စာတို

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ကရင်တစ်မျိုးသားလုံး လိုလားသော အမျိုးသားရေး မျှော်မှန်းချက် ပန်းတိုင်ဆီသို့"  

  "ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲမှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆီသို့"  

  • English
  • Karen
  • Myanmar

အသေးစိတ် အချက်အလက်များ

ဌာနများ

အာဏာသိမ်းစစ်ကောင်စီ၏ သေ့ဘော့ဘိုးအခြေစိုက် တပ်စခန်းအားသိမ်းယူခြင်း။


၂၀-၅-၂၀၂၂ ကေအဲန်ယူ ဗဟို
အာဏာသိမ်းစစ်ကောင်စီတပ်ရင်းများဖြစ်သည့် သေ့ဘော့ဘိုးအခြေစိုက် ခလရ- ၃၂ နှင့် ခမရ - ၅၅၉ သည် တပ်စခန်းအနီးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ မကြာခဏ အကြောင်းမဲ့ ပစ်ခတ်လေ့ရှိပြီး တပ်စခန်းအနီးအနားသို့ သွားလာနေကြသော ရွာသူ ရွာသားများအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ အမြဲတစေပြုလုပ်လုပ်လျက်ရှိပါသည်။ ထိုကဲ့သို့ ပစ်ခတ်မှု များကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းများရှိခဲ့ပါသည်။ ထိုစခန်း အနီးတဝိုက်ရှိ ရွာသူရွာသားများမှာလည်း ဘဝလုံခြုံမှုမရှိတော့ပဲစိုရိမ်ထိတ်လန့်စိတ်များစွာဖြင့်နေထိုင် အသက်ရှင်နေရပါသည်။ ထိုအကြောင်းအရာများကို ရွာသူရွာသားများမှ မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )၏ နယ်မြေခံတပ်များဆီသို့ အကြောင်းကြားအသိပေး လာသောကြောင့် မိမိတို့မှ ထိုစခန်းအား သိမ်းယူရန် စီစဉ်ခဲ့ရပါသည်။
ထိုစခန်းကို သိမ်းယူရန် ဦးဆောင်သူများမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ(၆)လက်အောက်ခံ တပ်ရင်း (၂၇)၊တပ်ခွဲ(၂)မှ ဒုခွဲမှူး ဗိုလ်ဒါ့ဘော(လက်ရှိ Cobra စစ်ကြောင်း၏ စစ်ကြောင်းမှူး)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)မှ ဗိုလ်အယ်စေးဝါး တို့ဖြစ်ကြပါသည်။ ထိုစခန်းအား ၁၇.၅.၂၀၂၂ ည၉) နာရီမှ (၁၂) နာရီအထိ လက်နက်ကြီး များဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ၁၈.၅.၂၀၂၂ နံနက် ၉ နာရီ အချိန်တွင် စခန်းသိမ်းတိုက်ပွဲစတင်ဆင်နွှဲခဲ့ပြီး ညနေ(၄)နာရီအချိန်တွင် စခန်းအားအောင်မြင်စွာသိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ပါသည်။
ထိုစခန်းအား ရှင်းလင်းစဉ် အာဏာသိမ်းစစ်ကောင်စီ၏ ဒုရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်း အလောင်းငါးလောင်းအားတွေ့ရှိရပါသည်။ ထိုစခန်းသိမ်းတိုက်ပွဲအတွင်းတွင် အာဏာ သိမ်း စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊တပ်သားနှစ်ဦးတို့ကို အရှင်ဖမ်း ဆီးရမိပြီး နောက်တစ်နေ့ နံနက်တွင် နောက်ထပ် စစ်ကောင်စီတပ်သားတစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ ထိုစခန်းသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုင်းပြည် နှင့် လူမျိုးအတွက် (၃) ဦးအသက်စွန်ခဲ့ ရပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ထိုစခန်းသိမ်း တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိသောလက်နက် ပစ္စည်းများမှာ ၈၁ မမ တာဝေး စိန်ပြောင်း (၁)လက်၊ ၆၀ မမ တာဝေးစိန်ပြောင်း(၁)လက်၊ MA -10 အမျိုးအစား RPG (၁) လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ MG - 3 စက်လတ်(၁)လက်၊ MA - 2 (၄)လက်၊ MA - 3 (၂) လက်၊ MA - 5 (၁)လက် ၊ ၆၀ မမ ဗုံးသီး (၁၀)လုံး၊ ၈၁ မမ (၁၄) လုံး၊ RPG ဗုံးသီး (၄၆)လုံး၊ ယမ်းတောင့် (၁၆)တောင့်၊ တိုက်မိုင်း (၅)လုံး၊ ကျည်ကာ အင်္ကျီ (၃)ထည်၊ နင်းမိုင်း အကြီး(၃)လုံး၊ နင်းမိုင်းအသေး(၅)လုံး၊ အချက်ပြ သေနတ်(၂)လက်၊ ဒရုန်း(၁)စီး၊ မှန်ဘီလူး(၂)လက်၊ ကျည်ကာဦးထုပ်(၄)လုံး၊ ကျည်ဘောက်(၂၇)ခု၊ ဆက်သွယ်ရေးစက် TS-2000 (၁) ခု၊ သံလိုက်အိမ်မြှောင်(၁)ခု၊ မြေပုံ(၁)ချပ်၊ မိုင်းရှာစက်(၁)ခု၊ လျို့ဝှက်စာရွက် စာတမ်း (အစုံ)၊ ဆက်သွယ်ရေးစက် ဘက်ထရီ(၁)ခု၊ စက်လတ်ကျည်ခါးပတ်တွဲ (၁)ခု၊ ၅.၅၆ ကျည် (၃၀၀၀)တောင့် ခန့်၊ ၇.၆၂ ကျည် (၄၀၀၀) တောင့်ခန့်၊ အချက်ပြကျည်(၁၀)တောင့်၊ ဆက် သွယ်ရေး စက် အသေး(၁)လုံး၊ ဂျန်မာစက် (၁) လုံး တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
အာဏာသိမ်းစစ်ကောင်စီတပ်စခန်းအား တက်ရောက်နေချိန် ကာလတစ်လျှောက် အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ ATR - 42 အမျိုးအစား ကင်းထောက်လေယာဉ်ဖြင့် ပျံဝဲလျက်ရှိပြီး မှော်ဘီ နှင့် တောင်ငူ ရှိ အကြမ်းဖက်စစ်ကောင်စီ လေတပ်စခန်းများမှ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်ခဲ့သည့် လေယာဉ်အမျိုးအစားများမှာ အမောင်းသင် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂) စီး၊ဗုံးကြဲ လေယာဉ် အမျိုးအစား K-8 (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 (၁) စီး ဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုပေါင်း (၃၅) ကြိမ် ပြုလုပ်ခဲ့ ပါသည်။
ထိုစခန်းအား တိုက်ခိုက်သိမ်းပိုက်ရရှိပြီးသည့်နောက်တွင် မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ရွာ သူရွာသား များ အေးချမ်းတည်ငြိမ်စွာ ပြန်လည်နေထိုင်စားသောက်နိုင်ရန် နယ်မြေ ရှင်းလင်းရေးများ ပြုလုပ်ဆောင်ရွက်နေပါသည်။