသင်တန်းသူ သင်တန်းသားများတက်ရောက်ကြပါတယ်။
တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း ၊ ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေး၊ စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါ်၊ ဗိုလ်မှူးကြီး နော်စေးဒေးကဲတို့မှ အားပေးစကားအသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် ဆေးသင်တန်းသား ဆေးသင်တန်းသူများကို ဆေးသင်တန်းပြီးဆုံးကြောင်းလက်မှတ်နှင့် ဆုရရှိကြသူများကို ဆုများအသီးသီးပေးအပ်ခဲ့ကြပါသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အနေဖြင့် အခြေခံဆေးသင်တန်းကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါသည်။