စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ခရိုင်များ

ကေအဲန်ယူ-ဒူးသထူခရိုင်၏ (၁၂)ကြိမ်မြောက် ကွန်ကရက် ကျင်းပပြီးစီး

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်၊ ဒူးသထူခရိုင်။

ကရင်အမျိုးသားအစည်းအရုံး-ဒူးသထူခရိုင်၏ (၁၂)ကြိမ်မြောက် ကွန်ကရက်ကို ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်း၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှ ဇန်နဝါရီ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ကရက်သို့ ကေအဲန်ယူ-ဗဟိုမှခေါင်းဆောင်များ၊ ဒူးသထူ ခရိုင်၊ တပ်မဟာမှခေါင်းဆောင်များ၊ မြို့နယ် (၄)ခုနှင့် မော်စကိုအထူးဒေသမှ ခေါင်း ဆောင်များ၊ တက်ရောက်လေ့လာသူများ စုစုပေါင်း (၁၀၀)ဦးကျော် တက်ရောက်ခဲ့သည်။

ကေအဲန်ယူ-ဒူးသထူခရိုင်၏ ၁၂ ကြိမ်မြောက် ကွန်ကရက်တွင် နောက်ထပ် ၄ နှစ်တာကာလ ခရိုင်အတွင်း ဦးဆောင်ရမည့် ခေါင်းဆောင်များကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ဒူးသထူခရိုင် (၁၂) ကြိမ်မြောက် ကွန်ကရက်တွင် ရွေးချယ်တင်မြောက်ခြင်းခံရသော ခရိုင်ခေါင်းဆောင်များမှာ--

၁။ ပဒိုစောစိုးမြင့် (ဥက္ကဌ)
၂။ ဗိုလ်ချုပ် စောစိုးမြင့်ထွေး (ဒုဥက္ကဌ)
၃။ ပဒိုစောအေးနိုင် (အတွင်းရေးမှူး)
၄။ပဒိုစောကော်သဘလေး (တွဲဖက်အတွင်းရေးမှူး)
၅။ ပဒိုစောဘရင် (တရားသူကြီး) တို့အပြင် ဌာနဆိုင်ရာ အသီးသီးအတွက် ခေါင်းဆောင်များကိုလည်း ရွေးခြယ်ခန့်အပ်ခဲ့ကြသည်။

ကွန်ကရက်တွင် ကေအဲန်ယူ-ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ပဒိုစောကလယ်စေးမှ ကရင်တစ်မျိုးသားလုံး၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိစေရန် ဒူးသထူခရိုင်ခေါင်းဆောင်များအနေဖြင့် စည်းစည်းလုံးလုံး လုပ်ကိုင်ဆောင်ရွက်ရန်၊ အမျိုးသားရေးအတွက် တာဝန်ထမ်းဆောင်ရာတွင် ယခင်ကထက် နှစ်ဆတိုးမြှင့်လုပ်ဆောင်သွားရန်၊ ပြည်သူလူထု၏အကျိုးကို သယ်ပိုးထမ်းရွက်ရာတွင်လည်း အစည်းအရုံးနှင့် ပြည်သူလူထုကြားတွင် နားလည်မှုအပြည့်ဖြင့် လုပ် ဆောင်သွားရန် ခရိုင်ခေါင်းဆောင်များအား တိုက်တွန်းလမ်းညွှန်ပြောကြားခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်အတွင်း ကျစ်လစ်ခိုင်မာစွာဖြင့် အစည်းအရုံး၏ ရည်ရွယ်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဥ်များကိုလည်း ကွန်ကရက်၌ ရေးဆွဲချမှတ်ခဲ့ကြသည်။