စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဗဟိုဌာနချုပ်

KNU - အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒို မန်းရှာလားဖန်း ကျဆုံးခြင်း ၁၄ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနား


၁၄ ဖေဖော်ဝါရီ ၂၀၂၂ ကေအဲန်ယူ - ဗဟို
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျရောက်သော ၁၄ နှစ်မြောက် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒို မန်းရှာလားဖန်း ကျဆုံးခြင်း ၁၄ နှစ်မြောက် အခမ်းအနားကို ပဒို မန်းရှာလားဖန်း၏ အုတ်ဂူတည်ရှိရာနေရာ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ အာဇာနည် ဗိမာန် ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၅း၃၀ မိနစ်အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစီအစဉ်တွင် အခမ်းအနားမှူး အနေဖြင့် ဗိုလ်မှူးကြီး - မန်းကြာယုံ မှ ဆောင်ရွက်ပြီး အခမ်းအနား အစီအစဉ်ကို ဗိုလ်မှူးကြီး မန်းကြာယုံ မှ ဦးဆောင်၍ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက် ပြည်သူလူထုများကို အလေးပြုခြင်း အစီအစဉ်ဖြင့် အခမ်းအနား အစီအစဉ် ကိုစတင်ခဲ့ပါသည်။ ထို့နော် အဖွင့်အမှာစကားကို ဗိုလ်မှူးကြီး - နော်စေးဒေးကဲ မှ ပြောကြား ပြီး ထိုမှတဆင့် ပဒို မန်းရှာလားဖန်း၏ လုပ်ဖော်ကိုင်ဖက်များနှင့် ခေါင်းဆောင်များမှ ပဒို မန်းရှာလားဖန်း၏ အတ္ထုပ္ပတိ နှင့် သူ၏ ဘဝဖြတ်သန်းမှုနှင့်ပတ်သက်သော ဂုဏ်ပြုစကား ပြောကြားမှု အစီအစဉ်တွင် ပဒို စောသမိန်ထွန်း ( ကေအဲန်ယူ - ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ) မှ ပဒို မန်းရှာလားဖန်း၏ ဘဝဖြတ်သန်းမှုဖြစ်စဥ်ကို ပြောကြားခဲ့သည့်အပြင် ပဒို စောလှထွန်း ( ကေအဲန်ယူ - တွဲဘက်အထွေထွေအတွင်းရေးမှူး - ၂ ) မှ ပဒို မန်းရှာလားဖန်း၏ နိုင်ငံရေးအမြော်အမြင် ၊ တော်လှန်ရေး အပေါ် ခံယူချက် နှင့် သဘောထား များကို ပြောကြားပြီး၊ ဗိုလ်မှူး စောရောလေမှလည်း ပဒို မန်းရှာလားဖန်း၏ တော်လှန်ရေးအပေါ် ခံယူချက်များကို ပြောကြားခဲ့ပါသည်။

ထို့နောက် ပဒို မန်းရှာလားဖန်း ရေးသားခဲ့သော ကဗျာကို အခမ်းအနားမှူး ဗိုလ်မှူးကြီး မန်းကြာယုံ မှ ဂုဏ်ပြု ဖတ်ကြားပြီး တစ်ဦးကိုတစ်ဦး နှုတ်ဆက်ဆက်ကြခြင်းဖြင့် အခမ်းအနား အစီအစဉ် ကို ရုတ်သိမ်းခဲ့ပါသည်။ ဤ ၁၄ နှစ်ပြည့် ပဒို မန်းရှာလားဖန်းကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို KNU - KNLA တပ်ဘက်ဆိုင်ရာ အကြီးအကဲ ခေါင်းဆောင်များ၊ ကေအဲန်ယူ - အုပ်ချုပ်ရေးဘက်ဆိုင်ရာ အကြီးအကဲ ခေါင်းဆောင်များ၊ ကေအဲန်ယူ - ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ကရင်လူငယ်အစည်းအရုံးမှ ခေါင်းဆောင်များ၊ ဒေသအသီးသီးမှ ကရင်လူငယ်များနှင့် ဒေသခံ ပြည်သူလူထုများတို့ တက်ရောက်ခဲ့ပြီး စုစုပေါင်း လူဦးရေ ( ၂၀၀ ) ကျော်ခန့် အခမ်းအနားကို တက်ရောက် ဂုဏ်ပြု ခဲ့ကြပါသည်။